ဓာတုလက်နက်တားဆီးရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး ထားတဲ့
မြန်မာနိုင်ငံအနေနဲ့ စာချုပ်ပါအချက်အလက်တွေကို မဖြစ်မနေ
လိုက်နာရေးစာချုပ်ကို အတည်ပြုလတ်မှတ်ရေးထိုးဖို့ ဆောင်ရွက်နေတယ်လို့
မြန်မာအစိုးရက ပြောပါတယ်။
ဧပြီ ၂၉ ရက်မှာ ကျရောက်တဲ့ ဓာတုစစ်ပွဲကြောင့် ထိခိုက်ခံရတဲ့
ဓားစာခံတွေကို သတိရတဲ့ အထိမ်းအမှတ်နေ့မှာ ကုလသမဂ္ဂ အထွေထွေ
အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဂျွန်အက်ရှ်(Ashe)
တို့က မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ၆ နိုင်ငံကို ဓာတုလက်နက်တားဆီးရေး
သဘောတူညီချက်မှာ လက်မှတ်ရေး ထိုးပြီး စာချုပ်ပါအချက်အလက်တွေကို
မဖြစ်မနေလိုက်နာ အကောင်ထည်ဖော်နိုင်ဖို့အတွက် အတည်ပြုလက်မှတ်ရေးထိုးဖို့
တိုက်တွန်းလိုက်တာကို သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်က
တုံ့ပြန်ပြောဆိုလိုက်တာပါ။
၁၉၉၃ ခုနှစ်ကတည်းက မြန်မာက ဓာတုလက်နက်တားဆီးရေး
သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပေမယ့်လည်း စာချုပ်ပါ
အချက်အလက်တွေကို မဖြစ်မနေလိုက်နာ အကောင်ထည်ဖော်နိုင်ဖို့ စာချုပ်ကို
အတည်ပြု လတ်မှတ်ရေးထိုးဖို့ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။
ဒီစာချုပ်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးရင်တော့
ဓာတုလက်နက်ပစ္စည်းတွေနဲ့ စက်ရုံတွေလို့ သံသယရှိတဲ့နေရာတွေကို ကုလသမဂ္ဂက
ဝင်ရောက်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
ဒီစာချုပ်မှာ အဖွဲ့ဝင် ၁၉၀ နိုင်ငံပါဝင်နေသလို စာချုပ်ကို
အတည်ပြုလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေက ဓာတုလက်နက် စမ်းသပ်တာ၊
ထုတ်လုပ်တာ၊ သိမ်းဆည်းထားတာ သိုလှောင်ထားတာ၊ ထိန်းသိမ်းတာ၊ အသုံးပြုတာ၊
လဲပြောင်းတာတွေကို တရားမ၀င်လုပ်ရပ်အဖြစ် တားမြစ်ထားပါတယ်။
အင်ဂိုလာ၊ အီဂျစ်၊ အစ္စရေး၊ မြောက်ကိုးရီးယားနဲ့ တောင်ဆူဒန်
တို့ဟာလည်း ကောင်ဗင်းရှင်းမှာ လက်မှတ်ရေး ထိုးဖို့ ဒါမှမဟုတ်ရင်
စာချုပ်ပါအချက်အလက်တွေကို မဖြစ်မနေလိုက်နာ အကောင် ထည်ဖော်နိုင်ဖို့အတွက်
အတည်ပြုလတ်မှတ်ရေးထိုးဖို့ ဘန်ကီးမွန်း တိုက်တွန်းခဲ့တဲ့ နိုင်ငံတွေလည်း
ဖြစ်ပါတယ်။
၂၀၁၃ သြဂုတ်လ ၁၅ မှာပြည်သူ့လွှတ်တော်နဲ့
အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့တဲ့
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေကြမ်းကို
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
http://burmese.dvb.no/archives/56041
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။