မြန်မာနိုင်ငံထဲမှာ BMW ကားတွေ ဖြန့်ချိရောင်းချဖို့ တဦးတည်း
ကိုယ်စားလှယ် ရထားတဲ့ Prestige အော်တိုမိုဘိုင်းကုမ္ပဏီဟာ နေပြည်တော်မှာ
ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ တခြား အာဆီယံအစည်းအဝေးတွေမှာ
နိုင်ငံခေါင်းဆောင်တွေ စီးဖို့ BMW ကားအစီး ၇၀ ပံ့ပိုးပေးခဲ့ပါတယ်။
BMW ကုမ္ပဏီဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေအတွင်း ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဆန်းမစ်အစည်းအဝေးပွဲတွေတုန်းကလည်း ခုလိုပဲ ကားတွေ ကူညီထောက်ပံ့ပေးခဲ့ဖူးပါတယ်။
http://burmese.dvb.no/archives/55996
ဒီကားတွေကို
မေ ၄ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန မှာ
ကျင်းပတဲ့ BMW ကားအစီး ၇၀ လွှဲပြောင်းတဲ့ အခမ်းအနားမှာ အာဆီယံထိပ်သီး
အစည်းအဝေး ကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီအတွင်းရေးမှူး ညွှန်ချုပ်
ဦးတင်ထူးက လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။
ပံ့ပိုးပေးတဲ့ ကားတွေထဲမှာ BMW 7 Series, 5 series Sedan နဲ့
BMW X5 Sports Activity Vehicle အမျိုးအစားကားတွေ ပါဝင်တယ်လို့ သိရပါတယ်။
BMW ကုမ္ပဏီဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေအတွင်း ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဆန်းမစ်အစည်းအဝေးပွဲတွေတုန်းကလည်း ခုလိုပဲ ကားတွေ ကူညီထောက်ပံ့ပေးခဲ့ဖူးပါတယ်။
http://burmese.dvb.no/archives/55996
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။