ဘရူနိုင်းတွင် အစ္စလာမ္မစ် ပြစ်မှုဆိုင်ရာ ဥပဒေ စတင်ကျင့်သုံး

DVB

ဘုရင်စနစ်ကျင့်သုံးတဲ့ ဘရူနိုင်းမှာ မေ ၁ ရက်နေ့ကစလို့ အစ္စလာမ္မစ် ပြစ်မှုဆိုင်ရာ ဥပဒေကို စတင်ကျင့်သုံးပြီ ဖြစ်လို့ အရှေ့တောင်အာရှဒေသမှာ တင်းကျပ်တဲ့ဥပဒေကို ပထမဆုံး ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

ဥပဒေကို အဆင့် ၃ ဆင့် ကျင့်သုံးသွားမယ်လို့ ဘရူနိုင်းဘုရင် ဆူလတန် ဟာဆန်နယ်လ် ဘိုကီးယားက ကြေညာပါတယ်။
ဘရူးနိုင် ဘုရင် ဆူလတန် ဟာဆန်နယ် ဘိုကီးယား (ဓာတ်ပုံ ရိုက်တာ)
ဘရူးနိုင် ဘုရင် ဆူလတန် ဟာဆန်နယ်ဘိုကီးယား (ဓာတ်ပုံ ရိုက်တာ)
မေ ၁ ရက်နေ့မှာ စတင်မယ့် ပထမဆင့်အရ သောကြာနေ့ ၀တ်ပြုတာကို ပျက်ကွက်ရင်၊ တရားဝင် လက်မထပ်ဘဲ ကိုယ်ဝန်ဆောင်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ နောင်နှစ်နှောင်းပိုင်းမှာ ကျင့်သုံးမှာ ဖြစ်ပြီး ပိုပြီး တင်းကျပ်တဲ့ အပြစ်ပေးတာတွေ ပါဝင်ပါတယ်။

ခိုးမှုနဲ့ လူမြင်ကွင်းမှာ အရက်သေစာ သောက်စားရင် ခြေလက်ဖြတ်တောက်တာနဲ့ ကြိမ်ဒဏ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

နောင်နှစ်နှောင်းပိုင်းမှာပဲ တတိယအဆင့် ကျင့်သုံးတဲ့အခါ အိမ်ထောင်ရေးဖောက်ပြန်ရင်၊ တိရစ္ဆာန်တွေနဲ့ လိင်ဆက်ဆံရင်၊ ကိုရမ်ကျမ်းနဲ့ တမန်တော်ကို စော်ကားရင် သေတဲ့အထိ ကျောက်တုံးတွေ ပစ်ပေါက်ပြီး ဒဏ်ပေးတဲ့နည်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ရေနံနဲ့ ဓာတ်ငွေကြွယ်ဝတဲ့ ဘရူနိုင်းမှာ ရွေးကောက်ပွဲ မရှိပေမယ့် လူတွေ ၀င်ငွေ မြင့်မားတာ၊ ၀င်ငွေခွန် ကင်းလွတ်တာနဲ့ အခမဲ့ ပညာရေးနဲ့ ကျန်းမာရေး ၀န်ဆောင်မှုကို ဘုရင်က ထောက်ပံ့တာကြောင့် အသက် ၆၇ နှစ်အရွယ် ဘုရင်ကြီးနဲ့ နိုင်ငံရေးစနစ်အပေါ် ဝေဖန်တာ မရှိသလောက်ပါပဲ။

ဒါပေမယ့် ဥပဒေပြဋ္ဌာန်းချက်တွေ အများစုဟာ မွတ်စလင်မဟုတ်သူတွေအပေါ်မှာလည်း အကျုံးဝင်မှာ ဖြစ်လို့ ရေနံလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အနောက်တိုင်းသား အလုပ်သမားတွေနဲ့ ထောင်ပေါင်းများစွာသော တရုတ်နွယ်ဖွား ဘရူနိုင်းတွေနဲ့ ခရစ်ယာန်ဘာသာဝင် ဖိလစ်ပိုင်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဘရူနိုင်းနိုင်ငံမှာ ၂၀ ရာခိုင်နှုန်းသော လူဦးရေဟာ အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ ခရစ်ယာန်တွေလည်း သောင်းနဲ့ချီ ရှိပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က ဘရူနိုင်းရဲ့ ဥပဒေသစ်ကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
ပြဋ္ဌာန်းချက်တွေ အတော်များများဟာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ပြစ်ဒဏ်တွေနဲ့ နိုင်ငံတကာဥပဒေအရ ညှဉ်းပမ်း နှိပ်စက်မှုနဲ့ အကျုံးဝင်တယ်လို့ နိုင်ငံတကာ တရားမျှတမှုကော်မရှင်ရဲ့ အရှေ့တောင်အာရှ ဥပဒေအကြံပေး အီမာလီနီဂဲက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။