အင်အားကြီးလာသည့် လူဆိုးဂိုဏ်းဝင်များကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီး

DVB

အမေရိကန်နိုင်ငံမှာ အင်အားကြီးထွားလာနေတဲ့ ဆူရင်ညို (Surenos) လူဆိုးဂိုဏ်းဝင်တွေကို အမေရိကန်နိုင်ငံတ၀န်း အမေရိကန်အာဏာပိုင်တွေ လိုက်လံဖမ်းဆီးခဲ့ကြပါတယ်။

အမေရိကန်မြို့ကြီး ၁၇၉ မြို့မှာ တလကြာ စစ်ဆေးဖမ်းဆီးခဲ့တာမှာ ဂိုဏ်းသား စုစုပေါင်း ၆၃၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ ဖမ်းဆီးမှုတွေကို လုပ်ဆောင်ခဲ့တဲ့ လူဝင်မှုနဲ့ အကောက်ခွန် ထိန်းသိမ်းရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။
US
ဆူရင်ညိုလူဆိုးဂိုဏ်းဟာ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက စတင်ပေါက်ဖွားလာပြီး မက္ကဆီကိုနိုင်ငံက မာဖီးယားဂိုဏ်းခေါင်းဆောင်တွေကို သြဇာခံကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ဂိုဏ်းဝင် ၆၀၀ ကျော်မှာ ၄၀၀ ကျော်ဟာ ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ နောက်ကြောင်းရာဇ၀င်တွေရှိတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောဆိုပါတယ်။
ဂိုဏ်းဝင် ၄ ချိုး ၃ ချိုးကို ဖမ်းဆီးရမိတာဖြစ်ပေမယ့် ဒါဟာ အစလေးပဲ ရှိသေးတယ်လို့ အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေး ကော်မရှင်နာမင်းကြီး သောမတ် ၀င်ကောစကီးက မေလ ၁ ရက်နေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ဂိုဏ်းဝင်တွေဆီက ထောက်လှမ်းရေးအချက်အလက်တွေကို ရရှိထားပြီး စစ်ဆေး ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်ဦးမယ်လို့ ပြောဆိုပါတယ်။
ဖမ်းဆီးခံရသူ လူဆိုးဂိုဏ်းဝင်တွေဟာ လူသတ်မှု၊ ခြိမ်းခြောက်လုယက်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ကျူးလွန်သူတွေဖြစ်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ဆိုကြပါတယ်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။