=======================
နေ့စွဲ - ၂၀၁၄-ခုနှစ် မေလ (၁) ရက်
၂၀၁၄-ခုနှစ် ဧပြီလ ၂၇-ရက်နေ့မှ မေလ ၁-ရက်နေ့ အတွင်း ကျင်းပသော
ရခိုင်အမျိုးသား ညီလာခံရောက် ရခိုင်လူမှုကွန်ရက် ကို ကိုယ်စားပြုတက်ရောက်သူ
ကိုယ်စားလှယ်များ၊ ရန်ကုန်၊ မန္တလေး နှင့် ရခိုင်ပြည်နယ်မြို့များကို
ကိုယ်စားပြုတက်ရောက်လာသူများထဲမှ ရခိုင်လူမှုကွန်ရက်
လှုပ်ရှားဆောင်ရွက်သူများသည် ဧပြီလ (၃၀) ရက်နေ့တွင်
ကျောက်ဖြူမြို့တစ်နေရာတွင် သီးခြားတွေ့ဆုံမှု ပြုလုပ်ကာ အောက်ပါ
ဆောင်ရွက်ချက် နှင့် တောင်းဆိုရပ်တည်ချက်များကို အတည်ပြုထုတ်ပြန်
ကြေငြာသည်။
၁။ NGO စောင့်ကြည့်ရေးကွန်ရက် ဖွဲ့စည်းခြင်း
(က) ရခိုင်ပြည်နယ်အတွင်းရှိ နယ်သစ်ချဲ့ထွင် ဘင်္ဂါလီများအား UN အဖွဲ့အစည်းအချို့ နှင့် နိုင်ငံတကာ NGO များက လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အမည်ခံ ထောက်ပံ့ကူညီမှုများအား တစ်ဖက်သတ် ဒလဟော ပြုလုပ်ဆောင်ရွက်နေမှုများသည် ပဋိပက္ခများကို ထပ်မံဖြစ်ပွားအောင် ဆောင်ရွက်ရာ ရောက်နေပါသည်။
(ခ) ထို့ကြောင့် ထို နိုင်ငံတကာထောက်ပံ့ကူညီမှု အဖွဲ့အစည်းများ၏ ရခိုင့်လူ့အဖွဲ့အစည်း အကျိုးစီးပွား ထိခိုက်နစ်နာအောင် ဆောင်ရွက်နေမှုများကို အချိန်နှင့် တပြေးညီ ကာကွယ်တားဆီးနိုင်ရန် အတွက် NGO စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေးကော်မီတီ တစ်ရပ်ကို ရခိုင်လူမှုကွန်ရက် က ဖွဲ့စည်းတာဝန်ပေးအပ်ပါသည်။
၂။ အရေးပေါ် တောင်းဆိုချက်များ
ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ ရင်ဆိုင်နေကြရသော ပြဿနာပေါင်း သောင်းခြောက်ထောင်အနက် ဤလူမှုကွန်ရက်အစည်းအဝေး တက်ရောက်လာသူများက တင်ပြလာသည့် အောက်ပါပြဿနာ နှစ်ရပ်ကို အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုသည်။
(က) ရခိုင့်သစ်တောများအား ခုတ်လှဲ ဖြုန်းတီးနေကြခြင်း
ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်း သစ်တောဧကပေါင်း တစ်သိန်းခွဲကျော် အား အစားထိုးစိုက်ခင်းစိုက်မည် ဟူသော အကြောင်းပြချက်ဖြင့် တစ်ရက်လျှင် ဧကငါးရာနှုန်းကျ လျင်မြန်စွာ ခုတ်လှဲလျက်ရှိရာ ယင်းသို့ခုတ်လှဲနေခြင်းကို ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုသည်။
(ခ) ရခိုင့်ပင်လယ်ပြင်ကို လုံခြုံမှု မရှိခြင်း
ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ လှေစီးဘင်္ဂါလီများသည် ရခိုင့်ပင်လယ်ပြင်တွင် ရခိုင်ပြည်နယ်မြောက်ဘက် မောင်တောမြို့နယ်မှ တောင်ဘက်စွန်း ဂွမြို့အထိ ရခိုင့်ပင်လယ်ပြင်တွင် ဥဒဟိုဖြတ်သန်းသွားလာနေကြရာ ရခိုင့်တံငါသည်များ နှင့် ကမ်းရိုးတန်းနေ ပြည်သူများ၏ အသက်အိုးအိမ်မှာ လုံခြုံမှု လုံးဝမရှိတော့ပါ။ ရခိုင့်ပင်လယ်ပြင်ကို တာဝန်ယူထားသူ အာဏာပိုင်များ၊ လုံခြုံရေးတပ်ဖွဲ့များက လုံခြုံစိတ်ချရအောင် တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုသည်။
ရခိုင်လူမှုကွန်ရက် (ရခိုင်ပြည်)
---

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။