အမေရိကန်အဆိုတော်
မိုင်လေဆိုင်းရပ်စ်သည် မေလ ၆ ရက်ညတွင် လန်ဒန်မြို့၌ ပြု လုပ်သော
‘‘Bangerz’’ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွင်း အရက်သေစာ နှင့် မူးယစ်ဆေးဝါးများ
သုံးစွဲခဲ့ခြင်းမရှိဟု ပြောကြားသည်။
ဧပြီလ ကမ္ဘာလှည့်ဖျော်ဖြေ ပွကျင်းပစဉ်အတွင်း ပဋိဇီဝဆေး ဓာတ်မတည့်မှုကြောင့် ရက်အတန်ကြာအောင် အနားယူခဲ့ရ သော မိုင်လေဆိုင်းရပ်စ်သည် မေ လ ၆ ရက်တွင် ၎င်း၏ ‘‘Bangerz’’ဖျော်ဖြေပွဲကို လန်ဒန်မြို့၌ ပြန် လည်စတင်ခဲ့သည်။ ယင်းလန်ဒန် မြို့ဖျော်ဖြေပွဲတွင် မိုင်လေဆိုင်းရပ်စ်သည် လိင်စိတ်လှုံ့ဆော်ပေး သော အပြုအမှုအချို့ကို ပြုလုပ် ခဲ့ခြင်း၊ လိင်တူချစ်သူပရိသတ်များအချင်းချင်း ဖက်နမ်းရန် တိုက်တွန်းခြင်း၊ ပရိသတ်များသောက် စားမူးယစ်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ခြင်းစသည့် အငြင်း ပွားဖွယ် အပြုအမူများ ပြုလုပ်ခဲ့ သည်ဟု မီဒီယာများက ဖော်ပြ သည်။
သတင်းစာရှင်းလင်းပွဲတစ်ခု တွင် မိုင်လေဆိုင်းရပ်စ်သည် လန် ဒန်ဖျော်ဖြေပွဲမစတင်မီ အရက်နှင့်ဆေးလိပ်များ လုံးဝသုံးစွဲခဲ့ခြင်းမရှိဟု အခိုင်အမာပြောကြား ည်။ ထို့အပြင် မိုင်လေဆိုင်းရပ်စ်သည် ဧပြီလ ဖျော်ဖြေပွဲများ ရွှေ့ဆိုင်းလိုက်ရခြင်းမှာ မူး ယစ်ဆေးဝါးအလွန်အကျွံသုံးစွဲ ခဲ့ခြင်းကြောင့် မဟုတ်ကြောင်းနှင့် လက်ရှိထွက်ပေါ်နေသော ကောလာဟလများကို အပြင်းအထန် ဝေဖန်ခဲ့သည်။
မိုင်လေဆိုင်းရပ်စ်သည် လာ့စ်ဗီးဂက်စ်မြို့၌ ပြုလုပ်သည့်၂၀၁၄ ဘေလ်ဘုတ်တေးဂီတ ဆုပေးပွဲတွင်လည်း ပါဝင်ဖျော် ဖြေမည်ဖြစ်သည်။ Ref:Hollywood Buzz

http://7daydaily.com/story/10416#.U2zWS0DNmcs
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။