မယ်လဒုက္ခသည်စခန်းမှ လင်မယားနှစ်ဦး လုပ်အားခတောင်းရာ၌ မရဘဲအသတ်ခံရ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သော မြန်မာဇနီးမောင်နှံနှစ်ဦးသည် မေလ ၇ ရက်တွင် ထိုင်းနိုင်ငံသားတစ်ဦး၏  လက်ချက်ဖြင့် အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မယ်လဒုက္ခသည်စခန်းဇုန်-စီ အမှတ်(၃-ဘီ)ရပ်ကွက်မှ ဦးစောလှဌေးနှင့် ဒေါ်နော်ပေါ်မုတို့နှစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် ဒုက္ခသည်စခန်းအပြင်ဘက် ပလောတားကျေးရွာရှိ ပြောင်းဖူးစိုက်ခင်းတွင် လယ်ယာလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ကြသည်။ မေလ ၇ ရက်တွင် ၎င်းတို့၏ လုပ်အားခများရရှိရန် သွားတောင်းရာမှ ပြောင်းဖူးစိုက်ခင်းပိုင်ရှင် ထိုင်းနိုင်ငံသားတစ်ဦးက ငွေပေးချေခြင်းမရှိဘဲ အဆိုပါ လင်မယားနှစ်ဦးကို ပုဆိန်ဖြင့် ခုတ်လိုက်ခြင်းဖြစ်သည်။

ပြောင်းဖူးစိုက်ခင်းပိုင်ရှင်ထံ လုပ်အားခသွားတောင်းရာတွင် သေဆုံးသူလင်မယားနှစ်ဦး၏ သမီးဖြစ်သူ(၁၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးပါသွားပြီး ၎င်းမိန်းကလေးငယ်မှာ ထွက်ပြေး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။ ထွက်ပြေးလွတ်မြောက်လာသော  မိန်းကလေးငယ်ကို မျက်မြင်သက်သေအဖြစ် ထိုင်း အာဏာပိုင်များက ထာ့ဆောင်ယန်းမြို့နယ်၊ မဲ့တန့် ရဲစခန်းသို့ ခေါ်ဆောင်ထားပြီး  စစ်ဆေးလျက်ရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

‘‘တစ်ရက် ထိုင်းဘတ် ၁၅၀ ရတယ်ပြောတယ်။ သုံးလကြာပြီ  ငွေမရှင်းရသေးတာ။ အဲဒါကြောင့် သွားတောင်းတာ။ အသတ်ခံရတာပဲ။ အမျိုးသားရဲ့ မျက်နှာဆို မြင်မကောင်းဘူး။ သူ့ သမီးလည်းပါသွားတာ။ တော်သေးတယ် ပြန်လွတ်လာလို့’’ဟု ၎င်းက ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည်လေးသောင်းကျော်ရှိပြီး ယင်းဒုက္ခသည်စခန်းသည် ထိုင်း နိုင်ငံ၊ မဲဆောက်မြို့၏ မြောက်ဘက်၌တည်ရှိပြီး လူသတ်မှု၊ လူသေမှု၊ ယာဉ်တိုက်ခံရမှု စသည့် ရာဇဝတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဦးကျော်သောင်းက ပြောသည်။
 
 
http://7daydaily.com/story/10414#.U2zWHkDNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။