တောင်ကိုရီးယားတွင် ရထားနှစ်စီးတိုက်၊ လူ ၁၀၀ ကျော် ဒဏ်ရာရ

DVB

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဒီနေ့မွန်းလွဲပိုင်းက မြေအောက်ရထား နှစ်စီး တိုက်မိပြီး လူ ၁၀၀ ကျော်လောက် ဒဏ်ရာရသွားတယ်လို့ တောင်ကိုရီးယား အရေးပေါ်ဌာနက ပြောပါတယ်။
Damaged subway trains are seen at a subway station in Seoul
ဆိုးလ်မြို့အရှေ့ဘက်က ဘူတာရုံတခုမှာ ရပ်ထားတဲ့ ရထားတစီးကို တခြားရထားတစီးက နောက်ကနေ အရှိန်နဲ့ ၀င်တိုက်ခဲ့တာလို့ တောင်ကိုရီးယားယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။

ရထားတိုက်မှု ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ လူတွေ ထိခိုက်သေဆုံးမှု အသေးစိတ် အစီရင်ခံချက်တွေတော့ မသိရသေးပါဘူး။

အရေးပေါ်ဌာန ပြောရေးဆိုခွင့်ရှိသူကတော့ လူပေါင်း ၁၁၇ ဦး ထိခိုက်ဒဏ်ရာရသွားပေမယ့် ဒဏ်ရာပြင်းသူမရှိဘူးလို့ ပြောပါတယ်။

ဆိုးလ်မြို့က မြေအောက်ရထားလမ်းတွေကို နေ့စဉ် ခရီးသွား သန်းနဲ့ချီ အသုံးပြုနေတာလည်းဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဧပြီ ၁၆ ရက်နေ့ကလည်း ခရီးသည်တင် ကူးတို့သင်္ဘောတစီး မတော်တဆနစ်မြှုပ်ပြီး လူပေါင်း ၃၀၀ လောက် ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးသွားခဲ့ပြီး ခု ရထား မတော်တဆမှုတခု ထပ်မံဖြစ်ပွားခဲ့တာပါ။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။