ဝါရှင်တန်၊ မေ ၃
အမေရိကန် သမ္မတလောင်းအဖြစ် ယခင်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် ဝင်ရောက် ယှဉ်ပြိုင်ရန် အထက်လွှတ်တော်အမတ် တင်ကိန်းက တိုက်တွန်း လိုက်သော်လည်း ၂၀၁၆ သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ပြု မပြုကို ဟီလာရီက ထုတ်ပြန်ခြင်း မရှိသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် သမ္မတလောင်းအဖြစ် ယခင်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် ဝင်ရောက် ယှဉ်ပြိုင်ရန် အထက်လွှတ်တော်အမတ် တင်ကိန်းက တိုက်တွန်း လိုက်သော်လည်း ၂၀၁၆ သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ပြု မပြုကို ဟီလာရီက ထုတ်ပြန်ခြင်း မရှိသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
“ဟီလာရီကလင်တန် သမ္မတ ရွေးကောက်ပွဲဝင်ဖို့ ကျွန်တော် တိုက်တွန်း ပါတယ်။ တကယ်လို့ သူသာပြိုင်ရင် သူ့ကို ကျွန်တော်ထောက်ခံမယ်လို့ ကတိ ပြုပါတယ်” ဟု အထက်လွှတ်တော် အမတ်က ထုတ်ပြန်သည်။
အမေရိကန် နိုင်ငံသားများ ရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များကို ဟီလာရီ နားလည် သိရှိထားပြီး နိုင်ငံသားများဘဝ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန် လိုအပ်သည့် စွမ်းရည်နှင့် စိတ်အားထက်သန်မှု နှစ်ရပ်စလုံး ဟီလာရီ ကလင်တန်ထံတွင် ရှိနေကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ခြင်း၊ နယူးယောက် အထက်လွှတ်တော် အမတ်အဖြစ် တာဝန်ယူခဲ့ခြင်း၊ ခင်ပွန်းဖြစ်သူ ဘီလ်ကလင်တန်လက်ထက် First Lady အဖြစ် တာဝန်ယူခဲ့ခြင်း စသည့် အတွေ့အကြုံ များကြောင့် ဟီလာရီ ကလင်တန်ထံတွင် နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အတွေ့အကြုံ များစွာရှိကြောင်း ဗာဂျီးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်သူ ကွန်းက ထုတ်ဖော်ပြောကြားသည်။
ယခုနှစ်အတွင်း စစ်တမ်း ကောက်ယူမှုများအရ ဟီလာရီ၏ လူထုထောက်ခံမှုသည် အခြားသော ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဖြစ်ရန် အလားအလာ ရှိသူများထက် (လက်ရှိသမ္မတ ဂျိုးဘီဒင်) ၅၀ ရာခိုင်နှုန်း ထောက်ခံမှု ပိုမိုရရှိနေကြောင်း သိရှိရသည်။
“၂၀၁၆ သမ္မတ ရွေးကောက်ပွဲ ပြိုင်ဖို့ စဉ်းစားရဦးမှာပါ” ဟု ဟီလာရီ ကလင်တန်က ဧပြီလအတွင်း ပြောကြားခဲ့သည်။
ဒီမိုကရက်တစ် ပါတီဝင် အထက်လွှတ်တော် အမတ်များဖြစ်သော ကလဲယာမတ်ကတ်စကီနှင့် ချာလီရှမာတို့အပြင် ဒီမိုကရက်တစ် ပါတီဝင် အမျိုးသမီး အထက်လွှတ်တော်အမတ် ၁၆ ဦးကလည်း သမ္မတလောင်းအဖြစ် ဟီလာရီ ကလင်တန် ဝင်ရောက် ယှဉ်ပြိုင်မှုကို ထောက်ခံကြောင်း ပြီးခဲ့သည့် နှစ်အတွင်းက တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။
http://thevoicemyanmar.com/2013/index.php/foreign-affairs/item/6040-hl.html
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။