စစ်တွေကောလိပ်ကျောင်းသားကျောင်းသူဟောင်းများ(ရန်ကုန်) အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံ ညစာစားပွဲကျင်းပ

စစ်တွေကောလိပ်ကျောင်းသားကျောင်းသူဟောင်းများ(ရန်ကုန်) အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံ ညစာစားပွဲကျင်းပ
(နိရဉ္စရာ- ၅ မေလ ၂၀၁၄)
sitwe-collage
စစ်တွေကောလိပ် ကျောင်းသား ကျောင်းသူဟောင်းများ၏ အာစရိယ ပူဇော်ပွဲနှင့် မိတ်ဆုံ ညစာစားပွဲကို ရန်ကုန်မြို့တွင် မေလ ၅ ရက်နေ့က ကျင်းပရာ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၃၀၀ ခန့် တက်ရောက်ခဲ့သည်။

ယင်းအခမ်းအနားအား (၂) ပိုင်းခွဲပြီး ကျင်းပရာ နံနက်ပိုင်းတွင် စစ်တွေကောလိပ် ကျောင်းသား ကျောင်းသူဟောင်းများ၏ တတိယ အကြိမ်မြောက် အာစရိယပူဇော်ပွဲနှင့် ဂါရ၀ပြုပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ ရခိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အာစရိယပူဇော်ပွဲနှင့် ဂါရ၀ပြုပွဲ အခမ်းအနားသို့ ၁၉၇၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ပညာသင်ကြားပြသခဲ့သော ဆရာ ဆရာမ ၉၂ ဦးအား ဖိတ်ကြားရာ ၆၂ ဦးတက်ရောက်ခဲ့ပြီး ကျောင်းသား ကျောင်းသူဟောင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အခမ်းအနား စီစဉ်သူ ဦးလှမြင့်က နိရဉ္စရာသို့ ပြောသည်။

“ ဆရာ ဆရာမ ၆၂ ဦးတက်ရောက်တယ်။ ကျောင်းသား ကျောင်းသူတွေက ၂၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ ခုလို ဆရာ ဆရာမကြီးတွေကို ပြန်လည် တွေ့ဆုံပြီး ကန်တော့ ပူဇော်ရတဲ့ အတွက် အထူးဝမ်းသာမိပါတယ်” ဟု ဆိုသည်။

ညနေပိုင်းတွင် ကျောင်းသား ကျောင်းသူဟောင်းများ၏ ဆဌမ အကြိမ်မြောက် မိတ်ဆုံ ညစာစားပွဲကို အမ်းသရီး စားသောက်ဆိုင်တွင် ပြုလုပ်ရာ ဆရာ ဆရာမများအချို့နှင့် ရန်ကုန်တိုင်း ရခိုင်သားရေး ၀န်ကြီး ဦးဇော်အေးမောင်ပါအ၀င် ကျောင်းသား ကျောင်းသားဟောင်းများ တက်ရောက်ပြီး အခမ်းအနားအား ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်။

၁၉၈၂- ၈၂ ခုနှစ်သူ ကျောင်းသူ တစ်ဦးဖြစ်သူ စစ်တွေကောလိပ် လက်ရွှေးစင် အားကစားသမားဟောင်းဖြစ်သူ ဒေါ်ဆွေဆွေသန်းက ယခုကဲ့သို့ ဆရာ ဆရာမကြီးများ အပါအ၀င် ကျောင်းသား ကျောင်းသူ အစ်ကိုကြီး အစ်မကြီးများနှင့် ပြန်လည် တွေ့ဆုံရ၍ အတိုင်းမသိ ၀မ်းသာကြည်နူးမိကြောင်း ပြောဆိုသည်။
sitwe-collage
“ အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဆရာ ဆရာမတွေ အပါအ၀င် ကျောင်းတက်ဖေါ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတဲ့ အတွက် ငယ်ဘ၀တွေကို ပြန်လည်ရောက်ရှိသွားသလို ခံစားမိပါတယ်။ အတိုင်းမသိလည်း ၀မ်းသာကြည်နူးမိပါတယ်” ဟု ဆိုသည်။

၁၉၈၂ ခုနှစ် ကျောင်းသူဟောင်း တစ်ဦးဖြစ်သူ ဒေါ်တေစန္ဒာအောင်ကလည်း သူမ၏ စိတ်ကြည်နူး ခံစားရမူကို ယခုလို ပြောသည်။

“ ပျော်ပါတယ်။ အရမ်းကို ပျော်ပါတယ်။ အမှတ်ရစရာတွေက စစ်တွေကောလိပ်တက်တုန်းက အများကြီးပါဘဲ။ အဲဒီတုန်းက စစ်တွေကောလိပ်တက်ရတာ အရမ်းကို ပျော်စရာကောင်းပါတယ်။ အဆောင်တွေလည်း ရှိနေတော့ စည်းစည်းလုံးလုံးနဲ့ အရမ်းကို ပျော်စရာကောင်းပါတယ်။ လွမ်းစရာလေးတွေ အထွေအထူး မရှိခဲ့ပေမယ့် ခုလို ပြန်ဆုံရတာ သိပ်စိတ်ကြည်နူးခံစားရမိပါတယ်” ဟု ပြောသည်။

၁၉၇၇ ခုနှစ်မှ ၁၉၈၇ ခုနှစ်ထိ စစ်တွေကောလိပ်တွင် တာဝန် ထမ်းဆောင်ခဲ့သော ဆရာမ ဒေါ်ကျော့စိန်ကလည်း စစ်တွေကောလိပ် ကျောင်းသား ကျောင်းသူဟောင်းများကို ပြန်တွေ့ရ၍ ဖေါ်ပြလို့ မရအောင်ထိ ကြည်နူးပျော်ရွှင်မိကြောင်း ပြောဆိုသည်။

“ အရမ်ကို ကြည်နူးပျော်ရွှင်မိပါတယ်။ ဆရာမ စစ်တွေကောလိပ်မှာ အမှတ်ရတာလေး တစ်ခုကို ပြောရရင် အခု သင်္ချာဌာနမှူးဖြစ်နေတဲ့ ဆရာ တစ်ဦး၊ သူစစ်တွေကောလိပ် ကျောင်းသားဘ၀တုန်းက အဉ္စလီ သီချင်းကို ဆိုတာ အဆုံးမသတ်နိုင်လို့ ဆရာမ ရင်တမမနဲ့ စောင့်နေခဲ့ရတဲ့ အဖြစ်အပျက်လေးကို ဆရာမက ဒီကနေ့ သတိရနေပါတယ်” ဟု ဆိုသည်။

၁၉၈၃-၈၄ ခုနှစ် ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ စစ်တွေမှ ကိုအောင်ကျော်ဇောမှလည်း ယခုကဲ့သို့ ကျောင်းသား ကျောင်းသူဟောင်းများကို ပြန်တွေ့ရ၍ ရှေ့ဟောင်း နောင်းဖြစ်များကို ပြန်လည် သတိရမိကြောင်း ပြောဆိုသည်။

“ ခုလို ပြန်ဆုံတွေ့တော့ ရှေ့ဟောင်း နှောင်းဖြစ် သတိရစရာလေးတွေကို ပြန် အတွက်ပေါ်မိပါတယ်။ အများကြီးလည်း ပျော်မိပါတယ်။ နောက်နောင်လည်း ဒီလို ချစ်ချစ်ခင်ခင်နဲ့ တွေ့ဆုံပွဲတွေ လုပ်ပြီး ပြန်ဆုံတွေ့ရဖို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

၁၉၈၅-၈၆ စစ်တွေကောလိပ်တွင် သင်္ချာအဓိကဖြင့် တက်ရောက်ခဲ့သူ ကိုကျော်နိုင်မှလည်း သူ၏ ခံစားရမူကို ယခုလို ပြောဆိုသည်။

“ အသက်အရွယ်ကြီးရင့်နေကြပြီ ဖြစ်တဲ့ ဆရာ ဆရာမတွေကို ပူဇော်ကန်တော့ရတာ အရမ်းကို ကြည်နူးပျော်ရွှင်ရပါတယ်။ ခံစားရမူ အတိုင်းအတာကိုတော့ နိုင်းပြ မတတ်အောင် ဖြစ်မိပါတယ်။ ဆရာ ဆရာမတွေဆီက သြ၀ါဒ ခံယူရတာလည်း ဗဟုသုတတွေနဲ့ အများကြီး အကျိုးရှိပါတယ်” ဟု သူက ပြောဆိုသည်။


ဆဌမ အကြိမ်မြောက် မိတ်ဆုံ ညစာစားပွဲတွင် ကျောင်းသား ကျောင်းသူဟောင်းများက တေးသီချင်းများ သီဆိုပြီး ကျောင်းသူဟောင်းများက အကများဖြင့်လည်း ဖြေဖျော်ခဲ့ကြရာ တက်ရောက်သူများက လက်ခုပ်လက်ဝါးတီး၍ ပျော်ရွှင်စွာဖြင့် အားပေးခဲ့ကြသည်။

http://www.narinjara.com/burmese/?p=10260
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။