မုန်တိုင်းငယ် အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်း ကျရောက်မည်

ရန်ကုန်၊ မေ ၎
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းအတွင်း မေလ ၆ ရက်နေ့တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ပြီး ယင်းမုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများတွင် မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။


လက်ရှိအချိန်တွင် လေဖိအားနည်းရပ်ဝန်း အားကောင်းလျက် ရှိပြီး မုန်တိုင်းငယ် အဖြစ်သို့ ယင်းနေ့တွင် ရောက်ရှိကာ အိန္ဒိယနိုင်ငံ အနောက်တောင်ဘက် ကမ်းခြေကို ဖြတ်ကျော်မည် ဖြစ်၍ မေလ ၈ ရက်မှ ၁၀ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

အဆိုပါ ဖြစ်ပေါ်လာမည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် (National Oceanic Atmospheric Administration) အဖွဲ့က မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု အဖြစ်မှ အပူပိုင်းမုန်တိုင်းနှင့် ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သည်ဟုလည်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ယင်းကြောင့် ဧပြီလမှ မေလအတွင်း (မိုးကြိုကာလ) သည် မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မှု အများဆုံးကာလ ဖြစ်သည့်အတွက် မုန်တိုင်းအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ဆက်လက် ပြောဆိုသည်။

http://thevoicemyanmar.com/2013/index.php/news/item/6038-mtn.html
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။