သမ္မတကလင်တန်နှင့် ဇာတ်လမ်းဖြစ်ခဲ့သော မစ္စစ်လူဝင်စကီး မီဒီယာထက် ပြန်ပေါ်လာ



အမေရိကန် သမ္မတရုံး အိမ်ဖြူတော်တွင် အလုပ်သင်အဖြစ် လုပ်ကိုင်ရင်း သမ္မတ ဘီလ်ကလင်တန်နှင့် ဇာတ်လမ်းဖြစ်ခဲ့သော မစ္စစ်လူဝင်စကီးက ဆယ်နှစ်ကြာ ရေငုံနုတ်ပိတ်နေမှုကို ချိုးဖျက်၍ မီဒီယာထက် ပြန်ပေါ်လာသည်။

ယခုအခါ အသက် (၄၀) ရှိပြီဖြစ်သော မစ္စစ်မော်နီကာလူဝင်စကီးမှာ အသက် (၂၀) ကျော်ကျော် ၁၉၉၀ ပြည့်နှစ်များက အိမ်ဖြူတော်တွင် သမ္မတ ကလင်တန်နှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုဖြင့် နာမည်ပျက်ခဲ့ပြီး သေကြောင်းကြံစည်လုနီးပါးဖြစ်ခဲ့သည်။

Vanity Fair မဂ္ဂဇင်းက ရေးသားရာတွင် မစ္စစ်လူဝင်စကီးက ၎င်းအနေဖြင့် သမ္မတနှင့် ခဏတာ ချစ်ကြိုက်ခဲ့ခြင်းကို အလွန်အမင်းနောင်တရခဲ့သည်ဟု ပြောသည်။ ၎င်းတို့၏ ဆက်ဆံရေးမှာ နှစ်ဦးသဘောတူဖြစ်သော်လည်း သမ္မတက အခွင့်ကောင်းယူခဲ့သည်ဟု မစ္စစ်လူဝင်စကီးက ပြောသည်။

သမ္မတကလင်တန်မှာ မစ္စစ်လူဝင်စကီးနှင့် ပတ်သက်ခဲ့မှုကြောင့် စွပ်စွဲပြစ်တင်ခံခဲ့ရသည်။ လူဝင်စကီးနှင့် ဇာတ်လမ်းကို လိမ်ညာခဲ့သည်ဟူသော စွဲချက်ဖြင့် ရီပက်ဘလေကန်များက သမ္မတရာထူးမှ နုတ်ထွက်ရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

‘‘ကျွန်မ ကိုယ်တိုင်လည်း သမ္မတနဲ့ ကျွန်မကြား ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို အလွန်ပဲ နောင်တရမိပါတယ်။ ထပ်ပြောပါမယ်။ အဲဒီ အဖြစ်အပျက်နဲ့ပတ်သက်လို့ အလွန်ကို နောင်တရမိပါတယ်’’ ဟု မစ္စစ်လူဝင်စကီးက ရေးသားသည်။

သမ္မတဟောင်း ကလင်တန်၏ ဇနီး မစ္စစ်ဟီလာရီကလင်တန် မှာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိနေ၍ ရီပက်ဘလေကန်များ၏ စနက်ကြောင့် လူဝင်စကီးကိစ္စ မီဒီယာပေါ် ပြန်ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြသည်။

၁၉၉၈ ခုနှစ်တွင် သမ္မတနှင့် လူသိရှင်ကြား ဇာတ်လမ်းဖြစ်ခဲ့ပြီးနောက် ၎င်းအနေဖြင့် အရှက်ခွဲခံရခြင်း၊ စော်ကားခံရခြင်းများရှိပြီး ယင်းမှာ သမ္မတကို အကာအကွယ်ပေးရန် ဓားစာခံလုပ်ခဲ့ကြ၍ဖြစ်သည်ဟု မော်နီကာလူဝင်စကီးက ပြောကြားသည်။       
—Ref: AFP/BBC
 
http://7daydaily.com/story/10288#.U2uE4EDNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။