ယူကရိန်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် နိုင်ငံတကာ စစ်ရေးလှုပ်ရှားမှု စောင့်ကြည့်သူခုနစ်ဦး လွတ်မြောက်လာ

7 Day News

ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE မှ အဖွဲ့ဝင်များကို ဒိုးနက်စ်မြို့မှ ကီလိုမီတာ ၄၀ အကွာရှိ ယူကရိန်းတပ်များ၏ စစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများက ကြိုဆိုနေစဉ် (GENYA SAVILOV/AFP)

ပြီးခဲ့သည့် သီတင်းပတ်က ဆလိုဗီယန်မြို့တွင် ဖမ်းဆီးခဲ့ သည့် နိုင်ငံတကာစစ်ရေးလှုပ်ရှား မှု စောင့်ကြည့်သူခုနစ်ဦးကို ပြန် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ယူ ကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ရုရှား လိုလားသော ခွဲထွက်ရေးသမား များက ပြောသည်။

ယင်းလေ့လာစောင့်ကြည့် သူများမှာ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE)နှင့် ဆက်နွှယ်မှုရှိသည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများကို ချေမှုန်း ရန် စစ်ရေးလှုပ်ရှားမှု ပြန်လည် စတင်လိုက်ပြီဟု ယူကရိန်းအစိုးရ ပြောကြားထားစဉ် ယင်းသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယူကရိန်းနိုင်ငံတွင်းရှိ ရုရှား ဘာသာစကား ပြောသူများအပေါ် သြဇာလွှမ်းမိုးမှုမရှိတော့ဟု ရုရှား အစိုးရက ပြောသည်။

မငြိမ်သက်မှုများ နောက်ကွယ်တွင် မော်စကိုပါဝင်နေသည်ဟု အနောက်နိုင်ငံများနှင့် ယူကရိန်းတို့က စွပ်စွဲထားသည်။

ယင်းလေ့လာစောင့်ကြည့် သူများနှင့်အတူ ဖမ်းဆီးခေါ် ဆောင်ခြင်းခံရသည့် ယူကရိန်း အရာရှိငါးဦးမှာလည်း မေလ ၃ ရက်တွင် ပြန်လွတ်လာသည်။

၎င်းတို့ကို လွှတ်လိုက်ပြီဖြစ် ကြောင်း ယူကရိန်းအရှေ့ပိုင်း ဆူ ပူအုံကြွမှုခေါင်းဆောင်တစ်ဦးဖြစ် သည့် ဗီယာချက်ဆလက်ပိုနိုမာ ယော့ဗ်က အတည်ပြုပြောကြား သည်။‘‘ကျွန်တော် သူတို့ကို ကတိ ပေးထားတဲ့အတိုင်းပဲ ကျွန်တော် တို့ မနေ့က ကျွန်တော့်မွေးနေ့ပွဲ လုပ်တယ်။ ပြီးတော့ သူတို့ထွက် သွားတယ်။ ကျွန်တော် ပြောခဲ့သ လိုပဲ သူတို့က ကျွန်တော့်ရဲ့ ဧည့် သည်တွေဖြစ်ခဲ့ပါတယ်’’ဟု ပိုနိုမာယော့ဗ်က ပြောသည်။

၎င်းတို့ မည်သည့်အတွက် ကြောင့် လွတ်မြောက်လာသည်ဆို သော အသေးစိတ်အချက်အ လက်များကို မသိရသေးဟု ဒိုနက် မြို့ရှိ ဘီဘီစီသတင်းထောက် ဆာရာရိန်းစ်ဖို့ဒ်က ပြောသည်။
ယင်းအချက်နှင့်ပတ်သက်၍ ရုရှားလိုလားသော အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိ အမျိုးသမီးက မည်သို့မျှ မှတ်ချက်ပြုပြောကြား ခြင်းမရှိပေ။သို့ရာတွင် လူ ၁၂ ဦး လွတ်မြောက်လာသည်ဟု သမ္မတဗလာတီမာပူတင် စေလွှတ်ထားသည့်သံတမန် ဗလာတီမာလူကင်ကို ကိုးကား၍ ရုရှားသတင်းဌာန အာရ်အိုင်အေက ဖော်ပြသည်။

—Ref: BBC
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။