အီဂျစ်အစ္စလာမ်မစ် ၁၀၂ ဦး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ

7 Day News
အီဂျစ်တရားရုံးတစ်ရုံး သည် သမ္မတဟောင်း မိုဟာမက် မော်စီ ထောက်ခံသူ ၁၀၂ ဦးကို မေလ ၃ ရက်တွင် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်ဟု တရား ရေးဌာန သတင်းရင်းမြစ်များက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် မော်စီ ထောက်ခံသူများနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအကြား ပဋိ ပက္ခများအတွင်း လူသေမှု၊ အ ကြမ်းဖက် လှုံ့ဆော်မှုတို့နှင့် ဆက် နွှယ်၍ တရားခံ ၁၀၂ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ် သည်။ အခြားသော တရားခံနှစ်ဦး ကို ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ သည်။ အီဂျစ်စစ်တပ်သည် အစ္စ လာမ်မစ်သမ္မတ မော်စီကို ရာထူး မှ ဖြုတ်ချခဲ့ပြီး သမ္မတမော်စီကို ထောက်ခံသော မွတ်စလင်ဘရား သားဟုဒ်အဖွဲ့ဝင်များအား ချေမှုန်းခဲ့သည်။

ယင်းဖြစ်စဉ်အတွင်း လူ ထောင်နှင့်ချီ၍ အဖမ်းခံရပြီး လူ ရာပေါင်းများစွာ သေဆုံးခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်း တွင် အီဂျစ်တရားရုံးတစ်ရုံးသည် မွတ်စလင်ဘရားသားဟုဒ် ခေါင်း ဆောင်နှင့် ထောက်ခံသူ ၆၈၂ ဦး ကို သေဒဏ်ချမှတ်ခဲ့သည်။

စစ်တပ်အကြီးအကဲဟောင်း အယ်လ်စီစီသည် ယခုလ သမ္မတရွေးကောက်ပွဲ၌ အနိုင်ရလိမ့်မည်ဟု မျှော်လင့် သည်။ သမ္မတမော်စီ ဖြုတ်ချခံရပြီးနောက် ဆိုင်းနိုင်းကျွန်းဆွယ်ဒေသအခြေစိုက် အစ္စလာမ်မစ် စစ်သွေးကြွများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ မေလ ၂ ရက်ကလည်း ဆိုင်းနိုင်းကျွန်းဆွယ်ဒေသနှင့် ကိုင်ရိုမြို့တို့တွင် အသေခံဗုံးခွဲမှုများ ဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။           

 —Ref: Reuters
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။