ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော လူတစ်စုက အနုကြမ်းစီး၍ ရွာသူကြီးမိသားစု သုံးဦးသေ၊ ရွာသားကိုးဦးဒဏ်ရာရ

7 Days News

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မှ ခိုးဝင်လာသော လက်နက်ကိုင်လူတစ်စုက မောင်တောမြို့နယ်ရှိ သင်္ဘောကွေ့ ဘင်္ဂါလီရွာကို ၀င်ရောက်အနုကြမ်းစီးခဲ့ပြီး ရွာသူကြီးမိသားစုကို   သတ်ဖြတ်ကာ ရွာသားကိုးဦးမှာလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

 မေလ ၃ ရက် နံနက် ၂ နာ ရီခန့်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ နတ်မြစ်ကို အင်အား ၃၀ ခန့်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ စက်လှေဖြင့် ခိုးဝင် လာခဲ့ပြီး ရွာသူကြီးနှင့် မိသားစု ၀င်နှစ်ဦးကို ဓားဖြင့် ခုတ်သတ်သွားခဲ့ကြောင်း၊ အမည်မဖော်လိုသည့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ  ရဲအရာရှိတစ်ဦးက ပြောသည်။  ပြန်လည်ခုခံသည့် ရွာသားကိုးဦးကိုလည်း ဓား၊ လှံတို့ဖြင့် ခုတ်ခဲ့ကြောင်းဆိုသည်။

‘‘ဓားပြတိုက်တာလို့လည်း ကြားတယ်။ ရန်ငြိုးရန်စကြောင့် လာသတ်တာလို့လည်း ကြားနေ ရတယ်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင် တွေ  ရောက်သွားတော့  တစ် ယောက်မှ မရှိတော့ဘူး။ ဘင်္ဂလား
ဒေ့ရှ်ဘက်စက်လှေနဲ့ ပြန်ထွက်ပြေးသွားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကို စုံစမ်းနေတုန်းပဲရှိသေးတယ် ’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။ အဆိုပါရွာမှာ နတ်မြစ်သာခြားလျက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေပြီး ညအချိန် ခိုးဝင်၍ လုယက်မှုများ ရံဖန်ရံခါ ဖြစ်လေ့ရှိကြောင်း သတင်းရရှိသည်။ စက်လှေဖြင့် လာပါက နာရီဝက်ခန့်သာကြာပြီး ယခုဖြစ်စဉ်မှာမူ အလွန်ဆိုးရွားကြောင်း လုံခြုံရေးစောင့်ကြပ်နေသည့်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

 လူသုံးဦး အသတ်ခံရကာ ကိုးဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်ကို ပြည်ထဲရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကိုယ်တိုင် မေ ၃ ရက် နေ့လယ်က သွားရောက်စစ်ဆေးခဲ့ပြီး နယ်မြေခံစစ်တပ်နှင့် နယ် ခြားစောင့်တပ် အင်အားပါ တိုးမြှင့်ထားကြောင်း  သတင်းရရှိသည်။

မေလအတွင်း ပြုလုပ်မည်ဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံနယ်စပ်ရေးရာဆွေးနွေးပွဲ တွင် သင်္ဘောကွေ့ရွာဖြစ်စဉ်၌ပြစ်  မှုကျူးလွန်သူများကို ဖမ်းဆီးအ ရေးယူပေးရန် မြန်မာအစိုးရတာ ၀န်ရှိသူများက ဘင်္ဂလားဒေ့ရှ်အ စိုးရထံ တောင်းဆိုသွားမည်ဖြစ် ကြောင်းလည်း သတင်းရရှိသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။