7 Day News
မိုက်ကရိုဆော့ဖ်
ကော်ပိုရေးရှင်း အမှုဆောင်အရာ ရှိချုပ်နှင့် ဥက္ကဋ္ဌဟောင်း ဘီလ် ဂိတ်သည်
လတ်တလော ရောင်းချမှုအတိုင်း ၎င်း၏ရှယ်ယာများ ကို ဆက်လက်ရောင်းချနေပါက ၂၀၁၈
နှစ်လယ်ပိုင်းခန့်တွင် ၎င်း ပူးတွဲတည်ထောင်ခဲ့သော ကုမ္ပဏီရှယ်ယာများကို
တိုက်ရိုက်ပိုင်ဆိုင် မှု ရှိတော့မည်မဟုတ်ပေ။
၁၉၇၅ ခုနှစ်က အထက်တန်းကျောင်းမှ သူငယ်ချင်း ပေါလ်အ လန်နှင့်အတူ တစ်ကိုယ်ရေသုံး ကွန်ပျူတာလောကကို တော်လှန် ခဲ့သော ကုမ္ပဏီကိုထူထောင်ခဲ့သူ ဘီလ်ဂိတ်သည် ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်တစ်ရပ်အရ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း သုံးလပတ်တစ်ကြိမ် ရှယ်ယာပေါင်း သန်း ၂၀ ရောင်းချခဲ့သည်။
ရောင်းချမှုပုံစံ ပြောင်းလဲမှု မရှိဟု ယူဆပါက ယခုအချိန်မှစ၍ လေးနှစ်အတွင်း ဘီလ်ဂိတ်အနေဖြင့် မိုက်ကရိုဆော့ဖ်ရှယ်ယာများ တိုက်ရိုက်ပိုင်ဆိုင်မှုရှိမည် မဟုတ်တော့ပေ။ပြီးခဲ့သည့် သီတင်းပတ်ကနောက်ဆုံးအသုတ် ရောင်းချမှုအပြီးတွင် ဘီလ်ဂိတ်၏ မိုက်ကရို ဆော့ဖ် ရှယ်ယာပေါင်းမှာ ၃၃၀ သန်းသာ ကျန်ရှိတော့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဘီလ်ဂိတ်နှင့် မိုက်ကရိုဆော့ဖ် ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူများ က မှတ်ချက်ပေးရန် ငြင်းဆန်ကြ သည်။
—Ref: Reuters

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။