“လုံခြုံ၊ငြိမ်းချမ်း၊ဖွံ့ဖြိုးရန် ရခိုင့်ညီလာခံ’’

“လုံခြုံ၊ငြိမ်းချမ်း၊ဖွံ့ဖြိုးရန် ရခိုင့်ညီလာခံ’’
=====================
ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) သို့ ရခိုင်လူမှုကွန်ရက် (ရခိုင်ပြည်) မှ တင်သွင်းမည့် စာတမ်း

ယခုကဲ့သို့ ပြည်တွင်း/ပြည်ပရှိ ရခိုင်တစ်မျိုးသားလုံးပါဝင်သည့် ရခိုင်အမျိုးသားညီလာခံကို ရခိုင်လူမှုကွန်ရက်မှတက်ရောက်ခွင့်ရခြင်းအတွက်များစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ရခိုင်အမျိုးသား ညီလာခံ ဖြစ်ပေါ်လာအောင်ကြိုးပမ်းခဲ့ကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလည်း များစွာ ကျေးဇူးတင်မိပါသည်။

ရခိုင်လူမှုကွန်ရက် (ရခိုင်ပြည်) ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အနည်းငယ် မိတ်ဆက်တင်ပြ လိုပါသည်။ လူမှုကွန်ရက် ဟူသောစကားလုံးကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့တွင် စတင်ကျင်းပခဲ့သော ရခိုင်ဒေသလူထုအစည်းအဝေးကြီး (ရသေ့တောင်) တွင် စတင်သန္ဓေတည် လာခဲ့ပြီး မြို့နယ်ပေါင်းစုံရှိ လူမှုအဖွဲ့အစည်းများ စုပေါင်းစည်းဝေးကြကာ လူမှုကွန်ရက်ဟူသော စနစ်တစ်ခု ဖြစ်ပေါ်လာစေရန်ကြိုးပမ်းခဲ့ကြပါသည်။ မြို့နယ် များတွင်ဖြစ်တည် လာခဲ့သော လူမှုကွန်ရက်စနစ်ကို မြို့နယ် Coordinators များမှ တစုတစည်းတည်း ဖြစ်တည် လာစေရန် ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)မှ ကမကထပြုလုပ်ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက် နှင့် (၁၆)ရက်တို့တွင် လူမှုကွန်ရက် (ရခိုင်ပြည်) ကို မြို့နယ်(၁၈)မြို့နယ် ပေါင်းဆုံကာ ပထမအကြိမ် ရခိုင်လူမှုကွန်ရက်ညီလာခံကို တောင်ကုတ်မြို့၌ ကျင်းပပြုလုပ်နိုင်ခဲ့ ပါသည်။ ထို့နောက် စဉ်ဆက်မပြတ် လူထုအလိုရှိရာ ကိစ္စရပ်များကို ၀ိုင်းဝန်းထမ်းဆောင်ခြင်းဖြင့် အတိုင်းအတာတစ်ခု အထိ အောင်မြင်မှုလမ်းကြောင်းဖြင့် ရခိုင်လူမျိုးဟု ကမ္ဘာပေါ်တွင် တစ်ဦးတစ်ယောက်သာ ကျန်ရှိ နေသည် ဆိုစေကာမူ အစဉ်အဆက် လက်ဆင့်ကမ်းလျှက် ထာဝရဆက်လက်ချီတက်နေမည် ဖြစ်ပါသည်။

လုပ်ငန်းစဉ်များအနေဖြင့် လူမှုကွန်ရက် ဟူသောစကားရပ်နှင့်အညီ ပြည်သူလူထု၏ လက်ရှိလတ်တလောအခြေအနေတွင် လိုအပ်လျှက်ရှိသော အကြောင်းအရာများအပေါ် သဘော တူညီချက်များ ဆုံးဖြတ်ရယူပြီး လူထုအလိုရှိရာကို လူထုရှေ့တွင် မားမားမတ်မတ် ရပ်တည်လျှက် ပြုလုပ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) ၏ အဓိက ဆောင်ပုဒ်ဖြစ်သည့် လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးရန် ရခိုင်အမျိုးသားညီလာခံ ဆိုသော စကားရပ်အပေါ်တွင် ရေတို၊ ရေရှည်စီမံကိန်းများအဖြစ် ရခိုင်ပြည်နယ်ဒေသအတွင်း အောက်ပါအချက်အလက်များကို အခြေခံ၍ လုပ်ဆောင်ရန် လိုအပ်လျှက် ရှိသည်ဟု ရခိုင်လူမှုကွန်ရက် (ရခိုင်ပြည်) အနေဖြင့် သုံးသပ်ပါသည်။

၁။ ရခိုင်ပြည်နယ်၏ ရေ၊ မြေ၊ တော၊ တောင်တနံတလျားရှိ ရခိုင့်ဒေသခံပြည်သူများသည် လုံခြုံမှုရှိသော လူမှု စီးပွါးပတ်ဝန်းကျင်တွင် အသက်မွေးဝမ်းကျောင်းပြုရပ်တည်နေထိုင်နိုင်ရေးမှာ အဓိကပဓာနဖြစ်သည်။

ဤအခြင်းအရာတွင် ယခုလက်ရှိအခြေအနေ၌ တိုင်းတပါးကျူးကျော်များ၏ အမျိုးမျိုးသော အစွန်းရောက်ဖိအားပေးမှု ဒဏ်များကို အများဆုံးခံစားနေကြရသော မောင်တော၊ ဘူးသီးတောင် မြို့နယ်၏ နယ်စွန် နယ်ဖျား နယ်စပ်ဒေသရှိ တိုင်းရင်းသားတို့၏ လုံခြုံစွာရှေ့ဆက်အသက်ရှင် ရပ်တည်နေထိုင်နိုင်ရေးသည် မဟာဗျူဟာအရ ပထမဆုံးလုပ်ဆောင်သင့်သည်ဟု သုံးသပ်ပါသည်။

ဥပမာ - ရခိုင်ပြည် နယ်စပ် တလျှောက် ဒေသခံတိုင်းရင်းသားကျေးရွာများအား (၁)မိုင်ပတ်လည် ဧရိယာတစ်ခုလျှင် (၆)ရွာမှ (၉)ရွာအထိ သတ်မှတ်တည်ဆောက်ပေးပြီး လမ်းပန်းဆက်သွယ် ရောင်းဝယ်ဖောက်ကားမှုများ စည်ပင်ဖွံ့ဖြိုးလာစေသည့် မဟာဗျူဟာမျိုးဖြင့် လူဦးရေဖောင်းပွသည့် တိုက်ခိုက်ရေးပုံစံကို ရေရှည်အစီအစဉ်ဖြင့် ပြန်လည်တွန်းလှန် လာနိုင်မည်ဖြစ်သည်။

Rule of Law သည် အစိုးရအဆက်ဆက် မိမိတို့ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မိမိတို့ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းမျိုးမရှိဘဲ ပြည်သူများအပေါ်တွင်သာ တစ်ဖက်စောင်းနင်းပြီး ဓနဥစ္စာရှာဖွေရန်ပြဌာန်းထားသော သူ့ပဒေသာပင်များအဖြစ် မတွေ့မြင် လိုတော့ချေ။ အချိန်အတိုင်းအတာတစ်ခုအထိ မည်သို့မှပြောင်းလဲမှုမရှိသော အရေခွံထူနေသည့် မျက်နှာရုပ်ပြောင်ခြင်းမျိုးကို ဒီမိုကရေစီဟူသော ရေသန့်ဖြင့်စင်ကြယ်အောင် ဆေးကြောသင့်နေပြီ ဖြစ်သည်။ ဥပမာ- ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေကဲ့သို့ အမျိုးသားလုံခြုံရေးနှင့် တိုက်ရိုက် ပါတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများသည်ပင်လျှင် မိမိတို့အိတ်ဖောင်း၊ ပလ္လင်မပြောင်းရေးဆိုသည့် ကိုယ်ကျိုးတစ်ဖို့ကြောင့် နှစ်ပေါင်းများစွာ ချောင်ထိုးခံထားရပါသည်။
ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည် ရေးဆွဲရေးသည်လည်း တစ်ခုအပါအ၀င်ဖြစ်ရာ ၄င်းတွင် နယ်စပ်ဒေသ လုံခြုံရေးနှင့် မြန်မာ့ ပင်လယ်ပြင်စိုးမိုးရေးအား အာဏာရအစိုးရအနေဖြင့် လုံခြုံမှုရှိအောင် ဖြည့်ဆည်းရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မည်မျှပင် အတွင်းစည်းလုံခြုံအောင် ကာကွယ် နေပါသော်လည်း မိမိခြံပေါက်နေသည့်အတွက် ဖောက်ဝင်သူများဆက်ရှိနေမည်ဖြစ်သောကြောင့်ပင်။

ဥပမာ - နိုင်ငံတကာ၏ မိမိတို့နိုင်ငံရေပိုင်နက်နှင့် ကုန်းတွင်းနယ်နိမိတ်လုံခြုံရေးအတွက် ပါတ်ဝန်းကျင်အပေါ် မူတည်၍ စစ်ရေးအမြင်ရှိသော မဟာဗျူဟာတစ်ရပ်ချက်မှတ်ထားပြီး အင်အားချိန်ခွင်ညှိယူရန် အလွန်အရေးပါမှန်း အုပ်ချူပ်သူအစိုးရတိုင်းသိရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အနောက်ဖက် တံခါးလုံခြုံရေးအတွက် န.စ.က၊ လုံထိန်း စသည်ဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား နယ်စပ်တလျှောက်တွင် အခွင့်အရေးပေးခဲ့ပြီးဖြစ်သည်။ သို့သော် ထိုက်တန်သောအကျိုးရလဒ်များ မှန်းထားသလောက် ထွက်ပေါ်မလာခဲ့မှန်း အစိုးရမှလည်း လက်ခံထားပြီးဖြစ်ပါသည်။ ဤအခြင်း အရာတွင် နယ်စပ်တစ်လျှောက်ရှိ မြန်မာ့ပင်လယ်ပြင်တစ်လွှားကို ပြည်သူများလုံခြုံစိတ်ချစွာ ရပ်တည်နေထိုင်နိုင်ရေးအတွက် မြန်မာ့တပ်မတော်(ရေ)မှလည်း အပြည့်အ၀ မစွမ်းဆောင်နိုင်ချေ။ အိမ်နီးချင်းနိုင်ငံများ လေးစားလောက်သည့် ခေတ်မှီရေဒါစခန်းများ၊ ခေတ်မီစစ်သင်္ဘောကြီးများ ရှိသည်။ သို့သော် ပင်လယ်ပြင်စိုးမိုးမှု အလျင်းမရှိသေးချေ။ မြန်မာ့ပင်လယ်ပြင်တွင် တိုင်းရင်းသား ရေလုပ်သားများ၊ ငါးဖမ်းစက်လှေများသည် တိုင်းတပါးကျူးကျော်များနှင့်စာလျှင် အရေအတွက် အားဖြင့် လွန်စွာနည်းပါးနေခြင်းဖြစ်စဉ်မှာ ပင်လယ်ပြင်လုံခြုံမှုမရှိသောကြောင့်ဖြစ်သည်။

ကုန်းတွင်း ဗျူဟာသေနင်္ဂနည်းတူ ကမ်းရိုးတမ်းလုံခြုံရေးနှင့်ပြန်လည်ကုစားနိုင်ရန်အတွက် ဥပမာ - တိုင်းရင်းသား ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများအား အရေအတွက်အားဖြင့်သာမက အကျိုးစီးပွါး အားဖြင့်ပါ တိုးတက်မှုရှိလာစေခြင်းကို မဟာဗျူဟာတစ်ရပ်အဖြစ်ကျင့်သုံးခြင်းကို အစိုးရအနေဖြင့် ဦးစားပေး လုပ်ဆောင်သင့်ပါသည်။ ခေတ်မီအမြန်လျှပ်ပြေးများဖြင့် ခေတ်မီလက်နက် တပ်ဆင် ထားသော ကမ်းရိုးတမ်း လုံခြုံရေး ရဲတပ်ဖွဲ့များဖြင့် ပြည်ပမှကျူးကျော်ဝင်ရောက်လာမှုကို အချိန်နှင့် တပြေးညီ စနစ်တကျကာကွယ်တားဆီးနိုင်မည့် ကမ်းတက် အထူးရဲတပ်ဖွဲ့များ ဖွဲ့စည်းပေးထားရန် လိုအပ်သည်။ သို့မှသာ အတွင်း၊ အပြင် လုံခြုံသော အနောက်တံခါး၏ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျွန်းသစ်၊ တိုက်တေနီယံ စသည့် နိုင်ငံခြားဝင်ငွေရရှိနိုင်စေမည့် ပို့ကုန်များသည် လုံခြုံချောမွေ့စွာ ကုန်သွယ် စီးဆင်းနိုင်ပေလိမ့်မည်။

နိုင်ငံတကာနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းကူညီစာနာသော အဖွဲ့အစည်း များသည် ဗဟိုအစိုးရနှင့် မည်မျှပင် သဘောတူညီချက်ရရှိပြီးဖြစ်သည်ဆိုစေကာမူ ပြည်နယ်အစိုးရနှင့် ဒေသခံပြည်သူလူထုမှ လက်ခံသော အကူအညီ၊ အခြင်းအရာဖြစ်စေရန် အလွန် အရေးကြီးသည်။ နိုင်ငံတကာစာမျက်နှာတွင် UN, INGO အဖွဲ့များ၏ တဖက်စောင်းနင်း သွေးထိုး လှုံ့ဆော်မှု များကြောင့် ပြည်တွင်းပဋိပက္ခများ၊ ပြည်ပ၏ကျူးကျော်မှုများကို ဒေသခံပြည်သူများ ခံစားနေကြရပြီး နှစ်များမကြာ ထိုနိုင်ငံသည် အစွန်းရောက်များ၏ အခြေစိုက် စစ်စခန်းများ၊ ပြောက်ကျားစခန်းများ အဖြစ်ကြီးထွားလာပြီး တိုင်းပြည် အစိုးရသို့တိုင် အလွန်ကြီးမားသော ခြိမ်းခြောက်မှုမျိုးကို လက်ရှိ ကမ္ဘာကြီးတွင် မျက်ဝါးထင်ထင် မြင်တွေ့နေကြရသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်ပေါင်း(၂၀)ကျော် အထိ ဘင်္ဂလီကျူးကျော်ခိုးဝင်လာသူများကို တစ်ဖက်စောင်းနင်းအခြေအနေဖြင့် ကူညီမှုအကြောင်းပြပြီး နိုင်ငံရေးကစားကွက်ထဲ ၀င်ပါလာသည်အထိ ဒေသခံ ပြည်သူများ အပေါ်တွင် လူ လူ သူ သူ အပြန်အလှန် လေးစားမှုမရှိခြင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ချူပ်ဆိုထားသည့် MOU အတိုင်းအတာထက် လွန်စွာပိုမိုပါဝင်လုပ်ကိုင်လာမှု၊ ပွင့်လင်းမြင်သာသော လုပ်ဆောင်ချက် လုံးဝ(လုံးဝ) မရှိခဲ့မှု တို့အပြင် ကျူးကျော်ဘင်္ဂလီများကို မတောင့်တမကြောင့်ကြပဲ သူတို့၏နည်းမျိုးစုံဖြင့်နယ်ချဲ့မှုလမ်းကြောင်းများကို တစိုက်မတ်မတ်ပံ့ပိုးပြီး ကူညီပေးနေခြင်းကို UN, INGOs, NGOs လုပ်စားများမှ နိုင်ငံရေးအခြေအနေ မဟာဗျူဟာဟန်ချက် ထိခိုက်နစ်နာပြီး လုံခြုံမှုကင်းမဲ့ဇုန်အထိ ပျက်စီးစေခဲ့ပြီးဖြစ်သည်။ ထိုသို့ အခြေအနေများ နောက်နောင် မြန်မာနိုင်ငံအတွင်း ထပ်မံမဖြစ်ထွန်းလာစေရေးအတွက် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့တွင်သာလျှင် တာဝန်ရှိသည်မဟုတ်ပါ။ ဒေသခံပြည်သူများ၏ ပညာရှင်အသိုင်း အ၀ိုင်းများ၊ ပညာတတ်လူငယ်အသိုင်းအ၀ိုင်းများပါဝင်သည့် လူမှုအဖွဲ့အစည်းများမှ ပြည်နယ်အစိုးရ အကူအညီဖြင့် အောက်ခြေအထိ အနီးကပ်စောင့်ကြည့်မှတ်တမ်းတင်နိုင်ရန် UN, INGOs Watch Team ကို ဖွဲ့စည်း ထားရှိရန်လိုအပ်ပါသည်။

၂။ ငြိမ်းချမ်းခြင်းတရားသည် ဗုဒ္ဓဘာသာဝင်ရခိုင်သားတိုင်းလိုချင်သော အရာပင်ဖြစ်သည်။

သို့သော် သဘာဝသစ္စာတရားအရပင် Fair and Judge မဖြစ်သမျှကာလပါတ်လုံး (သို့မဟုတ်) ပင်လုံစာချူပ်ရှိပါလျှက် မလိုက်နာကြသော အစိုးရအဆက်ဆက် တက်လာနေသမျှ ကာလပါတ်လုံး မငြိမ်းချမ်းနိုင်ချေ။ နောက်တစ်ခုမှာ တိုင်းတပါးအစွန်းရောက်ဘာသာဝင်များ၏ အမျိုးဘာသာ၊ သာဿနာအပေါ် ခြိမ်းခြောက်လာနေသည့် အခြေအနေကို အာဏာရအစိုးရမှ တိုင်းရင်းသားများအပေါ် နိုင်ငံရေးအလှည့်အပြောင်း ကစားကွက်ခင်းကျင်းရန် အသုံးချမှုမျိုး ဆက်လက် ပြုလုပ်နေခြင်း မပြုရန်လိုအပ်သည်။ ဤမြေ၊ ဤရေကို ရခိုင်သားတိုင်း ဘိုးဘွားစိုင်ဆက် ပိုင်ဆိုင်ခဲ့သည်။ ဤမြေ၊ ဤရေ၏ သဘာဝသယံဇာတအားလုံးကို ဤသည်ရခိုင်သားများသာ ပိုင်ဆိုင်သည်။ ပြည်ထောင်စု အစိုးရမှ ဒေသခံရခိုင်လူမျိုးများ ကျေနပ်သည်အထိ အနည်းဆုံး (၅၀%)ထက် မနည်းသော သဘာဝကျသည့် Resource Sharing ပြုလုပ်ပေးရမည်။ ရွှေပုံပေါ် ထိုင်နေပြီး စားစရာမရှိ၊ သောက်စရာမရှိ၊ မီးမရှိ၊ ရေမရှိ၊ ဆေးရုံမရှိ၊ အိမ်မရှိ၊ အလုပ်အကိုင်မရှိ သည့် ရင်နင့်စရာ လူဖြစ်ကျိုးမနပ် လူဖြစ်လာနေရသော ဘ၀မျိုးကို ရခိုင်သားတို့ လုံးဝ(လုံးဝ)အလိုမရှိပါ။

၃။ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသောအရာမှာ ငြိမ်းချမ်းမှု မဖြစ်တည်သမျှကာလပါတ်လုံး (လုံးဝ) ဥသုံ ဖြစ်ထွန်းမလာနိုင်ပါ။

Fairly Resource Sharing ရှိပြီးမှသာလျှင် မိမိတို့ဒေသတွင်း ဘက်စုံကဏ္ဍများဖြစ်သည့် အမျိုးသားပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ရေတို၊ ရေရှည် စီမံကိန်းများ ရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်မှု လုပ်ငန်းစဉ်များဖြင့် ဆက်လက်ရှင်သန် ဖြစ်ထွန်းလာ ပေလိမ့်မည်။

ရခိုင်ပြည်နယ်၏ လက်ရှိတွေ့ကြုံရင်ဆိုင်နေရသော စိန်ခေါ်မှုများ
၂၀၁၀ ခုနှစ် GDP အရ နံပါတ် (၁၃)အထိကျဆင်းနေခဲ့သော ရခိုင်ပြည်နယ်၏ လူမှုစီးပွါး အခြေအနေသည် ဘင်္ဂလီကျူးကျော်အန္တရာယ် ပဋိပက္ခများနှင့် လုံးထွေးနေခဲ့မှုကြောင့် ၂၀၁၃ ခုနှစ် တွင် ချင်းပြည်နယ်၏ နောက်၊ အောက်ဆုံးသို့တိုင်ကျရောက်သွားခဲ့ရပေသည်။

ယခုအခါ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲခရိုင်အတွင်းတွင် ပြည်မမှ ပုဂ္ဂိုလိကကုမ္ပဏီ တစ်ချို့သည် အစားထိုးအပင်စိုက်ပျိုးရန် အကြောင်းပြချက်ဖြင့် ရခိုင်ရိုးမသစ်တော ဧက(၁၆၅၀၀၀) ကို တောခုတ်ရှင်းလင်းလျှက်ရှိရာ ရခိုင်ရိုးမတောကြီး၏ သဘာဝပတ်ဝန်းကျင်းထိခိုက်မှုကို များစွာ ခြိမ်းခြောက်စိန်ခေါ်ခံရလျှက်ရှိနေပါသည်။ ရခိုင်တိုင်းရင်းသားများသည် သမိုင်းရှည်ကြာစွာ ပင်လယ် နှင့်ရခိုင်ရိုးမကို မှီခို၍ အသက်ရှင်ရပ်တည်နေလာခဲ့သော လူမျိုးတစ်မျိုးဖြစ်သည်။ ရခိုင်ရိုးမကြီးအား ယခုကဲ့သို့ ဧကများစွာ တောပြုန်းအောင်ခုတ်နေမှုသည် ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်နေသည်နှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ရခိုင်ရိုးမကြီးကို တောခုတ်ဖျက်စီးနေမှုမှန်သမျှအား ရခိုင်လူမှုကွန်ရက် (ရခိုင်ပြည်) အနေဖြင့် ရခိုင်တမျိုးသားလုံးနှင့်အတူ အပြင်းအထန် ကန့်ကွက်ပါသည်။ ထိုနည်းတူစွာ ရခိုင်ပြည်နယ် မြောက်ပိုင်း မေယုတောင်တန်း၊ စိုင်းဒင်ရေတံခွန်ပါတ်ဝန်းကျင်များတွင် တရားမ၀င်သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးနေမှုများအား အပြင်းအထန်ကန့်ကွက်ပါသည်။

UNHCR အပါအ၀င် အေဂျင်စီအားလုံးသည် (၁၉၉၄)ခုနှစ် မှ စတင်၍ ဘင်္ဂလီတို့ကို ကူညီထောက်ပံ့ ပေးလာခဲ့သည်မှာ နှစ်ပေါင်း(၂၀)ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ UN/INGO တို့သည် နိုင်ငံရေးနယ်ပယ်ထဲသို့ ၀င်ရောက်လာခဲ့သည်ကို တွေ့မြင်နေရသည်။ UN/INGO အဖွဲ့အစည်းတို့၏ ၀င်ရောက်စွက်ဖက်မှုကြောင့် မောင်တောခရိုင်အတွင်း ဒေသမတည်ငြိမ်သည့် အပြင် အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက်လာသည်အထိ ၀င်ရောက်ကစားလာမှုကို အစိုးရရော ပြည်သူများပါ သိရှိခံစားနေကြရသည်။ ထို့ကြောင့် မောင်တောခရိုင်အတွင်း UN/INGO များ၏ အခန်းကဏ္ဍကို ရုပ်သိမ်း၍ ဒုက္ခသည်များ အမှန်တကယ်ရှိသည့် နေရာများတွင်သာ ကူညီထောက်ပံ့ မှုများ ဆောင်ရွက်ရန် လိုအပ်သည်။

အထက်ဥပမာပါ ကဲ့သို့သော ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများနှင့်ထိပ်တိုက်ရင်ဆိုင်နေကြရမှုကို ဖြေရှင်းနိုင်ရန်အတွက် ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) အား ကျင်းပဖြစ်တည်လာစေခဲ့ခြင်း၏ အကြောင်းအရာများထဲမှ တစ်ခုပင်ဖြစ်သည်။ ဤကဲ့သို့ “ရခိုင်သား”ဆိုသည့် တစ်သားတည်းကျသော စုစည်းညီညွတ်မှုဖြင့် စုပေါင်းအဖြေရှာပြီး လက်တွေ့လုပ်ဆောင်ကြရမည်မှာ သင်နှင့်ကျွန်ုပ်၏ တာဝန်ပင်။ ရခိုင်သားတို့သိက္ခာကို အနာဂတ်မျိုးဆက်သို့တိုင် လက်ဆင့်ကမ်းထိမ်းသိမ်းနိုင်ဖို့ရာ ရခိုင်သားတိုင်းတာဝန်ပင် ဖြစ်သည်။

နိဂုံး
==
ဤကဲ့သို့ သမိုင်းဝင် မော်ကွန်းတင်စေမည့် ရခိုင်အမျိုးသားညီလာခံကြီးမှ ထွက်ပေါ်လာသော လက်ရှိ ရခိုင်ပြည် နိုင်ငံရေးအခင်းအကျင်းအရ လတ်တလောလုပ်ဆောင်ရန် ကိစ္စရပ်များကိုလည်း ဤညီလာခံ၏ စည်းလုံးမှုအင်အားဖြင့် ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေ။ မကြာမှီ ကာလများတွင်လည်း ပြည်တွင်း/ပြည်ပ ရခိုင်လူ့အဖွဲ့အစည်း တစ်ရပ်လုံးပါဝင်သည့် ညီလာခံကြီးများကို ဆက်လက်ကျင်းပပြုလုပ်လာနိုင်ပါစေ။ နောင်အနာဂတ် မျိုးဆက်များအတွက် ရည်ရွယ်သည့် အစီအစဉ်များစဉ်ဆက်မပြတ် သန္ဓေတည် ဖြစ်ထွန်းလာနိုင်ပါစေ ဟု ရခိုင်ပြည် အနာဂတ်အကျိုးမျှော်ကိုးလျှက် ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။

-----------------------------------------------------------------------------
Credit: ရခိုင်လူမှုကွန်ရက် (ရခိုင်ပြည်)
(၂၇-၄-၂၀၁၄)၊ တနင်္ဂနွေနေ့
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။