ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)
အောင်ပွဲအခမ်းအနားမာ ဦးဦးလှစော ပြောခရေ အမှာစကား
=====================================================
ရခိုင်သာစွာလေ။ အားလုံးကို ကျေးဇူးတင်ပါရေ။ လေးစားပါရေ။ အထူးသဖြင့် ဧ ကျောက်ဖြူက အင်းအားစု တိအားလုံး၊ ကျောက်ဖြူ မြို့သူမြိုသားတိ၊ မြို့သူမြို့သားတိနီရာမှာ အောက်ခြီကအစ အလယ်အဆုံး၊ စီးပွါးရေး လုပ်ငန်းသျှင်များအပါအ၀င် အားလုံးကို တန်ဖိုးထား လေးစားပါရေ။ ကျွန်တော့မိတ်ဆွေ စစ်တွေက တစ်ယောက်က ပြောပါရေ။ အကို ဧပွဲကို စစ်တွေမာလုပ်ကေ ဧလောက်ဖြစ်ဖို့လား အကိုလို့ မိန်းပါရေ။
ကျွန်တော်က မဖြေပါ။ အကိုပဲ ဖြေပါဆိုလို့ သူပဲဖြေပါရေ။ ဖြစ်ဖို့ မထင်အကို လတ်။ ဧပိုင် အလွန်တစ်ရာ တာဝန်ကြီးမားရေ ပွဲကြီးတစ်ရပ်ကို အစခါ ကျွန်တော်ရို့ ကျောက်ဖြူကိုရောက် ကျောက်ဖြူမြို့က လုပ်ဖို့ကိုင်ဖို့ ဦးကျော်ငြိမ်းရို့နန့်က တစ်ဖက်က မနိုင်ဝန်ကို ထမ်းရရေ။ ကျွန်တော်ရို့အနီနန့်လည်း ဧတာဝန်ကို ပြောင်းလို့ ရွိလို့ ထမ်းဆောင်ချင်ရေ။ သို့သော် ဧကျောက်ဖြူမာ မလုပ်ဆိုလို့လည်း မဖြစ်ရေ အနီအထားတစ်ခုပါ။ မဖြစ် ဆိုစွာက အသင့်တော်ဆုံး၊ ဧ ကျွန်တော်ရို့ အမျိုးသားညီလာခံသည် လုပ်ကိုလုပ်ရဖို့ အရာတစ်ခုဖြစ်တေ။ ဇာမာ လုပ်ဖို့ လဲ။ အသင့်တော်ဆုံးနီရာသည် ကျောက်ဖြူပါ။
လုံခြုံရေးအရ တစ်ရာတစ်ခုက ဧကျောက်ဖြူသည် ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်တကာ သေနင်္ဂဗျူဟာမြောက်တေ နိရာတစ်ခုဖြစ်ပါရေ။
တရုပ် ရင်းနှီးမြှတ်နှံမှုတိဟိရေ။ ဧတရုပ် ရင်းနှီးမြှုတ်နှံမှုတိရေ ကျောက်ဖြူ ဒေသခံတိအတွက် အကျိုးစီးပွါး ခံစားရလား မရလားဆိုစွာကို ဧမာဟိရေ ဆရာဦးထွန်းရို့ အသိဆုံးပါဗျယ်။ သို့သော် ဧရင်းနှီးမြှုတ်နှံမှုတိကို ကျွန် တော်ရို့ ကျောက်ထုတ်ပစ်လို့ ရစွာလည်းမဟုတ်။ ယေခါ ဧသျှင့်သည် ကျောက်ဖြူမာ၊ ဘင်္ဂလား ပင်လယ် အော် မာ တရုပ်တိက ရခိုင်ပြည်မာ ၀င်လာရေ။ အမေရိကက စောင့်ကြည့် နီရေ။ တစ်ချိန်တည်းမာ အိန္ဒိယက စစ်တွေ မြို့မာ သင်္ဘောဆိပ်ချပြီးကေ ဘင်္ဂလာပင်လယ်အော်မာ အိန္ဒိယက လည်း ၀င်လာရေ။
ယင်းပိုင်အချိန်မျိုး မာ ကျောက်ဖြူသည် အလွန်တရာ အရေးကြီးပြီးကေ သေနင်္ဂဗျူဟာကျရေ ဒေသတစ်ခုပါ။ ဧဒေသမာ ကျွန်ရို့ သည် ရခိုင်အောင်လံတော်ကို ခိုင်ခိုင်မာမာ စိုက်ထူနိုင်ဖို့ အရေးကြီးပါရေ။ ယင်းယှင့်ရေ ကျွန်တော်ရို့ ညီလာခံ ၏ သေနင်္ဂဗျူဟာ အစစ်ဖြစ်ပါရေ။ ညီလာခံမာ ကျွန်တော်ရို့က ရခိုင်တစ်မျိုးသားလုံး ညီညွှတ်ရေး၊ ရခိုင်တစ်မျိုး သားလုံး ညီရေဆိုစွာကို တရုပ်တိကို မြင်စီချင်ရေ၊ အိန္ဒိယကို မြင်စီချင်ရေ၊ အမေရိကကို မြင်စီချင်ရေ၊ ကမ္ဘာကြီးကို မြင်စီချင်ရေ။ (ရခိုင်ပြည်သူလုထု၏ လက်ခုတ်သံတိ ပပွတ်ဆူလားရေ)
ကျွန်တော်ရို့ ကျောက်ဖြူမာ လုပ်တေခါ၊ ကျွန်တော်ရို့ အောက်ခြီမာ လူထုတိက တတ်တတ်ကြွကြွလာလို့ အားပီးကတ်တေ။ ကျွန်တော်ရို့ ၁၇ မြို့နယ်က ညီလာခံ ကိုယ်စားလှယ်တိက ရင်ထဲမာ နာကျင် ပေါက်ကွဲနီ ကတ်တေ ဝေဒနာတိကို ဖွင့်ချကတ်တေ။ ခံစားချက် ပြင်းထန်မှုတိပါရေ၊ ပညာရပ်ဆန်ရေ။ အားလုံးသည် တရားပါရေ။ ယင်းပိုင် ရင်ထဲက ပေါက်ကွဲလာရေ ဝေဒနာတိကို နားထောင်ဖို့အတွက် ကျောက်ဖြူမြို့နယ်က အခြီခံလူထုတိက အုပ်နန့်ချီလို့ လာကတ်တေ။ ဧယှင့်သည် ဇာလေဆိုကေ တစ်ယောက်နန့်တစ်ယောက် လက်ချင်း ကျစ်ကျစ်ဆက်တေဆိုစွာကို ပြစွာဗျာယ်။ တစ်ချိန်တည်းမာ ယင်းပိုင်လာရေ လူတိအတွက် နီရေး ထိုင်ရေး စားဖို့အခက်အခဲ ဟိလာရေခါ ကျောက်ဖြူမြို့ကို လော်ချေတစ်ခုနန့် အော်ပြီးကေ ကျွန်တော်ရို့ ဂါရီနန့်် ထမင်းထုတ်တောင်းလို့၊ မထင်းထုတ်ပေါင်း များစွာရလို့ ပျော်ပျော်ပါးပါး စားကတ်တေ ရခိုင်လူထုအသံကို နားထောင်ယင်းပင်း လက်သီးကိုကျစ်ကျစ်ဆုတ်ယင်းပင်း ကျွန်တော်ရို့ ဧပွဲကို ဖြတ်သန်းခကတ်ပါရေ။
ဧနိ နိခင်းက ကျွန်တော်ရို့ ထမင်းထုတ်စုလို့ စားကတ်တေလူတိထဲမှာ ကျေးလက်လာရေ မမာ့တိ၊ မြို့ပေါ်က လူတိ၊ အောက်ခြီလူတန်းစားတိသည် ပျော်ပျော်ရွှင်ရွှင် ထမင်းစားယင်း ကလို့ခုန်လို့ တေးခြင်းဆိုလို့ မြင်ရစွာတိ အလွန်တရာ မင်္ဂလာဟိပါရေ။ ကျွန်တော်ဆိုလိုစွာက ဧပိုင် ဒေါင့်ပေါင်းစုံက ရခိုင်လူထုတိလာရေပိုင်၊ ရန်ကုန် က၊ ကျောက်ဖြူက အိုင်တီနည်းပညာတိနန့် အကူအညီပီးရေ လူငယ်ချေတိပါ၊ အိုင်တီ ကျွမ်းကျင်ရေ နိုင်ငံ တကာအတွိအကြုံဟိရေ လူငယ်ချေတိသည် ဧညီလာခံဖြစ်ရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခကတ်ပါရေ။ ယင်းသူရို့ အခန်းကဏ္ဍကလည်း အလွန်တရာကြီးမားပါရေ။ ကျွန်တော်ဆိုလိုစွာက အောက်ခြီပြည်သူလူထု တိက ရင်နန့်ရင်းပြီးကေ ခံစားလို့ ဧပွဲကိုလာရေပိုင်၊ ပညာသျှင်တစ်ပိုင်းတစ်စဖြစ်တေ ကျွန်တော်ရို့ အနာဂတ် ရခိုင်လူငယ်တိကလည်း ပညာနန့် ရင်းပြီးကေ လာရောက်ပေါင်းစည်းပီးကတ်တေ။ ယင်းအချိန်မာ ကျောက်ဖြူ မာဟိရေ ဦးကျော်ငြိမ်းရို့၊ ဆရာထွန်းလွင်ရို့၊ ကိုလှမျိုးကျော်ရို့၊ ကိုဗလကြီးရို့ပိုင် ရပ်ရေးရွာရေး ပရဟိတလုပ် လုပ်ငန်းတိမာ တက်တက်ကြွကြွ လုပ်ကတ်တေ လူတိနန့်ပေါင်းစည်းမိကတ်တေခါ အလွန်တရာလှပရေ ရခိုင်သမိုင်းမှာ သမိုင်းဝင်ဖို့ မော်ကွန်းတစ်ခုကို ဧနီရာစိုက်ထူနိုင်ခပါရေ။ ဧယှင့်သည် ကျွန်တော်ရို့ လွတ်လပ်ရေးရပြီးရေနောက်ပိုင်း စစ်အာဏာရှင် စနစ်အောက်မာ စစ်ဖိနပ်နန့် လိုင်ပင်းကိုတက်နင်း၊ ရင်ဘက် ကို တည့်တည့်ကျောက်ပစ်လိုက်၊ နည်းမျိုးစုံနန့် ရက်စက်ခရေခေတ်မာ မမျှော်လင့်ခ၊ မလုပ်နိုင်ခ စွာတစ်ခုကို စကေချေ ပွင့်လင်းလာရေခေတ်မာ ဧပိုင်လုပ်နိုင်ရေဆိုစွာရေ၊ ဧထက် ပွင့်လင်းလာကေ ရခိုင်သားရေ ဧထက် စွမ်းနိုင်ရေဆိုစွာကို ရခိုင်သားတိ ကမ္ဘာကို ပြသနီစွာဖြစ်ပါရေ။ (လူထုလက်ခုတ်သံတိ ပပွတ်ညံ့လားရေ)
ကျွန်တော်ရို့ ဧ ကျောက်ဖြူညီလာခံသည် ညီညွှတ်မှုတစ်ခုကို တည်ဆောက်နိုင်ခပါရေ။ ကျောက်ဖြူညီလာခံက တည်ဆောက်နိုင်ခသော ညီညွတ်မှုသည် ကျွန်တော်ရို့ မိုးမှောင်ကြီးကျနီရေ ရခိုင်ပြည်ကြီးအတွက်၊ မိုးမှောင် ကြီးထဲမာ ဒုက္ခကျနီရေ ရခိုင်ပြည်သူတိအတွက် မီးရှုးတန်ဆောင်မဖြစ်နိုင်ကေတောင်မှ အားကောင်းရေ ဖယောင်းတိုင်တစ်ချောင်း ဖြစ်နိုင်လိမ့်မေလို့တော့ခါ ကျွန်တော် ယုံကြည်ပါရေ။ (လူထုလက်ခုတ်သံ)။
ယင်းနည်း၎င်း နောက်ကုန်းမာ၊ ကြောမာ၊ ခေါင်းမာ ဒဏ်ရာဗလပွနန့်ဖြစ်နီရေ အဖရခိုင်ပြည်ကြီးအတွက်၊ ရခိုင်ပြည်သူတိအတွက် အားဆီးတစ်ခွက်လောက် ဖြစ်နိုင်လိမ့်မေလို့ ကျွန်တော် ယုံကြည်မိပါရေ။ (လက်ခုတ်သံ ဆူဆူညံညံထွက်ပေါ်)
ဧယုံကြည်မှုက ကျောက်ဖြူညီလာခံသည် ရှိကိုဆက်လားရဖို့ အလွန်တရာရှည်လျား သော၊ ကျွန်တော်ရို့ ဆုံးယှုံးနီသော အမျိုးသားအခွင့်အရေးများ၊ ဆုံးယှုံးနီသော အချုပ်ခြာအာဏာ၊ တစ်စစီပြို လဲနီသော အမျိုးသား ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ဖို့အတွက် ခြီလှမ်းတစ်လှမ်းရာ ဖြစ်ပါသိရေ။ ဧပိုင် ညီလာခံပေါင်းများစွာကို ကျွန်တော်ရို့ ဖြတ်သန်းရပါဖို့သိ။ ဇာဖြစ်လို့လည်းဆိုကေ ကျွန်တော်ရို့သည် ကိုယ်ရို့ အချုပ်အခြာအာဏာ ကျဆုံးပြီးကေ ဘက်ပေါင်းစုံက ပြိုကွဲပျက်စီးနေသော လူမျိုးတစ်မျိုး၊ Defeated Nation စစ်ယှုံးသော လူမျိုးတစ်မျိုးအဖြစ် နှစ်ပေါင်း ရာစုနှစ်ခုကျော်ကို ဖြတ်သန်းလာရပြီးသား ဖြစ်တေအတွက်ကြောင့် မိမိရို့လိုရင်းသို့ ရောက်ဟိဖို့ဆိုစွာရေ ဧလောက်ချေ ညီလာခံချေနန့် မရပါ။
အများကြီး အများကြီး လားရပါဖို့။ ယင်းအတွက်နန့် ကျွန်တော်ရို့မာ အားကိုးစရာဆိုလို့ ကိုယ့်ကိုယ်ကိုရာ ဟိပါရေ။ ကျောက်ဖြူက တေးခြင်းချေ တစ်ပုဒ်ဆိုထားရေ “ကျွန်တော်ရို့ပြည်ကို ကျွန်တော်ရို့လက်နန့် အလှဆင်မေ” (ကျောက်ဖြူသားလီသံနန့်) ဆိုပိုင် ကျွန်တော်ရို့ ကိုယ့်ရပ်ကိုယ့်ပြည်ကို အလှဆင်ဖို့အတွက် ကျွန်တော်ရို့လက်၊ ကျွန်တော်ရို့ရင်၊ ကျွန်တော်ရို့ နှလုံးသား၊ ကျွန်တော်ရို့ ဦးခေါင်းမှတစ်ပါး အခြားလူလာလုပ်ပီးလို့မရပါ။ ယင်းအတွက်နန့် ကျွန်တော်ရို့သည် ဧယှင့်ကစပြီးကေ ရှိကိုညီညီညွတ်ညွတ်နန့် လှမ်းလားဖို့ အရေးကြီးပါရေ။
အားလုံးကို လေးစားပါရေ။ ကျွန်တော် ပြောချင်စွာက ဤညီလာခံမှသည် ဆရာထွန်းလွင်ပြောခရေ ပိုင် အဂု ကျောက်ဖြူမာလုပ်တေ၊ လိုအပ်ကေ သုံးနှစ်တစ်ကြိမ်၊ လေးနှစ်တစ်ကြိမ်ဖြစ်စီ ဤကဲ့သို့ ညီလာခံမျိုးကို ရခိုင်ပြည်၏ သင့်တော်သောနီရာမာ ပြန်လည်ဆုံဆည်းပြီးကေ အားသစ်လောင်းပြီးကေ ရှိကိုတစ်လှမ်းတက် လားဖို့အတွက် ပြင်ဆင်ရပါဖို့။ ညီလာခံကြီးက ချမှတ်လိုက်တေ ဆုံးဖြတ်ချက်တိကိုလည်း အကောင်အထည် ဖော်ဖို့ ကြိုးစားပြင်ဆင်ရပါဖို့။ ကျွန်တော်ရို့ ညီလာခံသည် မီးသျှူးမီးပန်းဖောက်တေ ညီလာခံမဟုတ်၊ ကျွန်တော် ရို့ရင်ထဲမာဟိရေ ဝေဒနာတိကို ဖွင့်အံဖို့သက်သက် ညီလာခံမဟုတ်ဘဲနန့် လက်တွိအကောင်အထည်ဖော်ဖို့ ညီလာခံလည်း ဖြစ်ရပါဖို့။
ကျွန်တော့်အနီနန့် နောက်ဆုံးပြောချင်စွာက ရခိုင် ရခိုင် အဓွန့်ရှည်ပါစီ။ ရခိုင် ရခိုင် အဓွန့်ရှည်ပါစီ။ ရခိုင် ရခိုင် အဓွန့်ရှည်ပါစီ။
(မိုက်ခွက်ကို လက်နန့်ကိုင်ပနာ မျက်နှာကို အာကာထက်သို့မော်ပြီးကေ မာန်ပါပါနန့် အော်ဟစ် ကြွီးကြော်သံပါ။ လူထုလက်ခံသံက ကျောက်ဖြူမြို့နန့် ရမ်းဗြဲကျွန်းကြီးကို လွမ်းမိုးလားခပိုင်ခံစားရပါရေ။)
---
Ran Naing's Facebook

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။