ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) သို့ စစ်တွေမြို့နယ် ကိုယ်စားလှယ်များက တင်သွင်းသော စာတမ်း
==============================
နိဒါန်း
ရခိုင်လူမျိုးများသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အလုံးစုံသော ရခိုင့် အလွှာအသီသီးကို ကိုယ်စားပြုသူများ စုံလင်စွာ တက်ရောက်နိုင်သည့် ညီလာခံကြီးအဖြစ် ယခုကျင်းပနေသည့် ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) အား စစ်တွေမြို့နယ်ကို ကိုယ်စားပြုတက်ရောက်လာသူများက အသိအမှတ်ပြု ကြိုဆိုပါကြောင်း ဦးစွာ ပဏာမ ပြောကြားလိုပါသည်။
ဤကျောက်ဖြူညီလာခံသည် လက်ဝေခံနိုင်ငံရေးအရ ဖြစ်ပေါ်လာခြင်း ဟုတ်မဟုတ်ကို ကနဦးတွင် ကွဲပြားသော အယူအဆများ ရှိခဲ့ကြသော်လည်း အနည်းဆုံးအဆင့် ဤညီလာခံအားဖြင့် ရခိုင်လူမျိုး အချင်းချင်းတို့အကြား ရင်းနှီးကျွမ်းဝင်မှုများ ဆထက်တပိုး ရရှိလာပြီး ကျွန်ုပ်တို့၏ ဘုံရည်မှန်းချက် ဆီသို့သွားရာလမ်းတွင် လိုအပ်သော စုစည်းညီညွတ်မှုအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဟု ကျွန်ုပ်တို့ သုံးသပ်သောကြောင့် ကျွန်ုပ်တို့ တက်ရောက်လာခဲ့ကြပါသည်။
ယနေ့ ပြည်ထောင်စုအစိုးရ၏ အခင်းအကျင်းခွင့်ပြုချက်အရ ကျင်းပသော ဤကျောက်ဖြူညီလာခံ တွင် ရခိုင်လူမျိုးတို့အတွက် စစ်မှန်သော မဟာဗျူဟာ ၏ အပြည့်အစုံကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ချမှတ်နိုင်ရေးအတွက်မူကား ဤညီလာခံအတွက် ကန့်သတ်ချက်များရှိနေနိုင်ပါသည် ။
ဤစာတမ်းတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ စစ်တွေမြို့အတွက်သာမက ရခိုင်တစ်မျိုးသားလုံးအတွက် ဆွေးနွေးသင့်သည့် ပြဿနာဧရိယာများ နှင့် ယင်း ပြဿနာဧရိယာများအတွက် ထင်မြင်သုံးသပ်ချက်များ၊ အကြံပြုချက်များကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ဘင်္ဂါလီ ပြဿနာ
ဘင်္ဂါလီ ပြဿနာသည် နောင်လာမည့် ဆယ်စုနှစ်များအထိ အချိန်ယူ၍ ဖြေရှင်းသွားရမည့် ပြဿနာ ဖြစ်ပါ သည်။ ဘင်္ဂါလီပြဿနာကို ဖြေရှင်းရာတွင် အောက်ပါတို့မှာ လုံးဝအခိုင်အမာ ရပ်တည်သွားရမည့် ရပ်တည်ချက်များအဖြစ် ကျွန်ုပ်တို့ ခံယူပါသည်။
(က) ဤပြဿနာကို မည်သည့်နည်းနှင့် ဖြေရှင်းသည်ဖြစ်စေ၊ ရခိုင်လူမျိုးများက သဘောတူလက်ခံသော နည်းလမ်းဖြင့် ဖြေရှင်းမှသာလျှင် ပြေလည်သွားနိုင်မည် ဖြစ်ပါသည်။ ဖြေရှင်းနည်းတစ်ရပ်ရပ်ကို ရခိုင်လူမျိုးများ သဘောမတူဘဲ အတင်းအဓမ္မ သွတ်သွင်းဖြေရှင်းပါက ယင်းဖြေရှင်းနည်းအားဖြင့် ပဋိပက္ခကို ပိုမိုကြီးထွား အောင် လုပ်ရာရောက်ပါသည်။ ရခိုင်ပြည်တွင်းနေ ရခိုင်ပြည်သူများကို လက်နက်ကိုင်သူများ ဖြစ်လာအောင် တွန်းပို့နေရာရောက်ပါသည်။
(ခ) ရခိုင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီဆူပူမှုအရေးမှာ မြန်မာပြည်မတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် သဘောသဘာဝချင်း မတူပါ။ မိတ္ထိလာအရေးအခင်းကဲ့သို့သော အရေးအခင်းများသည် ဘာသာရေး ပဋိပက္ခ များဖြစ်ကြပြီး ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီဆူပူသောင်းကျန်းမှုများမှာ မူ
လူဝင်မှုကြီးကြပ်ရေး ပြဿနာ နယ်စပ်လုံခြုံရေး ပြဿနာ ဖြစ်ပါသည်။ ထို့ကြောင့်
ဤပြဿနာကို ဖြေရှင်းရာတွင် လူ့အဖွဲ့အစည်းနှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ရေး
အစရှိသည့် တလွဲကုထုံးများနှင့် ကုသရမည့်အစား မှန်ကန်သော ကုသမှုမှာ
၁၉၈၂-နိုင်ငံသားဖြစ်မှုဥပဒေဖြင့် ဘင်္ဂါလီများအား စစ်ဆေးအရေးယူခြင်း ဖြစ်ပေသည်။
(ဂ) အကယ်တန္တု ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေဖြင့် စိစစ်ပြီးသည့်အချိန်တွင် နိုင်ငံသားဖြစ်ခွင့်ရှိသော ဘင်္ဂါလီလူမျိုးများအား မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေအ ရ နိုင်ငံသားဖြစ်ခွင့်လျှောက်ထာြး ပီး နိုင်ငံသားခံယူခွင့် ရရှိသူများကို မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာသွားလာအခြေချနေထိုင်ခွင့်ပြုရမည်။
(ဃ) ရခိုင်တို့မှာ ဌာနေတိုင်းရင်းသားများဖြစ်ကြပြီး
အခြားတစ်ဘက်ခြမ်းမှ ဘင်္ဂါလီများမှာ ခိုးဝင်သူများ ဖြစ်သည့်အတွက်
ဘင်္ဂါလီပြဿနာကို ဖြေရှင်းရာတွင် တန်းတူရည်တူ စားပွဲထိုင်ဆွေးနွေးခြင်း
ပြုလုပ်ခြင်းသည် လုံးဝမှားယွင်းသော လုပ်ရပ်ဖြစ်သည်။
(င) ဗြိတိသျှများ ရခိုင်ပြည်နယ်ကို နှစ်ပေါင်းရာကျော် အုပ်စိုးခဲ့စဉ်ကာလအတွင်း ပြုလုပ်ခဲ့သော သန်းခေါင်စာရင်း အဆက်ဆက်တို့တွင် “ရိုဟင်ဂျာ” ဟူသော လူမျိုးအမည်လိမ်မှာ ပါဝင်ခြင်း လုံးဝမရှိခဲ့ပါ။ ထို လူမျိုးနာမည်လိမ်အား သုံးစွဲခြင်းသည် ထိုနာမည်နောက်ရှိ နယ်သစ်ချဲ့ထွင်သူ ဘင်္ဂါလီများ၏ နယ်သစ်ချဲ့ထွင်ရေး ရည်မှန်းချက်များကို အထောက်အကူပြုပေးရာရောက်သည်။ ထိုကဲ့သို့ ခေါ်ဝေါ်သုံးစွဲသူများသည် ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသူများ ဖြစ်သည် ဟု ကျွန်ုပ်တို့ သတ်မှတ်သည်။
(စ) အင်အားကြီးအနောက်နိုင်ငံ အချို့သည် နယ်သစ်ချဲ့ထွင်ရေးဝါဒီ ဘင်္ဂါလီများအား ချောင်ပိတ်သော အခြေအနေသို့ မရောက်စေဘဲ ၄င်းတို့အား သက်တောင့်သက်သာရှိစေသည့် အနေအထားကို ရောက်အောင်လုပ်ပေးမှသာလျှင် ပြည်တွင်းရှိ ဘင်္ဂါလီများလက်နက်စွဲကိုင် သောင်းကျန်းလာမည့် အခြေအနေကို ရှောင်လွဲနိုင်မည် ဟူသော မှားယွင်းသော အယူအဆပေါ် အခြေခံကာ ဘင်္ဂါလီများက ရိုဟင်ဂျာ နာမည်ခံစေလိုက ခံစေခြင်း၊ အကူအညီအထောက်အပံ့များ ဒလဟောပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။ သို့ရာတွင် နယ်သစ်ချဲ့ထွင်သူ ဘင်္ဂါလီများ လိုလားသမျှကို ပေးအပ်ရန်အတွက် ဌာနေ ရခိုင်တိုင်း
ရင်းသားများ၏ ရပိုင်ခွင့် နှင့် အခွင့်အရေးများကို စတေးပေးရမည့် မည်သည့် ချဉ်းကပ်လုပ်ဆောင်မှု မှန်သမျှကို ကျွန်ုပ်တို့ လုံးဝလက်မခံ။
သဘာဝသယံဇာတ အကျိုးခံစားခွင့်များ ရရှိရေး
ရွှေသဘာဝဓါတ်ငွေ့အပါအ၀င် ရခိုင်ပြည်မှထွက်ရှိသော သဘာဝသယံဇာတများ၏ အကျိုးခံစားခွင့်မှာ ရခိုင်ဌာနေ တိုင်းရင်းသားများ၏ မဖြစ်မနေရပိုင်ခွင့်ဖြစ်သည်။
ရွှေသဘာဝဓါတ်ငွေ့အပါအ၀င် ရခိုင်ကမ်းလွန်သဘာဝဓါတ်ငွေ့များ ၊
ရခိုင့် တွင်းထွက် ဓါတ်သတ္တုများကို ရခိုင်ပြည်သူ ပြည်သားများ
ပိုင်ဆိုင်သည့်အတွက် ရခိုင်ပြည်သူပြည်သားများက စီမံခန့်ခွဲပိုင်ခွင့် နှင့်
ယင်းသဘာဝ သယံဇာတများ၏ အကျိုးခံစားခွင့်များထဲမှ အနည်းဆုံး (၅၀)
ရာခိုင်နှုန်းမှာ ရခိုင်ပြည်သူပြည်သားများက ရသင့်ရထိုက်သော
အခွင့်အရေးဖြစ်သည်။
မြန်မာပြည်မတွင် အများပြည်သူတို့အား ရောင်းချသည့် နှုန်းထားအတိုင်း ရခိုင်တစ်ပြည်နယ်လုံးတွင် မြို့ပြကျေးလက်မကျန် လျှပ်စစ်ဓါတ်အားကို ၀ယ်ယူသုံးစွဲပိုင်ခွင့် ရှိရပါမည်။
တောင်သူလယ်သမားများအရေး
ရခိုင့်လူဦးရေသည် ရခိုင်ပြည်နယ်တွင်းမှနေ၍ မြန်မာပြည်၏ အခြားနေရာများသို့ သော်လည်းကောင်း နိုင်ငံရပ်ခြားသို့သော်လည်းကောင်း
ထိတ်လန့်ဖွယ်ရာနှုန်းထားဖြင့် ယိုစီးထွက်နေလေရာ၊ ထိုကဲ့သို့
ယိုစီးထွက်နေသော လူဦးရေ၏ အဓိကအစိတ်အပိုင်းမှာ
ရခိုင့်တောင်သူလယ်သမားများဖြစ်ြ ကသည်။
ရခိုင့်တောင်သူလယ်သမားများ စပါးရောင်းချရရှိသော ၀င်ငွေသည် မိသားစုရပ်တည်စားသောက်ရန် မဖြစ်နိုင်သော ၀င်ငွေဖြစ်နေသဖြင့် တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏လယ်ယာများကို စွန့်ခွာ ထွက်သွားနေရခြင်းဖြစ်လေသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် အခြားဌာနများက သိမ်းပိုက်ထားသော လယ်ယာမြေများ ရှိနေဆဲဖြစ်ခြင်း၊ ဆည်မြောင်းကဏ္ဍအားဖြင့် ရခိုင့်တောင်သူလယ်သမားများ ၏ ၀င်ငွေအထွက်တိုးရေးကို ကူပံ့မှုဘာမှ မရှိခြင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဆည်မြောင်းတာတမံများမှာ ရခိုင်ပြည်နယ်ဘက်ဂျက်ကို သုံးစွဲကာ စစ်တပ်၏ ရေချိုသိုလှောင်ကန်များအဖြစ်သာ အသုံးပြုနေခြင်း အစရှိသည့် အကြောင်းခြင်းရာများသည် ရခိုင်ပြည်၏ လူဦးရေအများစုဖြစ်သည့် တောင်သူလယ်သမားများအား လုပ်ငန်းခွင်စွန့်ခွာမှုကို ပံ့ပိုးနေသည့် အကြောင်းအချက်များ ဖြစ်ကြသည်။
ရခိုင်ဒေသတွင် ရေငံတား ကာရီများတည်ဆောက်ကာ စပါးစိုက်ပျိုးရသည့် အခြေအနေရှိခြင်း၊ စပါးစိုက်ဧရိယာများကို ရေငံပုဇွန်မွေးမြူရေးကန်များအဖြ စ်
ပြောင်းလဲအသုံးချသူများ နှင့် လယ်သမားတို့ ပဋိပက္ခရှိနေခြင်း၊ White Card
ကိုင်ဆောင်သူ နိုင်ငံသားမဟုတ်သူများက လယ်ယာမြေများကို စီးနင်းထားခြင်း
တို့ကြောင့် လယ်လုပ်သူ လယ်ပိုင်ခွင့် ဟူသည့် အချက်ကို
တစ်သမတ်တည်းကိုင်စွဲကာ လယ်ပိုင်ခွင့်ပေးရန် မဖြစ်နိုင်ခြင်း၊ “ရေတစ်လှိမ့်
စားကျက်ပိုင်” အစရှိသည့် ရခိုင့်ဓလေ့ထုံးတမ်းများရှိနေခြ င်း
စသည့်အကြောင်းအချက်များကြောင့် ရခိုင်ပြည်နယ် အတွက် သီးခြားရေးဆွဲသည့်
ရခိုင့်လယ်သမားများ အကျိုးစီးပွားကို အကာအကွယ်ပေးသည့် ရခိုင့်လယ်ယာကဏ္ဍဥပဒေ
တစ်ရပ်ကို ခိုင်ခိုင်မာမာ ရေးဆွဲပြဌာန်းပေးရန် လိုအပ်သည်။
ပြည်ထောင်စု အစိုးရ နှင့် ရခိုင်ပြည်နယ် အစိုးရ
ရခိုင်တို့အနေဖြင့် စစ်မျက်နှာ နှစ်ဘက် မဖွင့်သင့် ဟု ဆိုကြရာ ထိုအချက်မှာ သဘောတရားတစ်ရပ် အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် လက်ခံကြသည့် သဘောတရားဖြစ်သည်။
သို့ရာတွင် ပြည်ထောင်စုအစိုးရ (ဗမာအစိုးရ) မှာ မည်ရွေ့မည်မျှအထိ မိမိတို့၏ ညီနောင် ရခိုင် တိုင်းရင်းသားများကို တန်းတူ လက်တွဲ ရပ်တည်မည် မရပ်တည်မည်မှာ ကာလများအတွင်း ၄င်းတို့ဘက်မှ လုပ်ဆောင်မှုများ၏ တစ်ဆင့်ချင်း တစ်ဆင့်ချင်းကို သုံးသပ် ဆုံးဖြတ် သွားရမည့်ကိစ္စဖြစ်လေသည်။
ပြီးခဲ့သည့် သန်းခေါင်စာရင်းကိစ္စတွင် လူမျိုးစာတိုင်အမှတ် (914) နံဘေးတွင် “ရိုဟင်ဂျာ” အမည် ရေးသွင်းခွင့်မပြုဖို့ အရေးကို ရခိုင်လူမျိုးများက အပြင်းအထန် တိုက်ပွဲဝင်ကြသည့်အခါကျမှ ပြည်ထောင်စု အစိုးရသည် ရခိုင်လူမျိုးများနှင့် အတူ ရပ်တည်ခဲ့သည်။ ထိုသည်မှာလည်း ယင်းရပ်တည်ချက်မှာ ရခိုင့် အကျိုးစီးပွားကို စာနာထောက်ထား ဆုံးဖြတ်ခြင်း ဟုတ်ပုံမရပေ။ ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွား ကြောင့်သာ ရခိုင်လူမျိုးကို ဒေါ်လာသန်း (၆၀) ဖြင့် မရောင်းချသင့် ဟု အဖြေထွက်ခဲ့ပုံ ရလေသည်။
လက်ရှိအခြေအနေတွင် ဗမာတို့ ဦးဆောင်သည့် ပြည်ထောင်စုတွင်ပါဝင်နေသည့် ရခိုင်လူမျိုးတို့အနေဖြင့် ဗမာများနှင့် ယာယီမဟာမိတ်ဖွဲ့ကာ ရပ်တည်လှုပ်ရှားနေရသည်ကို သဘောပေါက်ရန်လိုသည်။ ထိုမှတစ်ဆင့် ရေရှည်မဟာမိတ်၊ ထိုမှ တစ်ဖန် ထာဝရ မဟာမိတ်များအဖြစ် တစ်ဆင့်ချင်း တည်ဆောက်သွားနိုင်ခြင်းသည် ရခိုင်တို့အတွက် အဖြစ်နိုင်ဆုံးနှင့် အကျိုးအမြတ် အဖြစ်ထွန်းနိုင်ဆုံး လမ်းကြောင်းဖြစ်သည်ကို လတ်တလော အနေအထားများအရ သုံးသပ်တွေ့ရှိနိုင်ပေသည်။
သို့ရာတွင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ် ဖြစ်ထွန်းလာရေးအတွက် ရခိုင်အပါအ၀င် တိုင်းရင်းသားပြည်နယ်များတွင် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အတိုင်းအဆများစွာ တိုးချဲ့ပေးအပ်ရန် လိုအပ်နေပေသေးသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ ရင်ဆိုင်နေရသည့် ပြဿနာများအနက် အရေးအကြီးဆုံးပြဿနာ သုံးရပ်ဖြစ်သည့် ဘင်္ဂါလီများပြဿနာ၊ သယံဇာတရပိုင်ခွင့် ပြဿနာ၊ စစ်တပ် လယ်သိမ်းထားသည့် ပြဿနာ များကို ပြေလည်အောင် ဖြေရှင်းနိုင်သည့် လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ ဟူ၍ ရခိုင်ပြည်နယ် လွှတ်တော် နှင့် ရခိုင် ပြည်နယ် အစိုးရ တို့တွင် မရှိကြချေ။
ပြည်နယ် ၀န်ကြီးချုပ်ကို ပြည်ထောင်စု သမ္မတက ခန့်အပ်ခြင်းမဟုတ်ဘဲ ပြည်နယ် လွှတ်တော်က ခန့်အပ်နိုင်ခြင်း၊ ရခိုင့်သယံဇာတများအရေးကို ရခိုင်များစီမံခန့်ခွဲနိုင်အောင်
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နောက်ဆက်တွဲ ဇယား (၂) နှင့် ဇယား (၅) ပါ
ဥပဒေပြုစာရင်းနှင့် အခွန်အခများစာရင်းကို ပြည်နယ်များအတွက်
တိုးချဲ့ပေးခြင်း၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် တို့အား
ပြည်ထောင်စု လွှတ်တော် အဖြစ် ပေါင်းစည်းထားသည့် စနစ်ကို ပယ်ဖျက်ခြင်း၊
ဗဟိုအစိုးရက တိုင်းပြည်တစ်ခုလုံး၏ ဘက်ဂျက်ကို လက်ဝါးကြီးအုပ်
တင်သွင်းအတည်ပြုနိုင်သည့် စနစ်ကို ပယ်ဖျက်ခြင်း၊ ပြည်ထောင်စုတပ်မတော် ကို
တည်ထောင်ခြင်း အစရှိသော ပြည်ထောင်စု စစ်စစ် ပေါ်ထွန်းလာရေးကို ဦးတည်သည့်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာပြင်ဆင်ချက်များ ပြုလုပ်နိုင်မှ သာလျှင်
ရခိုင်ပြည်နယ်သူ ပြည်နယ်သားများအပါအ၀င် ပြည်ထောင်စု တိုင်းရင်းသားများ
အားလုံးအတွက် လုံခြုံ၊ အေးချမ်း၊ ဖွံ့ဖြိုးသော ပြည်ထောင်စုကြီးကို
တည်ထောင်နိုင်မည် ဖြစ်ပါသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအကြိုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လုံလောက်သော ပြင်ဆင်မှုများ လုပ်နိုင်ခဲ့သည်ဖြစ်စေ မလုပ်နိုင်ခဲ့သည် ဖြစ်စေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ၂၀၁၅ အလွန်တွင် ရခိုင်ပြည်၌ ရခိုင်အမျိုးသားတို့က ခန့်အပ် နိုင်သည် ဖြစ်စေ မခန့်အပ်နိုင်သည် ဖြစ်စေ၊ ရခိုင်သူ ရခိုင်သား တို့အနေဖြင့် ရခိုင်ပြည်နယ်လွှတ်တော်ကို အုပ်စီးထားနိုင်သော ရခိုင်အမတ်အရေအတွက် ရရှိရေးကို ဦးတည်လျက် တိုက်ပွဲဝင်လှုပ်ရှားရန်မှာ ရခိုင်အမျိုးသားတစ်ရပ်လုံး၏ တာဝန်ဖြစ်သည်။
NGO များ နှင့် မြို့မိမြို့ဖ ဆိုသူများအရေး
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အရေးကြီးသော အချက်တစ်ချက်မှာ မြို့နယ်များ၏ ဒေသန္တရ ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိ (တစ်နည်း မြို့ဝန်) များကို ခန့်ထားရာတွင် ပြည်ထဲရေး ၀န်ကြီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးများကို ခန့်ထားသည့်စနစ်အစား ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခြင်း စနစ်သို့ အစားထိုး ပြောင်းလဲပစ်ရန် လိုအပ်သည်။
ထိုနည်းတူစွာ အစိုးရက စစ်တွေမြို့တွင် ခန့်အပ်ထားရှိသော မြို့မိမြို့ဖ ဆိုသူများအစား ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော မြို့ကောင်စီလူကြီးများစနစ်ကို အစားထိုးမှသာလျှင် ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသူများက ပြည်သူ့အသံကို ထင်ဟပ်တင်ပြနိုင်မည် ဖြစ်ပါသည်။
ဘင်္ဂါလီများအား တစ်ဘက်သတ်ကူညီထောက်ပံ့မှုများအား
နှစ်ပေါင်းများစွာ တောက်လျှောက်ပြုလုပ် လာခဲ့သည် ဟု
နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များကို ရခိုင်ပြည်သူများက
အကြောင်းခြင်းရာ ရှိရှိ စွပ်စွဲ နေကြပြီ ဖြစ်သည့်အတွက် NGO များကို စနစ်တကျ
စောင့်ကြည့်ကိုင်တွယ် ရန်လိုအပ်ပေသည်။ မလိုအပ်သော NGO အဖွဲ့များကို
လုပ်ငန်းရပ်တန့်စေကာ ရခိုင်ပြည်နယ်မှ ထွက်ခွာခိုင်းရန်လည်း လိုအပ်ပေသည်။
ထိုအတွက် NGO စောင့်ကြည့်ရေးစနစ်တစ်ရပ်လိုအပ် ရာ၊
ဒေသခံ ရခိုင်လူမှုအဖွဲ့အစည်းများက ဦးဆောင်ပြီး အစိုးရဌာန များနှင့်
ပူးပေါင်းဆောင်ရွက်လျက် သီးခြားလွတ်လပ်သော NGO စောင့်ကြည့်ရေး စနစ်မှာ
အသင့်တော်ဆုံး လုပ်ငန်းစဉ်ပုံစံအဖြစ် အကြံပြုအပ်ပေသည်။
ပြီးခဲ့သည့် မတ်လအတွင်းက စစ်တွေမြို့တွင် NGO ရုံးများနှင့် ပတ်သက်၍ ရုံးရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အရေးပေါ် ပေါင်းစပ်ညှိနှိုင်းမှုစင်တာ (Emergency Coordination Center) ခေါ် ECC တွင် စစ်တွေမြို့မိမြို့ဖ ဆိုသူများထဲမှ သုံးဦးကိုပါဝင်စေပြီးနောက် ရခိုင်ပြည်သူလူထုက ဆန္ဒပြ နှင်ထုတ်ထားသော AZG ခေါ် MSF-Holland အား နေရာထိုင်ခင်းချထားရာတွင် ECC နှင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း အစိုးရသတင်းစာများမှ ရေးသားဖော်ပြခဲ့ရာ ရခိုင်ပြည်သူတို့မှာ များစွာ စိတ်ပျက်ဒေါသထွက်ခြင်း ဖြစ်ခဲ့ရသည်။ ECC ဆိုသည်ကို ယခင်က သုံးသပ်ချက်များ ရှိခဲ့သည့်အတိုင်း အငှားဓါးထိုးခံဖို့အတွက် ၀မ်းဗိုက်ငှားသည့် အစိုးရ၏ ထောင်ချောက်ပမာ ဖြစ်သည်ကို ဤအချက်က သက်သေပြနေကြောင်း တွေ့ရှိခဲ့ရပေသည်။
လုံခြုံရေး
၂၀၁၂-ခုနှစ် ဇွန်လအတွင်းက ဘင်္ဂါလီများက ဘူးသီးတောင် နှင့် မောင်တောနယ် အတွင်းရှိ တိုင်းရင်းသားတို့အား လူမျိုးတုံး သတ်ဖြတ်ရန် ကြံစည်မှုဖြစ်ပွားခဲ့ရာ မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသားမဟုတ်သော နစက ကွပ်ကွဲရေးမှူးများ၏ အားနည်းချက်ကြောင့် ထိရောက်လျင်မြန်စွာ တုံ့ပြန်မှုမပြုလုပ်နိုင်ခဲ့သဖြင့်
တိုင်းရင်းသားတို့ အသက်ဆုံးရှုံးခဲ့ရသည်ကို ကြုံခဲ့ရသည်။ သို့ရာတွင်
ထိုအချိန်က ဘူးသီးတောင်မြို့နယ်တွင် ဒေသခံ ရခိုင်တိုင်းရင်းသား
ရဲတပ်ဖွဲ့ဝင်များက ထိထိရောက်ရောက် ကြိုတင်ပြင်ဆင်တားဆီး ခဲ့သည့်အတွက်
ဘင်္ဂါလီများ ဆူပူသောင်းကျန်းကာ တိုင်းရင်းသားတို့၏ အသက်အန္တရာယ်ကို
ရန်ရှာခြင်းမပြုနိုင်အောင် ကာကွယ်တားဆီးနိုင်ခဲ့သည်။
ထို့ကြောင့် အထက်ပါ သာဓကများအရ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များတွင် ရဲတပ်ဖွဲ့ဝင်များကို ထိုမြို့နယ် ဒေသခံ တိုင်းရင်းသားများအား ခန့်ထားသင့်သည်။ အဆိုပါနယ်စပ်မြို့နယ် နှစ်ခုတွင် တိုင်းရင်းသားများကို ပြည်သူ့စစ်များအဖြစ် လက်နက်တပ်ဆင်ကာ တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ထားရှိသင့်သည်။
နိုင်ငံသားမဟုတ်သူများအား နိုင်ငံသားနိုင်ငံရေးမှ ဖယ်ထုတ်ခြင်း
ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရေးအတွက် ဘူးသီးတောင်မောင်တောနယ်တွင် နိုင်ငံသားမဟုတ်သူများအား White Card ထုတ်ပေးကာ မဲပေးခွင့်ပြုခဲ့သည့်အတွက် ဦးရွှေမောင် အစရှိသော ဘင်္ဂါလီအမတ်များသည် ဘင်္ဂါလီများအား နိုင်ငံတကာတွင် လူမျိုး နာမည်လိမ်ဖြင့် အသိအမှတ်ပြုမှုတွင်ကျယ်ရေးကို ကျယ်ကျယ်လောင်လောင် ဆောင်ရွက်နိုင်ခဲ့သည်။
မဲဆန္ဒနယ်တစ်ခု နှစ်ခုလောက်တွင် မိမိတို့ပါတီမှ တင်လိုက်သော အမတ်များ အနိုင်ရရှိရေး ရေတိုအမြင်ကိုသာ ပဓာနထား၍ အမျိုးသားရေးကို သစ္စာဖောက်ကာ White Card မဲပေးရေးကို ကျင့်သုံးခဲ့သောကြောင့် ခိုးဝင် နယ်သစ် ချဲ့ထွင်သူများ၏ အလိမ်အညာနိုင်ငံရေးအသံများကို လွှတ်တော် နှင့် မီဒီယာများတွင် တွင်တွင် ကျယ်ကျယ် ပြောဆိုခွင့်ရရှိခဲ့သည့်အတွက် ပြည်ထောင်စု၏ အချုပ်အချာအာဏာကို များစွာထိခိုက်ခဲ့ရသည်။
ပြည်ထောင်စုကြီးအား ထိုညွှန်တွင်းမှ ပြန်လည် ဆယ်တင်ရေးအတွက် White Card ကိုင်ဆောင်သူများ မဲပေးခွင့်မပြုရေးကို ၂၀၁၅ မတိုင်မီ အတည်ပြုကျင့်သုံးနိုင်ရန် မဖြစ်မနေ လိုအပ်သည်။
နိဂုံးချုပ်
ပစ္စက္ခ လက်ငင်းတွင် စစ်တွေမြို့နယ်သူ မြို့နယ်သားများနှင့် ရခိုင်အမျိုးသားတစ်ရပ်လုံး တို့ ရင်ဆိုင်နေကြရသော အခြေအနေများအား အထက်ပါအတိုင်း အကျဉ်းချုပ် သုံးသပ် အကြံပြုချက် များအနက်မှ လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးသော ရခိုင်ပြည်နယ်ကို ပြည်ထောင်စုအတွင်းတွင် တည်ဆောက်ရန်အတွက် အောက်ပါ ရေတို အကြံပြုချက် သုံးရပ်ကို ထပ်ဆင့် ကောက်နှုတ် တင်ပြအပ်ပါသည်။
(က) လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်တိုင်းရင်းသားတို့၏ ပါတီဖြစ်သော ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု အမတ်များက (၅၀) ရာခိုင်နှုန်း ပြတ်ပြတ်သားသား ကျော်လွန်သော အနေအထားဖြင့် အနိုင်ရရှိရေး။
(ခ) ရွှေသဘာဝဓါတ်ငွေ့ အပါအ၀င် ရခိုင့်တွင်းထွက် သဘာဝ သယံဇာတများမှ ရရှိသော အကျိုးစီးပွားများထဲမှ အနည်းဆုံး (၅၀) ရာခိုင်နှုန်း ထက်မနည်းသော အကျိုးခံစားခွင့်ကို ရခိုင်ပြည်နယ်က တိုက်ရိုက်ကိုင်တွယ် စီမံခန့်ခွဲခွင့်ရရှိရေး။
(ဂ) ဘူးသီးတောင် မောင်တောနယ်တွင် ရခိုင်တိုင်းရင်းသားများကို ပြည်သူ့စစ်များအဖြစ် လက်နက်တပ်ဆင် ထားရှိရေး။
တို့ဖြစ်ကြောင်းတင်ပြယင်း နိဂုံးချူပ်အပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ရှိပါသည်။
စစ်တွေမြို့နယ်
(၂၇-၄-၂၀၁၄)၊ တနင်္ဂနွေနေ့
Credit: ရခိုင်လူမှုကွန်ယက် - စစ်တွေ
==============================
နိဒါန်း
ရခိုင်လူမျိုးများသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အလုံးစုံသော ရခိုင့် အလွှာအသီသီးကို ကိုယ်စားပြုသူများ စုံလင်စွာ တက်ရောက်နိုင်သည့် ညီလာခံကြီးအဖြစ် ယခုကျင်းပနေသည့် ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) အား စစ်တွေမြို့နယ်ကို ကိုယ်စားပြုတက်ရောက်လာသူများက အသိအမှတ်ပြု ကြိုဆိုပါကြောင်း ဦးစွာ ပဏာမ ပြောကြားလိုပါသည်။
ဤကျောက်ဖြူညီလာခံသည် လက်ဝေခံနိုင်ငံရေးအရ ဖြစ်ပေါ်လာခြင်း ဟုတ်မဟုတ်ကို ကနဦးတွင် ကွဲပြားသော အယူအဆများ ရှိခဲ့ကြသော်လည်း အနည်းဆုံးအဆင့် ဤညီလာခံအားဖြင့် ရခိုင်လူမျိုး အချင်းချင်းတို့အကြား ရင်းနှီးကျွမ်းဝင်မှုများ ဆထက်တပိုး ရရှိလာပြီး ကျွန်ုပ်တို့၏ ဘုံရည်မှန်းချက် ဆီသို့သွားရာလမ်းတွင် လိုအပ်သော စုစည်းညီညွတ်မှုအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဟု ကျွန်ုပ်တို့ သုံးသပ်သောကြောင့် ကျွန်ုပ်တို့ တက်ရောက်လာခဲ့ကြပါသည်။
ယနေ့ ပြည်ထောင်စုအစိုးရ၏ အခင်းအကျင်းခွင့်ပြုချက်အရ ကျင်းပသော ဤကျောက်ဖြူညီလာခံ တွင် ရခိုင်လူမျိုးတို့အတွက် စစ်မှန်သော မဟာဗျူဟာ ၏ အပြည့်အစုံကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ချမှတ်နိုင်ရေးအတွက်မူကား ဤညီလာခံအတွက် ကန့်သတ်ချက်များရှိနေနိုင်ပါသည်
ဤစာတမ်းတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ စစ်တွေမြို့အတွက်သာမက ရခိုင်တစ်မျိုးသားလုံးအတွက် ဆွေးနွေးသင့်သည့် ပြဿနာဧရိယာများ နှင့် ယင်း ပြဿနာဧရိယာများအတွက် ထင်မြင်သုံးသပ်ချက်များ၊ အကြံပြုချက်များကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ဘင်္ဂါလီ ပြဿနာ
ဘင်္ဂါလီ ပြဿနာသည် နောင်လာမည့် ဆယ်စုနှစ်များအထိ အချိန်ယူ၍ ဖြေရှင်းသွားရမည့် ပြဿနာ ဖြစ်ပါ သည်။ ဘင်္ဂါလီပြဿနာကို ဖြေရှင်းရာတွင် အောက်ပါတို့မှာ လုံးဝအခိုင်အမာ ရပ်တည်သွားရမည့် ရပ်တည်ချက်များအဖြစ် ကျွန်ုပ်တို့ ခံယူပါသည်။
(က) ဤပြဿနာကို မည်သည့်နည်းနှင့် ဖြေရှင်းသည်ဖြစ်စေ၊ ရခိုင်လူမျိုးများက သဘောတူလက်ခံသော နည်းလမ်းဖြင့် ဖြေရှင်းမှသာလျှင် ပြေလည်သွားနိုင်မည် ဖြစ်ပါသည်။ ဖြေရှင်းနည်းတစ်ရပ်ရပ်ကို ရခိုင်လူမျိုးများ သဘောမတူဘဲ အတင်းအဓမ္မ သွတ်သွင်းဖြေရှင်းပါက ယင်းဖြေရှင်းနည်းအားဖြင့် ပဋိပက္ခကို ပိုမိုကြီးထွား အောင် လုပ်ရာရောက်ပါသည်။ ရခိုင်ပြည်တွင်းနေ ရခိုင်ပြည်သူများကို လက်နက်ကိုင်သူများ ဖြစ်လာအောင် တွန်းပို့နေရာရောက်ပါသည်။
(ခ) ရခိုင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီဆူပူမှုအရေးမှာ မြန်မာပြည်မတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် သဘောသဘာဝချင်း မတူပါ။ မိတ္ထိလာအရေးအခင်းကဲ့သို့သော အရေးအခင်းများသည် ဘာသာရေး ပဋိပက္ခ များဖြစ်ကြပြီး ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သေ
(ဂ) အကယ်တန္တု ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေဖြင့် စိစစ်ပြီးသည့်အချိန်တွင် နိုင်ငံသားဖြစ်ခွင့်ရှိသော ဘင်္ဂါလီလူမျိုးများအား မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေအ
(ဃ) ရခိုင်တို့မှာ ဌာနေတိုင်းရင်းသားများဖြစ်ကြပြီ
(င) ဗြိတိသျှများ ရခိုင်ပြည်နယ်ကို နှစ်ပေါင်းရာကျော် အုပ်စိုးခဲ့စဉ်ကာလအတွင်း ပြုလုပ်ခဲ့သော သန်းခေါင်စာရင်း အဆက်ဆက်တို့တွင် “ရိုဟင်ဂျာ” ဟူသော လူမျိုးအမည်လိမ်မှာ ပါဝင်ခြင်း လုံးဝမရှိခဲ့ပါ။ ထို လူမျိုးနာမည်လိမ်အား သုံးစွဲခြင်းသည် ထိုနာမည်နောက်ရှိ နယ်သစ်ချဲ့ထွင်သူ ဘင်္ဂါလီများ၏ နယ်သစ်ချဲ့ထွင်ရေး ရည်မှန်းချက်များကို အထောက်အကူပြုပေးရာရောက်သည်။ ထိုကဲ့သို့ ခေါ်ဝေါ်သုံးစွဲသူများသည် ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသူများ ဖြစ်သည် ဟု ကျွန်ုပ်တို့ သတ်မှတ်သည်။
(စ) အင်အားကြီးအနောက်နိုင်ငံ အချို့သည် နယ်သစ်ချဲ့ထွင်ရေးဝါဒီ ဘင်္ဂါလီများအား ချောင်ပိတ်သော အခြေအနေသို့ မရောက်စေဘဲ ၄င်းတို့အား သက်တောင့်သက်သာရှိစေသည့် အနေအထားကို ရောက်အောင်လုပ်ပေးမှသာလျှင် ပြည်တွင်းရှိ ဘင်္ဂါလီများလက်နက်စွဲကိုင် သောင်းကျန်းလာမည့် အခြေအနေကို ရှောင်လွဲနိုင်မည် ဟူသော မှားယွင်းသော အယူအဆပေါ် အခြေခံကာ ဘင်္ဂါလီများက ရိုဟင်ဂျာ နာမည်ခံစေလိုက ခံစေခြင်း၊ အကူအညီအထောက်အပံ့များ ဒလဟောပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။ သို့ရာတွင် နယ်သစ်ချဲ့ထွင်သူ ဘင်္ဂါလီများ လိုလားသမျှကို ပေးအပ်ရန်အတွက် ဌာနေ ရခိုင်တိုင်း
ရင်းသားများ၏ ရပိုင်ခွင့် နှင့် အခွင့်အရေးများကို စတေးပေးရမည့် မည်သည့် ချဉ်းကပ်လုပ်ဆောင်မှု မှန်သမျှကို ကျွန်ုပ်တို့ လုံးဝလက်မခံ။
သဘာဝသယံဇာတ အကျိုးခံစားခွင့်များ ရရှိရေး
ရွှေသဘာဝဓါတ်ငွေ့အပါအ၀င် ရခိုင်ပြည်မှထွက်ရှိသော သဘာဝသယံဇာတများ၏ အကျိုးခံစားခွင့်မှာ ရခိုင်ဌာနေ တိုင်းရင်းသားများ၏ မဖြစ်မနေရပိုင်ခွင့်ဖြစ်သည်။
ရွှေသဘာဝဓါတ်ငွေ့အပါအ၀င် ရခိုင်ကမ်းလွန်သဘာဝဓါတ်ငွေ့များ
မြန်မာပြည်မတွင် အများပြည်သူတို့အား ရောင်းချသည့် နှုန်းထားအတိုင်း ရခိုင်တစ်ပြည်နယ်လုံးတွင် မြို့ပြကျေးလက်မကျန် လျှပ်စစ်ဓါတ်အားကို ၀ယ်ယူသုံးစွဲပိုင်ခွင့် ရှိရပါမည်။
တောင်သူလယ်သမားများအရေး
ရခိုင့်လူဦးရေသည် ရခိုင်ပြည်နယ်တွင်းမှနေ၍ မြန်မာပြည်၏ အခြားနေရာများသို့ သော်လည်းကောင်း နိုင်ငံရပ်ခြားသို့သော်လည်းကောင
ရခိုင့်တောင်သူလယ်သမားများ စပါးရောင်းချရရှိသော ၀င်ငွေသည် မိသားစုရပ်တည်စားသောက်ရန် မဖြစ်နိုင်သော ၀င်ငွေဖြစ်နေသဖြင့် တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏လယ်ယာများကို စွန့်ခွာ ထွက်သွားနေရခြင်းဖြစ်လေသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် အခြားဌာနများက သိမ်းပိုက်ထားသော လယ်ယာမြေများ ရှိနေဆဲဖြစ်ခြင်း၊ ဆည်မြောင်းကဏ္ဍအားဖြင့် ရခိုင့်တောင်သူလယ်သမားများ ၏ ၀င်ငွေအထွက်တိုးရေးကို ကူပံ့မှုဘာမှ မရှိခြင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဆည်မြောင်းတာတမံများမှာ ရခိုင်ပြည်နယ်ဘက်ဂျက်ကို သုံးစွဲကာ စစ်တပ်၏ ရေချိုသိုလှောင်ကန်များအဖြစ်သာ အသုံးပြုနေခြင်း အစရှိသည့် အကြောင်းခြင်းရာများသည် ရခိုင်ပြည်၏ လူဦးရေအများစုဖြစ်သည့် တောင်သူလယ်သမားများအား လုပ်ငန်းခွင်စွန့်ခွာမှုကို ပံ့ပိုးနေသည့် အကြောင်းအချက်များ ဖြစ်ကြသည်။
ရခိုင်ဒေသတွင် ရေငံတား ကာရီများတည်ဆောက်ကာ စပါးစိုက်ပျိုးရသည့် အခြေအနေရှိခြင်း၊ စပါးစိုက်ဧရိယာများကို ရေငံပုဇွန်မွေးမြူရေးကန်များအဖြ
ပြည်ထောင်စု အစိုးရ နှင့် ရခိုင်ပြည်နယ် အစိုးရ
ရခိုင်တို့အနေဖြင့် စစ်မျက်နှာ နှစ်ဘက် မဖွင့်သင့် ဟု ဆိုကြရာ ထိုအချက်မှာ သဘောတရားတစ်ရပ် အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် လက်ခံကြသည့် သဘောတရားဖြစ်သည်။
သို့ရာတွင် ပြည်ထောင်စုအစိုးရ (ဗမာအစိုးရ) မှာ မည်ရွေ့မည်မျှအထိ မိမိတို့၏ ညီနောင် ရခိုင် တိုင်းရင်းသားများကို တန်းတူ လက်တွဲ ရပ်တည်မည် မရပ်တည်မည်မှာ ကာလများအတွင်း ၄င်းတို့ဘက်မှ လုပ်ဆောင်မှုများ၏ တစ်ဆင့်ချင်း တစ်ဆင့်ချင်းကို သုံးသပ် ဆုံးဖြတ် သွားရမည့်ကိစ္စဖြစ်လေသည်။
ပြီးခဲ့သည့် သန်းခေါင်စာရင်းကိစ္စတွင် လူမျိုးစာတိုင်အမှတ် (914) နံဘေးတွင် “ရိုဟင်ဂျာ” အမည် ရေးသွင်းခွင့်မပြုဖို့ အရေးကို ရခိုင်လူမျိုးများက အပြင်းအထန် တိုက်ပွဲဝင်ကြသည့်အခါကျမှ ပြည်ထောင်စု အစိုးရသည် ရခိုင်လူမျိုးများနှင့် အတူ ရပ်တည်ခဲ့သည်။ ထိုသည်မှာလည်း ယင်းရပ်တည်ချက်မှာ ရခိုင့် အကျိုးစီးပွားကို စာနာထောက်ထား ဆုံးဖြတ်ခြင်း ဟုတ်ပုံမရပေ။ ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွား ကြောင့်သာ ရခိုင်လူမျိုးကို ဒေါ်လာသန်း (၆၀) ဖြင့် မရောင်းချသင့် ဟု အဖြေထွက်ခဲ့ပုံ ရလေသည်။
လက်ရှိအခြေအနေတွင် ဗမာတို့ ဦးဆောင်သည့် ပြည်ထောင်စုတွင်ပါဝင်နေသည့် ရခိုင်လူမျိုးတို့အနေဖြင့် ဗမာများနှင့် ယာယီမဟာမိတ်ဖွဲ့ကာ ရပ်တည်လှုပ်ရှားနေရသည်ကို သဘောပေါက်ရန်လိုသည်။ ထိုမှတစ်ဆင့် ရေရှည်မဟာမိတ်၊ ထိုမှ တစ်ဖန် ထာဝရ မဟာမိတ်များအဖြစ် တစ်ဆင့်ချင်း တည်ဆောက်သွားနိုင်ခြင်းသည် ရခိုင်တို့အတွက် အဖြစ်နိုင်ဆုံးနှင့် အကျိုးအမြတ် အဖြစ်ထွန်းနိုင်ဆုံး လမ်းကြောင်းဖြစ်သည်ကို လတ်တလော အနေအထားများအရ သုံးသပ်တွေ့ရှိနိုင်ပေသည်။
သို့ရာတွင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ် ဖြစ်ထွန်းလာရေးအတွက် ရခိုင်အပါအ၀င် တိုင်းရင်းသားပြည်နယ်များတွင် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို
လက်ရှိ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ ရင်ဆိုင်နေရသည့် ပြဿနာများအနက် အရေးအကြီးဆုံးပြဿနာ သုံးရပ်ဖြစ်သည့် ဘင်္ဂါလီများပြဿနာ၊ သယံဇာတရပိုင်ခွင့် ပြဿနာ၊ စစ်တပ် လယ်သိမ်းထားသည့် ပြဿနာ များကို ပြေလည်အောင် ဖြေရှင်းနိုင်သည့် လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ ဟူ၍ ရခိုင်ပြည်နယ် လွှတ်တော် နှင့် ရခိုင် ပြည်နယ် အစိုးရ တို့တွင် မရှိကြချေ။
ပြည်နယ် ၀န်ကြီးချုပ်ကို ပြည်ထောင်စု သမ္မတက ခန့်အပ်ခြင်းမဟုတ်ဘဲ ပြည်နယ် လွှတ်တော်က ခန့်အပ်နိုင်ခြင်း၊ ရခိုင့်သယံဇာတများအရေးကို ရခိုင်များစီမံခန့်ခွဲနိုင်အောင
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအကြိုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လုံလောက်သော ပြင်ဆင်မှုများ လုပ်နိုင်ခဲ့သည်ဖြစ်စေ မလုပ်နိုင်ခဲ့သည် ဖြစ်စေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ၂၀၁၅ အလွန်တွင် ရခိုင်ပြည်၌ ရခိုင်အမျိုးသားတို့က ခန့်အပ် နိုင်သည် ဖြစ်စေ မခန့်အပ်နိုင်သည် ဖြစ်စေ၊ ရခိုင်သူ ရခိုင်သား တို့အနေဖြင့် ရခိုင်ပြည်နယ်လွှတ်တော်ကို အုပ်စီးထားနိုင်သော ရခိုင်အမတ်အရေအတွက် ရရှိရေးကို ဦးတည်လျက် တိုက်ပွဲဝင်လှုပ်ရှားရန်မှာ ရခိုင်အမျိုးသားတစ်ရပ်လုံး၏ တာဝန်ဖြစ်သည်။
NGO များ နှင့် မြို့မိမြို့ဖ ဆိုသူများအရေး
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အရေးကြီးသော အချက်တစ်ချက်မှာ မြို့နယ်များ၏ ဒေသန္တရ ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိ (တစ်နည်း မြို့ဝန်) များကို ခန့်ထားရာတွင် ပြည်ထဲရေး ၀န်ကြီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးများကိ
ထိုနည်းတူစွာ အစိုးရက စစ်တွေမြို့တွင် ခန့်အပ်ထားရှိသော မြို့မိမြို့ဖ ဆိုသူများအစား ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော မြို့ကောင်စီလူကြီးများစနစ်ကို အစားထိုးမှသာလျှင် ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသူများက ပြည်သူ့အသံကို ထင်ဟပ်တင်ပြနိုင်မည် ဖြစ်ပါသည်။
ဘင်္ဂါလီများအား တစ်ဘက်သတ်ကူညီထောက်ပံ့မှုများအား
ပြီးခဲ့သည့် မတ်လအတွင်းက စစ်တွေမြို့တွင် NGO ရုံးများနှင့် ပတ်သက်၍ ရုံးရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အရေးပေါ် ပေါင်းစပ်ညှိနှိုင်းမှုစင်တာ (Emergency Coordination Center) ခေါ် ECC တွင် စစ်တွေမြို့မိမြို့ဖ ဆိုသူများထဲမှ သုံးဦးကိုပါဝင်စေပြီးနောက် ရခိုင်ပြည်သူလူထုက ဆန္ဒပြ နှင်ထုတ်ထားသော AZG ခေါ် MSF-Holland အား နေရာထိုင်ခင်းချထားရာတွင် ECC နှင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း အစိုးရသတင်းစာများမှ ရေးသားဖော်ပြခဲ့ရာ ရခိုင်ပြည်သူတို့မှာ များစွာ စိတ်ပျက်ဒေါသထွက်ခြင်း ဖြစ်ခဲ့ရသည်။ ECC ဆိုသည်ကို ယခင်က သုံးသပ်ချက်များ ရှိခဲ့သည့်အတိုင်း အငှားဓါးထိုးခံဖို့အတွက် ၀မ်းဗိုက်ငှားသည့် အစိုးရ၏ ထောင်ချောက်ပမာ ဖြစ်သည်ကို ဤအချက်က သက်သေပြနေကြောင်း တွေ့ရှိခဲ့ရပေသည်။
လုံခြုံရေး
၂၀၁၂-ခုနှစ် ဇွန်လအတွင်းက ဘင်္ဂါလီများက ဘူးသီးတောင် နှင့် မောင်တောနယ် အတွင်းရှိ တိုင်းရင်းသားတို့အား လူမျိုးတုံး သတ်ဖြတ်ရန် ကြံစည်မှုဖြစ်ပွားခဲ့ရာ မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသားမဟုတ်သော နစက ကွပ်ကွဲရေးမှူးများ၏ အားနည်းချက်ကြောင့် ထိရောက်လျင်မြန်စွာ တုံ့ပြန်မှုမပြုလုပ်နိုင်ခဲ့သဖြင
ထို့ကြောင့် အထက်ပါ သာဓကများအရ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များတွင် ရဲတပ်ဖွဲ့ဝင်များကို ထိုမြို့နယ် ဒေသခံ တိုင်းရင်းသားများအား ခန့်ထားသင့်သည်။ အဆိုပါနယ်စပ်မြို့နယ် နှစ်ခုတွင် တိုင်းရင်းသားများကို ပြည်သူ့စစ်များအဖြစ် လက်နက်တပ်ဆင်ကာ တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ထားရှိသင့်သည်။
နိုင်ငံသားမဟုတ်သူများအား နိုင်ငံသားနိုင်ငံရေးမှ ဖယ်ထုတ်ခြင်း
ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရေးအတွက် ဘူးသီးတောင်မောင်တောနယ်တွင် နိုင်ငံသားမဟုတ်သူများအား White Card ထုတ်ပေးကာ မဲပေးခွင့်ပြုခဲ့သည့်အတွက် ဦးရွှေမောင် အစရှိသော ဘင်္ဂါလီအမတ်များသည် ဘင်္ဂါလီများအား နိုင်ငံတကာတွင် လူမျိုး နာမည်လိမ်ဖြင့် အသိအမှတ်ပြုမှုတွင်ကျယ်ရေးကို ကျယ်ကျယ်လောင်လောင် ဆောင်ရွက်နိုင်ခဲ့သည်။
မဲဆန္ဒနယ်တစ်ခု နှစ်ခုလောက်တွင် မိမိတို့ပါတီမှ တင်လိုက်သော အမတ်များ အနိုင်ရရှိရေး ရေတိုအမြင်ကိုသာ ပဓာနထား၍ အမျိုးသားရေးကို သစ္စာဖောက်ကာ White Card မဲပေးရေးကို ကျင့်သုံးခဲ့သောကြောင့် ခိုးဝင် နယ်သစ် ချဲ့ထွင်သူများ၏ အလိမ်အညာနိုင်ငံရေးအသံများကို လွှတ်တော် နှင့် မီဒီယာများတွင် တွင်တွင် ကျယ်ကျယ် ပြောဆိုခွင့်ရရှိခဲ့သည့်အတွက် ပြည်ထောင်စု၏ အချုပ်အချာအာဏာကို များစွာထိခိုက်ခဲ့ရသည်။
ပြည်ထောင်စုကြီးအား ထိုညွှန်တွင်းမှ ပြန်လည် ဆယ်တင်ရေးအတွက် White Card ကိုင်ဆောင်သူများ မဲပေးခွင့်မပြုရေးကို ၂၀၁၅ မတိုင်မီ အတည်ပြုကျင့်သုံးနိုင်ရန် မဖြစ်မနေ လိုအပ်သည်။
နိဂုံးချုပ်
ပစ္စက္ခ လက်ငင်းတွင် စစ်တွေမြို့နယ်သူ မြို့နယ်သားများနှင့် ရခိုင်အမျိုးသားတစ်ရပ်လုံး တို့ ရင်ဆိုင်နေကြရသော အခြေအနေများအား အထက်ပါအတိုင်း အကျဉ်းချုပ် သုံးသပ် အကြံပြုချက် များအနက်မှ လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးသော ရခိုင်ပြည်နယ်ကို ပြည်ထောင်စုအတွင်းတွင် တည်ဆောက်ရန်အတွက် အောက်ပါ ရေတို အကြံပြုချက် သုံးရပ်ကို ထပ်ဆင့် ကောက်နှုတ် တင်ပြအပ်ပါသည်။
(က) လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်တိုင်းရင်းသားတို့၏ ပါတီဖြစ်သော ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု အမတ်များက (၅၀) ရာခိုင်နှုန်း ပြတ်ပြတ်သားသား ကျော်လွန်သော အနေအထားဖြင့် အနိုင်ရရှိရေး။
(ခ) ရွှေသဘာဝဓါတ်ငွေ့ အပါအ၀င် ရခိုင့်တွင်းထွက် သဘာဝ သယံဇာတများမှ ရရှိသော အကျိုးစီးပွားများထဲမှ အနည်းဆုံး (၅၀) ရာခိုင်နှုန်း ထက်မနည်းသော အကျိုးခံစားခွင့်ကို ရခိုင်ပြည်နယ်က တိုက်ရိုက်ကိုင်တွယ် စီမံခန့်ခွဲခွင့်ရရှိရေး။
(ဂ) ဘူးသီးတောင် မောင်တောနယ်တွင် ရခိုင်တိုင်းရင်းသားများကို ပြည်သူ့စစ်များအဖြစ် လက်နက်တပ်ဆင် ထားရှိရေး။
တို့ဖြစ်ကြောင်းတင်ပြယင်း နိဂုံးချူပ်အပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ရှိပါသည်။
စစ်တွေမြို့နယ်
(၂၇-၄-၂၀၁၄)၊ တနင်္ဂနွေနေ့
Credit: ရခိုင်လူမှုကွန်ယက် - စစ်တွေ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။