အစိုးရနဲ့ ကေအိုင်အေ ၁၃ ရက်နေ့တွေ့မယ်

kio-govt-discuss-305.jpg
ဲမြစ်ကြီးနားမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့က စတင်ကျင်းပတဲ့ ကေအိုင်အိုနဲ့ အစိုးရဆွေးနွေးပွဲ ဒုတိယနေ့မှာ ကေအိုင်အိုကိုယ်စားလှယ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အစိုးရကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တို့ကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min


ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေ လာမယ့် မေလ ၁၃ ရက်နေ့ မြစ်ကြီးနားမှာ တွေ့ ဆုံဆွေးနွေးပါလိမ့်မယ်။

အခုလိုဆွေးနွေးဖို့ ကေအိုင်အို ဘက်ကတောင်းဆိုခဲ့ တာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က ထိပ်တန်းအရာ ရှိတွေ ပါဝင်တက်ရောက်မယ့် ဒီတွေ့ဆုံပွဲမှာ KIA နဲ့ အစိုးရတပ်တွေအကြား မကြာခင်က ထပ်မံဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိတယ် လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက RFA ကိုပြောပါတယ်။

"ကျနော်တို့ရဲ့ဘယ်လ်လထရယ်တော့ပ် က ပြီးခဲ့ တဲ့ အောက်တိုဘာမှာ ကျနော်တို့ နောက် ဆုံးဆောင်ရွက်ခဲ့ပါတယ်၊အောက်တိုဘာနဲ့ အခု ကျင်းပမဲ့အချိန်ကြားထဲမှာ ဖြစ်ထွန်းတိုး တက်တာ သို့မဟုတ် ရှိခဲ့တဲ့ အနေအထားတွေပေါ် မှာ ပြန်လည်သုံးသပ်တာလည်း တစ်ခုပါပါလိမ့်မယ်၊အဲ တပ်မတော်က တာဝန်ရှိတယ်ပေါ့လေ အရာရှိကြီးတွေလည်း ပါတဲ့အတွက် တပ်မတော်နဲ့ဆိုင်တဲ့ စစ်ရေးရာကိစ္စတွေလည်း ဆွေးနွေးသလို ဒီဝန်ကြီးဦးအောင်မင်းနဲ့ ဆွေးနွေးမဲ့ကိစ္စရပ်တွေလည်းရှိပါလိမ့်မယ် "

မြစ်ကြီးနားဆွေးနွေးပွဲကို တခြားတိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်တွေအပြင် ကုလအထူးကိုယ်စားလှယ် နမ်ဘီးယားနဲ့ တရုတ်အစိုးရကိုယ်စားလှယ် ဝှမ်ရင်ဖတ် တို့လည်း တက်ရောက်ပါလိမ့်မယ်။

ဒီအတောအတွင်း မြစ်ဝကျွန်းပေါ်ကနေ ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒု ဥက္ကဌ နော်စီဖိုးရာစိန်နဲ့အဖွဲ့ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အင်္ဂါနေ့ ညနေမှာတွေ့ဆုံမယ်လို့သိရ ပါတယ်။  ကေအင်ယူအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ဒီအပတ် အတွင်း တွေ့ဆုံမယ်လို့ သတင်းရပါတယ်။ နေ့ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

http://www.rfa.org/burmese/news/kia-cracy-05052014010632.html
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။