ရခိုင်အမျိုးသားညီလာခံ ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးဆုံး

ရခိုင်အမျိုးသားညီလာခံ ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးဆုံး
Date: 1/5/2014, 5:30 Pm, Kyauk Phyu
Arakan National Conference's photo.
ရခိုင်အမျိုးသားညီလာခံ ပိတ်ပွဲအခမ်းအနားကို အထက (၃) ကျောင်းဝင်းအတွင်းရှိ ကွင်းပြင်တွင် ညနေ ၅း၃ဝ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ မြို့နယ်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ၊ ပါတီကိုယ်စားလှယ်တော်များ၊ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော် တီးခတ်ပြီး၊ ရတုသီဆို ကာ ဖွင့်လှစ်ခဲ့သည်။ အစီအစဉ်အရ ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ဆရာကြီး ဦးသာဘန်းမှ ညီလာခံပိတ်ပွဲ အမှာစကားပြောကြားခဲ့သည်။
 Arakan National Conference's photo.
ယင်းနောက် ဦးဆောင်ကော်မတီဝင် ဒေါက်တာအေးမောင်မှ ညီလာခံပိတ်ပွဲအခမ်းအနား အမှာစကား၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အခမ်းအနားပြင်ဆင်ရေးကော်မတီအဖွဲ့ခေါင်းဆောင်ကိုအောင်ဗလ၊ ကျင်းပရေးကော်မတီ ဒု-ဥက္ကဌ ဆရာထွန်းလွင်၊ အတွင်းရေးမှုး ဦးလှမျိုးကျော်၊တို့မှ အသီးသီး နှုတ်ဆက်စကားများပြောကြားခဲ့ကြသည်။
အပိတ်နှုတ်ဆက်စကားအဖြစ် ဆရာဦးဦးလှစောမှ ပြောကြားခဲ့ပါသည်။
 Arakan National Conference's photo.
ထို့နောက်တက်ရောက်လာကြသောမြို့နယ်ကိုယ်စားလှယ်များအား၊ ရခိုင်အမျိုးသားညီလာခံအထိမ်းအမှတ် အလံငယ်များပေးအပ်ပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြပါသည်။
အခမ်းအနားပြီးဆုံးပြီး တက်ရောက်လာကြသူများ ပရိတ်သတ်များအား Excellent Gold တီးဝိုင်းမှ တေးသံသာများဖြင့်သ ဖျော် ဖြေသီဆိုခဲ့ကြသည်။
 Arakan National Conference's photo.
written: Nyi Nyi Maung, Photo: Nyi Nyi Maung
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။