ရခိုင်အမျိုးသားညီလာခံ ပဉ္စမနေ့ အခမ်းအနား ဖွင့်လှစ်ပြည်ထောင်စုလွှတ်တော်နာယက
ရခိုင်တစ်မျိုးသားလုံးဖွံ့ဖြိုးတိုးတက်ရေး အတွက်
ရခိုင်တစ်မျိုးသားလုံးပါဝင်သော ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူ
မြို့တွင် ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့ဆိုပါလျှင် ပဉ္စမနေ့သို့
ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။
ပဉ္စမနေ့ဖွင့်ပွဲအခမ်းအနားအား ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နှင့် ဇနီး တို့တက်ရောက်ကြပါသည်။ ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် အတူ လွှတ်တော်အမတ်များ တက်ရောက်ကြပါသည်။
ယင်းအခမ်းအနားတွင် ညီလာခံကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ မှ ညီလာခံကျင်းပရာနေရာသို့ စတင်ရောက်ရှိနေရာယူပြီး၊ ညီလာခံ ပဉ္စမနေ့ အခမ်းအနားအစီစဉ်ကို ကြေငြာခြင်း၊
ကျဆုံးလေပြီးသော အမျိုးသားခေါင်းဆောင်များနှင့် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြသော ခေါင်းဆောင်များ အား အောက်မေ့ဂုဏ်ပြုသောအားဖြင့် အားလုံး မတ်တပ်ရပ်၍ တစ်မိနစ် ငြိမ်သက်ခြင်း စသည့်အစီအစဉ်များကို အစီအစဉ်အလိုက် ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ညီလာခံကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ညီလာခံမှချမှတ်လိုက်သည့် မူဝါဒရေးဆွဲရေးအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်များကို အခြေခံကာ ရခိုင်အမျိုးသားမူဝါဒတစ်ရပ်ပေါ်ပေါက်လာရေးအတွက် အကောင်အထည်ဖေါ်ဆောင်ရေးတို့ကို ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယကကြီးအား သြဝါဒမိန့်ခွန်း ချီးမြှုင့်ပေးပါရန် ပန်ကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယကကြီးမှ သြဝါဒမိန့်ခွန်း ချီးမြှုင့်ပေးခဲ့ပြီး ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်မှ ညီလာခံသို့ လာရောက်ချီးမြှုင့် ခြင်းအတွက် ကျေးဇူးတင် ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ ၁၁-ပါးမြောက် သာသနာ့ အာဇာနည် ရခိုင်ဆရာတော်၊ ဘဒ္ဒန္ဒက္ကန္ဒပါလ မှသြဝါဒ တရားချီး မြှုင့်ခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် စုပေါင်းဓါတ်ပုံရိုက်ကြပြီး ပထမပိုင်းအခမ်းအနားအစီ အစဉ် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

----

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။