မြေယာသိမ်းဆည်းထားခြင်းနှင့်ပတ်သက်၍ ပြန်လည်တောင်းခံခြင်း

သို့
နိုင်ငံတော်သမ္မတ၊
ပြည်ထောင်စုလွှတ်တော်နာယက၊
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အကြောင်းအရာ ။ ။ မြေယာသိမ်းဆည်းထားခြင်းနှင့်ပတ်သက်၍
ပြန်လည်တောင်းခံခြင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၆၄၄၊ ဦးပိုင်အမှတ်-၃၆၅၊ ဧရိယာ ၁၁၂.၀၀ ဧကရှိ မြေပုံပေါ်တွင် ဦးဝေလှအောင်၊ ဦးဝေကျန်အောင်၊ ဦးအေးကျန်အောင်၊ ဦးဖိုးခိုင်၊ တို့ ပိုင်ဆိုင်သော လယ်ယာနှင့် စားကျက်မြေများကို နှစ်ရှည်ရော်ဘာနှင့် သရက်ပင်များ စိုက်ပျိုးလုပ်ကိုင်ရန်အတွက် ဒုတိယဗိုလ်မှူးကြီး ခင်အေး(ငြိမ်း) (ကျောက်ဖြူအသင်းဥက္ကဌ) နှင့် ရန်ကုန်မြို့ တောင်ဥက္ကလာပတွင် နေထိုင်သူ ကျော်လင်းတို့သည် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာနတို့နှင့် ပူးပေါင်းကာ မတရား သိမ်းဆည်းထား လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ဘိုးစဉ်ဘောင်ဆက်မှ လုပ်ကိုင်လာသော၊ ဆင်းရဲသား ပြည်သူများ ပိုင်ဆိုင်သော လယ်ယာမြေများကို ပြန်လည်ရရှိရေးအတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ထံသို့ အသနားခံ တင်ပြလိုက်ရပါသည်။

တိုင်ကြားသူ
ဦးဝေလှအောင်၊ ဦးဝေကျန်အောင်၊ ဦးအေးကျန်အောင်၊ ဦးဖိုးခိုင်
Credit: Ven Vazi
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။