ဘင်္ဂလီဒုက္ခသည် စခန်းသို့ ယမ်းများပို့ဆောင်သူ (၂) ဦး ဖမ်းဆီးခံရ

ဘင်္ဂလီဒုက္ခသည် စခန်းသို့ ယမ်းများပို့ဆောင်သူ (၂) ဦး ဖမ်းဆီးခံရ

(နိရဉ္စရာ- ၅ မတ်လ ၂၀၁၄)/ လင်းမြတ် (ပေါက်တော)
Two-arrest Arakan
(ယမ်းနှင့် ဒီဇယ်ဆီများသယ်ဆောင်လာသူများကို ဖမ်းမိစဉ်) ဓာတ်ပုံ-မင်းသူရိန်

လွန်ခဲ့သော မေလ(၂) ရက်နေ့က ငှက်ချောင်း ဘင်္ဂါလီ ဒုက္ခသည်စခန်းသို့ ယမ်းနှင့် ဒီဇယ်ဆီများကို ဟွန်ဒါစက်လှေဖြင့် ပို့ဆောင်ရန် သယ်ဆောင်လာသူ ဆင်ပိုက်ရွာသား ရခိုင်နှစ်ဦးအား စိုင်းတုတ် ကျေးရွာသားများက ပိတ်ဆို့ဖမ်းဆီး၍ပေါက်တောမြို့နယ်ရဲစခန်းသို့ အပ်နှံလိုက်ကြကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ယမ်းနှင့်ဒီဇယ်ဆီများသယ်ဆောင်လာသူနှစ်ဦးမှာ ဆင်ပိုက်ရွာသား ဦးမောင်သိန်းထွန်း(အသက်-၄၂)နှစ်နှင့် မောင်အေးခင်(အသက်၂၁)တို့ဖြစ်ကြကြောင်း၊ ယင်းတို့ကို စိုင်းတုတ်ရွာအနီး မြစ်ထဲတွင် စိုင်းတုတ် ရွာသားများက ဟွန်ဒါစက်လှေ နှစ်စင်းဖြင့် ပိတ်ဆို့ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သူတို့က ပြောဆိုသည်။

ယင်းဆင်ပိုက်ရွာသားများထံမှ မုန့်နှင့် စားစရာများ ထည့်လာသော ဆာလာအိတ် (၁၇)အိတ်၊ သကာခြင်းတောင်း (၃)တောင်း၊ အ၀ါရောင်လေးထောင့်ပုံးဖြင့်ထည့်လာသော ဒီဇယ်ဆီ(၄)ပုံးနှင့် အလေးချိန် တစ်ပိဿာခန့်ရှိ ယမ်းစိမ်း(၂)ထုပ်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
သိမ်းဆည်းရရှိသော ယမ်းနှင့် ဒီဇယ်ဆီများကို စိုင်းတုတ်ရွာ အုပ်ချုပ်ရေးမှူးဦးမောင်နုဖြူက ဦးဆောင်ကာ ရဲစခန်းသို့ အပ်နှံခဲ့သည်။


သူတို့ နှစ်ဦးအား ပါက်တောမြို့နယ်ရဲစခန်း (ပ)၆၈/၂၀၁၄၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ(၅)အရအမှုဖွင့် အရေးယူထားကြောင်း ပေါက်တောရဲစခန်းမှ အတည်ပြုပြောကြားလိုက်သည်။

http://www.narinjara.com/burmese/?p=10264
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။