အငြိမ့်ကမယ့် နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါ



ဓာတ်ပုံ−နစ်ကီ

-နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင် သွားရောက်ယှဉ် ပြိုင်ကာ မစ္စအင်တာနက်ဆု ရရှိ ခဲ့သော အလှမယ်နှစ်ဦးပါဝင်က ပြမည့် Miss Myanmar Internet အငြိမ့်ကို အခမဲ့ ဖျော်ဖြေပွဲအဖြစ် ဇွန်လ ၁ ရက်တွင် ပြည်သူ့ရင်ပြင် ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အငြိမ့်မင်းသမီးများအဖြစ် နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါတို့ ပါဝင်ကပြမည်ဖြစ်ပြီး လူရွှင် တော်များအဖြစ် ကျော်ထူးဦး ဆောင်သည့် အာရှ၏ ဟာသများ အဖွဲ့က ပါဝင်ဖျော်ဖြေပေးမည် ဖြစ်သည်။

‘‘မြန်မာမှုအနုပညာတွေကို လူငယ်တွေက စိတ်ဝင်စားမှု နည်းလာတာဆိုတော့ တိမ်မြုပ် ပျောက်ကွယ်သွားမှာလည်း စိုး ရိမ်တယ်။ အဲဒါကြောင့် လူငယ် တွေကြားမှာ ရေပန်းစားနေတဲ့ ညီမလေးနှစ်ယောက်ကို အငြိမ့် ကပြီး တင်ဆက်ဖို့ စီစဉ်ခဲ့တာပါ’’ ဟု ယင်းဖျော်ဖြေပွဲ   စီစဉ်သည့် Zillion Business Services Limited   မန်နေဂျင်းဒါရိုက်တာ ဦးတင်ထွန်းဦးကပြောသည်။

နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ တို့နှစ်ဦးကလည်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများတွင် သွား ရောက်ယှဉ်ပြိုင်ချိန်က မြန်မာအ ကကို Talent Show အနေဖြင့် ယှဉ်ပြိုင်ခဲ့ဖူးသောကြောင့် အက နှင့် စိမ်းမနေဘဲ  ၎င်းတို့ကိုယ် တိုင်လည်း စိတ်ဝင်စား၍ ပါဝင်ခဲ့ ခြင်းဖြစ်သည်ဟု ပြောသည်။

‘‘ညီမတို့အနေနဲ့ ပရိသတ် တွေကို ပထမဆုံးအကြိမ် အငြိမ့် နဲ့ဖျော်ဖြေတင်ဆက်ခွင့်ရမှာကို အရမ်းလည်း ၀မ်းသာတယ်။ အ ရမ်းလည်း စိတ်လှုပ်ရှားတယ်။ ပရိသတ်တွေအနေနဲ့လည်း ဇွန် လ ၁ ရက်မှာလုပ်မယ့်ပွဲကို လာ ကြည့်ပြီး အားနည်းချက်တွေ ဝေ ဖန်ပေးစေချင်ပါတယ်’’ ဟု ခင် ၀င့်ဝါက ပြောသည်။

ပရိသတ်များ ကြိုက်နှစ် သက်သော ပေါ်လစီဆန်သည့် ပြက်လုံးများ ပါဝင်မည်မဟုတ်ဘဲ အရင်ခေတ်လူရွှင်တော်ကြီးများ ၏ ပြက်လုံးများ၊ ခေတ်နှင့် လိုက် လျောမှုရှိသည့်    ပြက်လုံးများကို တင်ဆက်ပေးသွားမည်ဖြစ် ကြောင်း လူရွှင်တော် ကျော်ထူး က ပြောသည်။

  ‘‘ဒီပွဲအောင်မြင်သွားရင် Miss Myanmar Internet အဖွဲ့ အနေနဲ့ပဲ ပြည်ပဖျော်ဖြေရေး အ စီအစဉ်တွေ သွားဖို့ရှိပါတယ်’’ ဟု ကျော်ထူးက ပြောသည်။

http://7daydaily.com/story/10225#.U2hN0kDNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။