တောင်ကိုရီးယား သင်္ဘော နစ်မြုပ်ခါနီးအချိန်တွင် ကျောင်းသားတစ်ဦး ရိုက်ကူးထားခဲ့သော ဗွီဒီယို ထွက်ပေါ်လာ

တောင်ကိုရီးယား သင်္ဘော နစ်မြုပ်ခါနီးအချိန်တွင် ကျောင်းသားတစ်ဦး ရိုက်ကူးထားခဲ့သော ဗွီဒီယို ထွက်ပေါ်လာ
=============
မဇ္ဈိမ

----
တောင်ကိုရီးယားသင်္ဘော နစ်မြုပ်ခါနီးအချိန်တွင် သင်္ဘောပေါ်ရှိ အခြေအနေကို အသက် ၁၇နှစ် အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ Park Su-hyeon က
လက်ကိုင်ဖုန်းဖြင့် ဗွီဒီယို ရိုက်ကူးထားခဲ့သည်။ Park Su-hyeon ၏ ရုပ်အလောင်းနှင့်အတူ ထိုလက်ကိုင်ဖုန်းကို တွေ့ခဲ့ရခြင်းဖြစ်ကား၊ ထိုလက်ကိုင်ဖုန်းဖြင့်
ရိုက်ကူးထားခဲ့သော ဗွီဒီယိုကို သူ၏ ဖခင်ဖြစ်သူက ဖြန့်ခဲ့ခြင်း ဖြစ်သည်။ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသော ထိုဗွီဒီယိုမှာ အင်္ဂလိပ်ဘာသာ စာတမ်း
ထိုးဖြင့်လည်း အင်တာနက်တွင် ပျံ့နှံ့လျက်ရှိသည်။

တောင်ကိုရီးယား သင်္ဘော စတင် တိမ်းစောင်းသွားချိန်တွင် သင်္ဘောပေါ်ရှိ ဆယ်ကျော်သက်အရွယ် အထက်တန်း ကျောင်းသားများထဲ၌ တုန်လှုပ်ခြောက်ခြားစွာ
ရယ်မောသူများ ရှိခဲ့သည်။ ထို ကနဦး အခြေအနေတွင်၊ သင်္ဘောမှာ အကြီးအကျယ် ဒုက္ခကြုံနေပြီဟု ထိုကျောင်းသားများ သဘောမပေါက်ခဲ့ကြသေးပေ။

ကျောင်းသားတစ်ဦးက သင်္ဘောတိမ်းစောင်းသွားကြောင်း အော်ပြောခဲ့သည်ကို ဗွီဒီယိုထဲတွင် တွေ့ရသည်။ ထို့နောက်တွင် ခရီးသည်များအနေဖြင့် လက်ရှိ
နေရာများတွင် ငြိမ်ငြိမ်နေကြရန်နှင့် ဘေးကင်းလုံခြုံရေး ညွှန်ကြားချက်များကို လိုက်နာဖို့ ပြင်ဆင်ထားကြရန် သင်္ဘောပေါ်မှ အရာရှိများက ကြေညာခဲ့သည်ကို
ဗွီဒီယိုထဲတွင်တွေ့ရသည်။

ထို့နောက်တွင် ကျောင်းသားတစ်ဦးက “သင်္ဘော တကယ်နစ်တော့မှာလား။ သင်္ဘောက အရမ်းကို လှုပ်ရမ်းနေပြီ” ဟု ပြောဆိုသံကို
ဗွီဒီယိုထဲတွင် ကြားခဲ့ရသည်။

ထို့နောက်တွင် ကျောင်းသားတစ်ဦးက သင်္ဘောတစ်ဘက်သို့ တိမ်းစောင်းလာကြောင်း နှင့် လှုပ်ရှားရွှေ့ပြောင်း၍ မရတော့ကြောင်း
ပြောခဲ့သည်ကို ဗွီဒီယိုထဲတွင် ကြားရသည်။ ထို့နောက်တွင် သင်္ဘောအရာရှိများထံမှ သတိပေးချက် ထပ်မံထွက်ပေါ်လာခဲ့သည်။ အသက်ကယ်အင်္ကျီဝတ်နေသော
ကျောင်းသားတစ်ဦးအား အခြားတစ်ဦးက အပြစ်တင်သံကို ကြားခဲ့ရသလို၊ “ကျွန်တော်တို့ မသေချင်သေးဘူး” ဆိုသော ပြောဆိုသံများလည်း ဗွီဒီယိုထဲတွင်
ကြားခဲ့ရသည်။ နောက်ဆုံးအမှတ်တရအဖြစ် ဓာတ်ပုံများ ရိုက်ကူးကြမည်ဟု ပြောဆိုသံကိုလည်း ကြားရသည်။ တိုင်တန်းနစ် သင်္ဘောကဲ့သို့ ဖြစ်လာပြီဟု
ပြောသံနှင့် တိုင်တန်းနစ်ဇာတ်ဝင်သီချင်း တစ်ပိုင်းတစ်စကို ညဉ်းညူသံအားလည်း ကြားခဲ့ရသည်။ လူ ၄၇၆ ဦးလိုက်ပါသွားခဲ့သော တောင်ကိုရီးယား
သင်္ဘောသည် ဧပြီလ ၁၆ ရက်က တိမ်းမှောက်နစ်မြုပ်သွားခဲ့ရာ စုစုပေါင်း လူ ၃၀၀ ကျော် သေဆုံး/ပျောက်ဆုံး သွားခဲ့သည်။

ဗွီဒီယို (youtube) link http://www.youtube.com/watch?v=LEmp2h5bUr8
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။