ယူကရိန်းနိုင်ငံတွင် ရုရှားထောက်ခံသူနဲ့ ဆန့်ကျင်သူကြား ပဋိပက္ခဖြစ်၊ လူ ၄၃ ဦး သေဆုံး

ီDVB

ယူကရိန်းတောင်ပိုင်း အိုဒစ်စာမြို့မှာ မေလ ၂ ရက်နေ့က အလုပ်သမားသမဂ္ဂရုံး မီးတင်ရှို့ခံရမှုနဲ့ ရုရှားထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား တိုက်ခိုက်မှုတွေကြောင့် လူ ၄၃ ဦးသေဆုံးခဲ့တယ်လို့ ကီယက်မြို့အခြေစိုက် အင်တာဖက်စ် ယူကရိန်း သတင်းဌာနက ဆိုပါတယ်။ သေဆုံးသူ ၄၀ ကျော်ထဲက အနည်းဆုံး ၃၁ ဦးဟာ အလုပ်သမားသမဂ္ဂရုံး မီးလောင်မှုအတွင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ အိုဒစ်စာ ရဲဌာနက ဆိုပါတယ်။

မီးလောင်နေတဲ့ အလုပ်သမားသမဂ္ဂရုံးအတွင်း ပိမိနေသူတွေကို ကယ်ဆယ်ဖို့နဲ့ မီးသတ်သမား တွေ မီးငြိမ်းသတ်မှုမှာ ကူညီဖို့ နှစ်ဖက်ညီညွတ်ရေးမြို့ခံတွေက ကြိုးစားခဲ့ကြပါတယ်။ ယူကရိန်း အရှေ့ပိုင်းမှာ အငြိမ်မသက်ဖြစ်နေတာကနေ ယူကရိန်းတောင်ပိုင်းကို ကူးစက်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
Ukraine
ယူကရိန်းအရှေ့ပိုင်းမှာတော့ ဆလားမီးရန့်မြို့ တိုက်ပွဲတွေအတွင်း ယူကရိန်းစစ်ဖက်ရဟတ်ယာဉ် နှစ်စီးကို ရုရှားလိုလားသူတွေက ပစ်ချခဲ့ပါတယ်။ ရဟတ်ယာဉ်ပစ်ချခံရမှုမှာ ရဟတ်ယာဉ်ပိုင်းလော့ ၂ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြုပြောဆိုပါတယ်။

အိုဒစ်စာမြို့တွင်းတိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြီး ယူကရိန်းတပ်သားနှစ်ဦး မေလ ၂ ရက်နေ့ညနေက သေဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောဆိုပါတယ်။
ယူကရိန်းခွဲထွက်ရေးတွေက ဆလားမီးရန့်မြို့တိုက်ပွဲတွေအတွင်း သူတို့တပ်ဖွဲ့ဝင် ၃ ဦး နဲ့ အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။ အိုဒစ်စာမြို့ဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံကသိမ်းပိုက်ခဲ့တဲ့ ခရိုင်မီယာရဲ့ အနောက်ဖက် သိပ်မဝေးပါဘူး။ အိုဒစ်စာမြို့မှာ အရင်ကလည်း ဆန့်ကျင်ဖက်အဖွဲ့တွေကြား တိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် အခုလို ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ယူကရိန်းအရေးမှာ ရုရှားနောက်ကွယ်ကနေ ပါနေတယ်ဆိုပြီး အမေရိကန်နဲ့ အီးယူတို့က စီးပွားရေးပိတ်ပင်မှုတချို့လုပ်ပေမယ့် ထိရောက်မှုတော့ သိပ်မရှိလှပါဘူး။


အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကလ်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့က မေလ ၂၅ ရက်နေ့မှာ ကျင်းပတော့မယ့် ယူကရိန်းသမ္မတ ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဖျက်လိုဖက်ဆီး၊ ၀င်ရောက်နှောင့်ယှက်မယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်လုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။