အကျဉ်းကျနေသည့် ရခိုင်အမျိုးသမီးတစ်ဦး ဘင်္ဂလာဒေခ်ျ့ ဆေးရုံတစ်ခုတွင် ကွယ်လွန်

အကျဉ်းကျနေသည့် ရခိုင်အမျိုးသမီးတစ်ဦး ဘင်္ဂလာဒေခ်ျ့ ဆေးရုံတစ်ခုတွင် ကွယ်လွန်

( နိရဉ္စရာ- ၃ မေလ ၂၀၁၄) / မောင်အေး

Bangladesh jail

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကောစ့်ဘဇားမြို့ ထောင်တွင် အကျဉ်းကျခံနေရသည့် ရခိုင်အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့လည်ပိုင်းက ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ကွယ်လွန်သွားသည့် အဆိုပါ ရခိုင်အမျိုးသမီးမှာ ရခိုင်ပြည်နယ် မောင်တောမြို့မှ ဒေါ်မလှမေ (၄၀) နှစ်ဖြစ်ပြီး ရင်ကျပ်ရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ကော့စ်ဘဇားမှ ရခိုင်လူငယ် တစ်ဦးက ပြောသည်။

`ဒီနေ့မနက်က ထောင်ထဲမှာ ရင်ကျပ်တဲ့အတွက် သူမကိုဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံကို မနက် ၇ နာရီကျော်မှာ ရောက်တယ်။ မနက် ၁၀ ကျော်မှာ သူမ ရုတ်တရက် ဆုံးသွားခဲ့ပါတယ်” ဟု ဆိုသည်။

ဒေါ်လှမေကို ၂၀၁၃ ခုနှစ်က ဘင်္ဂလား-မြန်မာနယ်စပ်တွင် တည်ရှိသော တက်ကနက်မြို့တွင် ရွှေချောင်း အချို့ဖြင့် ဘင်္ဂလာရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းနောက် တရားမ၀င် ရွှေအရောင်းအ၀ယ်လုပ်မှုဖြင့် တရားစွဲဆို ထောင်ချခဲ့သည်။

သေဆုံးသူ ဒေါ်မလှမေ၏ မောင်တောမြို့မှ မိသားစုဝင်များ ကော့စ်ဘာဇား ဆေးရုံကိုရောက်ရှိနေပြီး သူမအား ကောင်းမွန်စွာ သဂြိုလ်နိုင်ရန် စီစဉ်နေသည်ဟု ကော့စ်ဘာဇားမှ ရခိုင်လူငယ်က ဆက်လက်ပြောဆိုသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။