အောင်မြင်တဲ့ ဘောလုံးရာသီကောင်းတခုဖြစ်ခဲ့ကြောင်း ချယ်ဆီးမန်နေဂျာ မိုရင်ညို ပြော

DVB

ချယ်ဆီးမန်နေဂျာ ဟိုဆေးမိုရင်ညိုက ချန်ပီယန်လိခ်ဆီမီးဖိုင်နယ်မှာ အလက်တီကိုမဒရစ်ကို ရှုံးနိမ့်ခဲ့တာဟာ ဘ၀မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်တခုပဲဖြစ်ပြီး အသင်းအနေနဲ့ ခြုံငုံသုံးသပ်ရရင် အောင်မြင်တဲ့ ဘောလုံးရာသီကောင်းတခုဖြစ်ခဲ့တယ်လို့ မေလ ၂ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးကစားသမားတွေက ချန်ပီယံလိခ်ချန်ပီယံတော့ မဖြစ်ခဲ့ပေမယ့် အကောင်းဆုံး ကြိုးစားခဲ့ ကြပြီး ချန်ပီယံလိခ်ရလဒ်တွေ ကောင်းခဲ့တယ်လို့ ပြောဆိုပါတယ်။ ချယ်ဆီးအသင်းဟာ ဒီနှစ်ပရီမီယာလိဒ်မှာ ခံစစ်အကောင်းဆုံးအသင်းဖြစ်ခဲ့ပြီ ပွဲစဉ်တလျှောက် ၂၈ ဂိုးပဲ ပေးခဲ့ရပါတယ်။
ချယ်ဆီးမန်နေဂျာ ဟိုဆေးမိုရင်ညို
ချယ်ဆီးမန်နေဂျာ ဟိုဆေးမိုရင်ညို

ပွဲစဉ်အတွင်း နောက်ဆုံး ၂ ပွဲက ကစားဖို့ကျန်ပြီး နှစ်ပွဲစလုံးကို လွယ်လွယ်ကူကူဖို့ သဘော မထားဘူးလို့လည်း ပြောဆိုပါတယ်။ အဲ့ဒီအသင်းတွေက ချယ်ဆီးအသင်းဆီက အမှတ် ၃ မှတ်ရဖို့ အရေးကြီးနေသလို ချယ်ဆီးအသင်းကလည်း ပရီမီယာလိခ်အဆင့် ၃ ကိုရပြီးနောက်နှစ် ချန်ပီယံလိခ်ပွဲကို ၀င်ခွင့်ရဖို့ အမှတ်ရဖို့ အရေးကြီးနေတယ်လို့ ပြောဆိုပါတယ်။

နောက်တပတ်မှာ ကစားမယ့် နောက်ဆုံးပွဲဟာ ကိုယ့်အိမ်ကွင်းမှာ တရာသီလုံးအားပေးလာခဲ့တဲ့ ချယ်ဆီးပရိသတ်တွေအတွက် ထိုက်ထိုက်တန်တန် အောင်ပွဲ ရယူပေးဖို့က အရေးကြီးဆုံးပဲလို့ လည်း ပြောဆိုပါတယ်။

အလက်တီဂိုမဒရစ်ကို ချန်ပီယံလိခ်ဆီးမီးဖိုင်နယ် ဒုတိယပွဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့မှုနဲ့ပတ်သက်ပြီး မိုရင်ညိုရဲ့ နည်းဗျူဟာကို ချယ်ဆီးကွင်းလယ်သမား အီဒင် ဟာဇတ် ဝေဖန်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာမှာတေ့ ဟာဇတ်လို ကစားသမားတွေက ဝေဖန်မှုတွေဟာ သာမန်ကိစ္စတွေသာဖြစ်တာကြောင့် အလေးမထားဘူး လို့လည်း ပြောဆိုပါတယ်။

ဟာဇတ်ဟာ အရင်အဓိက ကစားသမား ဟွန်မာတာ မန်ချက်စတာကို ရောင်းခဲ့ပြီးနောက်ပိုင်း ချယ်ဆီးရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဟာဇတ်ဟာ ကိုယ့်အတိတ်ကို ကိုယ်ပြန်မကြည့်တဲ့ ကိုယ့်အသင်းနဲ့ ကစားဖော်တွေအပေါ်မှာလည်း ၁၀၀ ရာခိုင်နှုန်း ပေးဆပ်တဲ့ ကစားသမား မဟုတ်ဘူးလို့လည်း နည်းပြမော်ရင်ညိုက ဝေဖန်ခဲ့ပါတယ်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။