ဟောင်ကောင်ကျွန်းအနီးရေပြင်တွင် သင်္ဘောနှစ်စီး တိုက်မိပြီး သင်္ဘောသား ၁၁ ဦး ပျောက်ဆုံးနေ



တရုတ်ကုန်တင်သင်္ဘော Zhong Xing 2 နှင့် တိုက်မိပြီးနောက် ဟောင်ကောင်ကမ်းလွန် ရေပြင်တွင် နစ်မြုပ်သွားသော MOL Motivator သင်္ဘောပုံကို မေလ ၅ ရက်က နန်ဟိုင်း ကယ်ဆယ်ရေးဗျူရိုက ထုတ်ပြန်ထားသောပုံ (Nanhai Rescue Bureau/AFP)


တရုတ်ကုန်တင် သင်္ဘောတစ်စီးနှင့် အခြား ကုန်တင်သင်္ဘောတစ်စီးတို့သည် ဟောင်ကောင်ကျွန်းပြင်ပ ရေပြင် တွင် တနင်္လာနေ့က တိုက်မိပြီး နစ်မြုပ်ခဲ့ရာ တရုတ်သင်္ဘောမှ သင်္ဘောသား ၁၁ ဦး ပျောက်ဆုံး နေကြောင်း ဟောင်ကောင် အာဏာပိုင်များက ပြောကြား သည်။

သင်္ဘောနှစ်စီးသည် တနင်္လာနေ့ နံနက်အစောပိုင်းတွင် ဟောင်ကောင်ကျွန်းပိုင်နက် အစွန်အဖျားမှ ပိုတွိုင်ကျွန်းအနီး ပင်လယ်ပြင်တွင် တိုက်မိခဲ့ကြောင်း ဟောင် ကောင်မီးသတ်ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က အေအက်ဖ်ပီသတင်း ဌာနအား ပြောသည်။

‘‘ကုန်တင်သင်္ဘောနှစ်စီး တိုက်မိပြီး တစ်စီးနစ်မြုပ်ခဲ့ပါ တယ်။ နစ်မြုပ်ပြီးနောက်ပိုင်းမှာ အမျိုးသားတစ်ဦးကို ကယ်ဆယ် နိုင်ခဲ့ပြီး ဆေးရုံကို တင်ပို့ထားပါ တယ်’’ဟု ၎င်းကဆက်လက်ပြော သည်။

ပြည်မကြီးမှ တရုတ် ကုန် တင်သင်္ဘောမှာ လိုက်ပါလာသူ ၁၂ ဦးရှိပြီး ၁၁ ဦး ပျောက်ဆုံး နေသည်။

သင်္ဘော နစ်မြုပ်မှုမှာ ပျောက်ဆုံးနေသူများကို ကယ် ဆယ်နိုင်ရန် ဟောင်ကောင် အာဏာပိုင်များသည် ပြည်မကြီး မှ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး ရဟတ်ယာဉ် ဖြင့် ရှာဖွေမှုများ ပြုလုပ်လျက်ရှိ သည်။

ဟောင်ကောင်ကျွန်းအနီး ရေပြင်မှာ သင်္ဘောများ ရေကြောင်းကျပ်စွာ သွားလာရသည့်အတွက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

သင်္ဘောလမ်းကြောင်းများ သည် ဟောင်ကောင်ရေပြင်ပိုင်နက် တွင် လွန်းထိုးသွားလာလျက်ရှိရာ ရေကြောင်းလမ်းများ ရှုပ်ထွေး လေ့ရှိသည်။

ဟောင်ကောင်ဆိပ်ကမ်းမှာ လည်း ကမ္ဘာတွင် အလုပ်အများ ဆုံး ဆိပ်ကမ်းတစ်ခုအဖြစ် သတ် မှတ်ခံရသည်။

ဟောင်ကောင်တွင် ၂၀၁၃ သြဂုတ်က အားပြင်းသည့် တိုင်ဖွန်းမုန်တိုင်း တိုက်ခိုက်မှု ကြောင့် အမြန်မောင်းကူးတို့ ရေယာဉ်ငယ်တစ်စီးနှင့် အပန်း ဖြေ လှေတစ်စီး တိုက်မိခဲ့ကာ လူ ၃၉ ဦးမှာ သေဆုံးပြီး ကျွန်း၏ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရေကြောင်းမတော်တဆမှု တစ်ခုဖြစ်ခဲ့သည်။        
—Ref: AFP

http://7daydaily.com/story/10159#.U2hNWEDNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။