မေလ
၅ ရက်က မနီလာမြို့
ကူဇန်စီးတီးမြို့အမေရိကန်−ဖိလစ်ပိုင်ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်ဖွင့်လှစ်ရာ
ဖိလစ်ပိုင်စစ်ဌာနချုပ်စခန်းရှေ့တွင် ကန့်ကွက်သူတစ်ဦးက အမေရိကန်
ဆန့်ကျင်ရေးကြွေးကြော်သံများ အော်ဟစ်နေစဉ် (Romeo Ranoco/REUTERS)
ကန်သမ္မတအိုဘားမား
က ဖိလစ်ပိုင်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန် မြှင့်မည်ဟု
မကြာသေးမီက ကြေညာခဲ့ပြီးနောက်ပိုင်း ဖိလစ်ပိုင်နှင့် အမေရိကန်တပ်ဖွဲ့
ထောင်ပေါင်းများစွာသည် တနင်္လာနေ့တွင် နှစ်စဉ်စစ်ရေးပူးတွဲလေ့ကျင့်မှု
စတင်လိုက်သည်။
ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အဲလ်ဘတ်ဒယ်ရိုဆာရီယို က ၁၀ ရက်တာပြုလုပ်မည့် ထို ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဖိလစ်ပိုင်၏ တည်ငြိမ်မှုကို ပျက် ပြားစေမည့် ရန်လိုသော အိမ်နီး ချင်းများရန်မှ ကာကွယ်နိုင်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြော သည်။
ဝန်ကြီးသည် မိန့်ခွန်းတွင် ပိုင်နက်အငြင်းပွားမှုများ ဖြစ်နေသော တရုတ်နိုင်ငံကို တိုက်ရိုက်ထည့်မပြောသော်လည်း ရည်ရွယ်ပြောခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
‘‘ပြီးခဲ့တဲ့ နှစ်တွေအတွင်း တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီး မယ့် ပင်လယ်ရေပြင်နဲ့ မြေပြင် ပိုင်နက် အငြင်းပွားမှုတွေ တိုးပွား လာခဲ့ပြီး အာရှ-ပစိဖိတ်ဒေသ တွင်းမှာ တင်းမာမှုတွေ များလာခဲ့ ပါတယ်။ ရှိရင်းစွဲအခြေအနေကို ပြောင်းလဲဖို့ ရည်ရွယ်တဲ့ ကျူး ကျော်လိုတဲ့ အပြုအမူတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေးကို ခြိမ်းခြောက်နေပါ တယ်’’ဟု ၎င်းကဆိုသည်။
ဘာလီကာတန်ဟု အမည်ရ သည့် ထိုစစ်ရေးလေ့ကျင့်ခန်းမှာ ဖိလစ်ပိုင်ရေတပ်အား ကျူးကျော် ရန်စမှုများကို တုံ့ပြန်ဖြေရှင်းနိုင် သည့် စွမ်းဆောင်ရည်များ တိုး တက်စေရန် ရည်ရွယ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် တရုတ် နှင့် ရေပိုင်နက်အငြင်းပွားမှုဖြစ် နေပြီး ယမန်နှစ်က ပိုင်နက်အငြင်းပွားမှုကို ကုလသမဂ္ဂခုံရုံးတွင် ဖြေရှင်းရန် တောင်းဆိုခဲ့သော်လည်း တရုတ်ဘက်က ပယ်ချခဲ့ပြီး နှစ်ဖက် ဆွေးနွေးမှုများဖြင့်သာ အဖြေရှာသွားရန် ပြောဆိုခဲ့သည်။
မကြာသေးမီက အာရှခရီးစဉ်အတွင်း ကန်သမ္မတ အိုဘားမားသည် ဖိလစ်ပိုင်နှင့် ၁၉၅၁ က နှစ်ဖက်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို ဆက်လက်စောင့်ထိန်းပေးသွားမည်ဟု ကတိပေးခဲ့ပြီးနောက် ယခုစစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့ခြင်းဖြစ် သည်။
ဖိလစ်ပိုင်-ကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် ကန်တပ်သား ၂,၅၀၀ နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၃,၀၀၀ ခန့် ပါဝင်သည်။
ဖိလစ်ပိုင်စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း စစ်ရေးလေ့ကျင့် မှုများတွင် အမြောက်ကျည်အစစ် များဖြင့် ပစ်ခတ်မှုများ၊ ပင်လယ် ပြင်ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လေ့ကျင့်ခန်းများကို နေရာအများ အပြားတွင် လုပ်ဆောင်သွားမည် ဟု ပြောသည်။
ထို့အပြင် လေ့ကျင့်မှုများ တွင် ပင်လယ်ရေကြောင်း စောင့် ကြည့်မှုစနစ်များ၊ သင်္ဘောပေါ်မှ ကမ်းခြေသို့ ကမ်းတက်လေ့ကျင့် ခန်းများကို ဇမ်ဘာလီပြည်နယ် တွင် ပြုလုပ်သွားမည်ဟု ပြော သည်။ ဇမ်ဘာလီ ပြည်နယ်မှာ တောင်တရုတ်ပင်လယ်ကို မျက်နှာ မူထားသော ပြည်နယ်ဖြစ်သည်။
—Ref: AFP
http://7daydaily.com/story/10160#.U2hNDkDNmcs

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။