ရခိုင်လူမှုကွန်ရက်

ရခိုင်လူမှုကွန်ရက်
.........................

ရခိုင်လူမှုကွန်ရက် ဆိုသည်မှာ ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးရှိ သာရေး၊ နာရေး၊ ဘာသာရေး၊ နိုင်ငံရေးပါတီ အင်အားစုများ အားလုံးကို ပေါင်းစပ်စုစည်းထားသည့် ကွန်ရက်စနစ်တစ်ခုကို ဆိုလိုသည်။

သို့ဖြစ်ပါ၍ အစိုးရ အပါအ၀င် ပြည်သူများမှ ရခိုင်လူမှုကွန်ရက် အား အဖွဲ့အစည်းတစ်ခုအဖြစ် တစ်ခါတစ်ရံ ပြောဆိုရှုမြင်သုံးသပ်ခြင်းအား တွေ့ရှိရသည့်အတွက် ဖွဲ့စည်းပုံစနစ်အား အများသိစေရန် ကြေငြာရခြင်းဖြစ်သည်။

ကွန်ရက်စနစ်တစ်ခုလည်ပါတ်ရန်အတွက် အစည်းအဝေးဖြစ်မြောက်ရေး ဆော်သြရေးမှူးများအား အဖွဲ့စုံအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထားရှိသည်။ ဥပမာ - လူမှုကွန်ရက် - စစ်တွေတွင် ဆော်သြရေးမှူး (၉)ဦး ထားရှိသည်။

၎င်း ဆော်သြရေးမှူးများသည် လူမှုအဖွဲ့အစည်းအားလုံးကို ကိစ္စရပ်တစ်ခု ရှိတိုင်း ရှိတိုင်း အစည်းအဝေးဖြစ်မြောက်ရေးအတွက် ဖိတ်ကြားရသူများသာဖြစ်ပြီး ဆုံးဖြတ်ချက် ချက်မှတ်ကြသူများမဟုတ်ချေ။

လူမှုအဖွဲ့အစည်းတစ်ခုသည်သော်လည်းကောင်း၊ အစိုးရအဖွဲ့မှသော်လည်းကောင်း တစ်စုံတစ်ရာ တွေ့ဆုံ၊ ပြောဆို၊ ဆုံးဖြတ်ရမည့် ကိစ္စရှိသည်ဆိုလျှင် ဆော်သြရေးမှူး တစ်ဦးဦးထံသို့ ဆက်သွယ်အကြောင်းကြားရမည်။ ထို ဆော်သြရေးမှူးမှ ကျန် (၈)ဦးသို့ ဆက်သွယ်ပြီး ထိုကိစ္စရပ်အား အစည်းအဝေးခေါ်ယူရန် သင့်/မသင့် မဲခွဲဆုံးဖြတ်ကာ မဲများမှသာလျှင် အဖွဲ့စုံအစည်းအဝေးကြီးဖိတ်ကြားခြင်း စတင်သည်။

ထို့အတွက် လူမှုကွန်ရက်ဆိုသည်မှာ လူမှုအဖွဲ့အစည်းအားလုံးကို ဆိုလိုပေသည်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ခေါင်းဆောင်နေခြင်းမျိုး လုံးဝ(လုံးဝ) မရှိပါ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးစဉ် မည်သည့်အရေးတွင်မဆို မိမိတို့၏ပုဂ္ဂိုလိကအမြင်ကို အစည်းအဝေးဆုံးဖြတ်ချက်မပါရှိပဲ လုံးဝ(လုံးဝ) ပြောဆို အဖြေပေး၊ ဆုံးဖြတ်ချက် ချက်မှတ်ခြင်းမျိုးမပြုရပေ။

အဘယ်ကြောင့်ဆိုသော် အများနှင့်သက်ဆိုင်သော ကိစ္စဖြစ်၍ပင်။ တစ်ဖက်၌ အစိုးရ၏ တတိယလူအဖြစ် ကစားကွက်ခင်းထားသော နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်နေကြရသည့် ပိုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီများ သည် ဤ ရခိုင်လူမှုကွန်ရက် အပေါ် မည်သည့် သြဇာလွှမ်းမိုးခြင်းမျိုး မရှိစေရပေ။

နိုင်ငံရေးပါတီများတွင် ပါတီ ROAD MAP ကိုယ်စီရှိကြသည်။ အတိုက်အခံပါတီ သည်သော်လည်းကောင်း အာဏာရပါတီ သည်သော်လည်းကောင်း နိုင်ငံရေးတွင် သူတို့၏နူးညံ့သိမ်မွေ့သည့် ကစားကွက်ကို လိုတိုး၊ ပိုလျော့ ကစားကြရသည်။ သူတို့တွင် ရည်မှန်းချက်ပန်းတိုင်နှင့် ပါတီဝင်အင်အားကိုယ်စီ ရှိကြသည်။

တတိယအုပ်စုတွင် ပြည်သူ့အင်အားနောက်ခံမရှိပေ။ အစိုးရ၏ ပေါ်လစီအရ ဖြစ်ပေါ်လာခြင်းခံရသည့်နည်းတူ ဒီနေ့၊ မနက်ဖြန် မသေချာခြင်းလည်း တစ်ဖက်တွင် ရှိပေသည်။ မိမိတို့အမြင်ကိုယ်စီဖြင့် ပြည်သူ့အတွက် အတိုက်အခံလုပ်ရင်း လုပ်ရင်း အစိုးရ၏ မွေးစားခြင်းကို ခံရမှန်းမသိ ခံကြရတတ်သည်။

ဒုတိယအုပ်စုဖြစ်သော ရဟန်းရှင်လူ ပြည်သူများပါဝင်သည့် အောက်ခြေကိုယ်စားပြု လူထုအသံထွက်ပေါ်လာမည့် နေရာမှာ လူမှုကွန်ရက်ပင်ဖြစ်သည်။ ကွန်ရက်စနစ်တွင် ကောင်းသည်၊ ဆိုးသည် မည်သို့ပင်ဖြစ်စေကာမူ အများအလိုရှိနေသောအရာ အစစ်အမှန်ဖြစ်သည့်အတွက် လူထုရှေ့တွင် မားမားမတ်မတ်ရပ်ကြရမည်ဖြစ်သည်။ အစိုးရသည်သော်လည်းကောင်း၊ နိုင်ငံတကာသည်သော်လည်းကောင်း၊ နိုင်ငံရေးပါတီသည်သော်လည်းကောင်း၊ တတိယအုပ်စု တို့သည်သော်လည်းကောင်း လူမှုကွန်ရက်အနေဖြင့် ပထမဦးစားပေးအဖြစ် ပုဂ္ဂိုလ်ရေးအရ မည်သည့်အခါမျှ ထည့်သွင်းမစဉ်းစားရပေ။

ပြည်သူသည်သာ ပဓာန ဖြစ်သည်။ ပြည်သူ့ဆန္ဒသည် ကွန်ရက်ဆန္ဒ ပင် ဖြစ်သည်။ ထို့ကြောင့် ကွန်ရက်အသံသည် ပြည်သူ့အသံ ဖြစ်ပေသည်။

အကြောင်းကြောင်းကြောင့် တတိယအုပ်စုကို အသုံးချပြီး ပြည်သူများနှင့်ဆွေးနွေးပြီးဖြစ်သည် ဟု အစိုးရမှ လေသံပစ်ခြင်းမျိုး အကြိမ်ကြိမ်ဖြစ်လာခဲ့သည်ရှိသော် ပြည်သူလူထုမှာ ဘုမသိဘမသိ နှင့် ပျက်စီးကိန်းကြုံရပေလိမ့်မည်။

ယခုလက်ရှိ ရခိုင်နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးပါတီများနှင့် တပြည်နယ်လုံးအတိုင်းအတာအထိ စည်းလုံးပြီးသောကွန်ရက်စနစ်၏ ကူညီထောက်ပံ့ရေးဖြင့် အစိုးရနှင့်ပူးပေါင်းလျှက် နိုင်ငံတော်၏အချူပ်အခြာ အာဏာ လုံခြုံရေးအတွက် UN, INGOs, NGOs Watch Team အားဖွဲ့စည်းရန် လိုအပ်သည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းပြီးစီးသည်နှင့်တပြိုင်နက် ၁၉၈၂ မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေကို ချက်ချင်းအကာင်အထည်ဖော်ရမည်။ သို့မှသာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အချူပ်အခြာအာဏာလုံခြုံမှုရှိလာသည့်အတွက် နိုင်ငံ့ စီးပွားရင်းမြစ်များ လုံခြုံရေး၊ တိုင်းပြည်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

၂၀၁၅ တွင် ရခိုင်ပြည်နယ်အရေး ရခိုင်အမျိုးသားပါတီလက်ထဲ ထည့်နိုင်ရေးအပါအ၀င်၊ ရခိုင်ပြည်နယ်၏ ရခိုင့်အခွင့်အရေးအရ သဘာဝကျသော သယံဇာတခွဲဝေမှုကိစ္စ၊ ဖွံ့ဖြိုးတိုးတက်မှုကိစ္စ၊ ဖယ်ဒရယ် ပြည်ထောင်စုဖြစ်တည်ရေး ကိစ္စရပ်များအား ရည်မျှော်နိုင်လာပေလိမ့်မည်။
........................................................

ရခိုင်လူမှုကွန်ရက် (စစ်တွေ)

Credit: ရခိုင်လူမှုကွန်ရက်-စစ်တွေ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။