ပြည်ထောင်စု အစိုးရအဖွဲ့တွင် တိုင်းရင်းသားများ ပါဝင်ခွင့် ခွဲတမ်း သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသား ဝန်ကြီး တောင်းဆို


ကျောက်ဖြူ၊ မေ ၁

ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက တိုင်းရင်းသား ကိုယ်စားလှယ်များကို ပါဝင်ခွင့်ပြုရေးအတွက် ခွဲတမ်း သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်အမျိုးသားညီလာခံတွင် တောင်းဆိုလိုက်သည်။

ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက တိုက်ရိုက် ရွေးချယ်ခွင့်ပေးရန်၊ ပြည်ထောင်စုအဆင့် ဖြစ်သည့် ဥပဒေချုပ်ရုံး၊ စာရင်းစစ်ရုံး စသည်တို့တွင်လည်း ခွဲတမ်းပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ထိန်းချုပ်မှုအောက်တွင် ထားရှိရန် အချက်များကို ရခိုင်အမျိုးသားညီလာခံက တောင်းဆိုမည့် မူဝါဒများတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ တွင် ပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတို့၏ လုပ်ပိုင်ခွင့်များကို တိုးချဲ့ပေးရန်၊ ဇယား ၅ တွင် ပါရှိသည့် အခွန်ကောက်ယူသည့် ကိစ္စများကိုလည်း တိုးချဲ့ပေးရန် လိုအပ်ကြောင်း ဦးဇော်အေးမောင် ပြောဆိုသည်။

ရခိုင်အမျိုးသားညီလာခံက ထွက်ပေါ်လာသည့် မူဝါများတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသား အခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ယဉ်ကျေးမှု စာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေး အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတတူးဖော်ရေး အသုံးပြုခွင့် ရရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်တို့နှင့် ပတ်သက်သည့် မူဝါဒများကို တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း နိုင်ငံသားစိစစ်ပြီး နိုင်ငံသားဖြစ်ခွင့် ရရှိသူများကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် လိုအပ်ပြီး ဧည့်နိုင်ငံသားများကို ဧည့်နိုင်ငံသား ပေးရန်၊ နိုင်ငံသားပြုခွင့် ရသူများကို နိုင်ငံသားပြုခွင့် ရသူအဖြစ် သတ်မှတ်ရန်၊ တရားမဝင် ရောက်ရှိနေသူများကို နိုင်ငံတကာ စံနှုန်းအတိုင်း ထားရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်က ဆက်လက် ပြောကြားသည်။
“White Card (ယာယီသက်သေခံကတ်) ကိုင်ထားတဲ့သူ နိုင်ငံသား မဟုတ်တဲ့ သူတွေကိုတော့ နိုင်ငံရဲ့ Idenity ပေါက်သွားမှာ စိုးတဲ့အတွက် မဲပေးခွင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရွေးကောက်ပွဲတွေကို ဥပဒေပြုပြင်ပြီး တားမြစ်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် စာသင်ကြားခွင့် မရရှိသူများ များစွာ ရှိနေပြီး စာသင်ကျောင်းများ၊ စွမ်းရည်မြင့် ဆရာ၊ ဆရာမများ နည်းပါးနေသဖြင့် ရခိုင်ပြည်နယ်၏ ပညာရေး နိမ့်ပါးနေသဖြင့် စာသင်ကျောင်းများများ တည်ဆောင်ပေးရန်၊ စွမ်းရည်မြင့် ဆရာ၊ ဆရာများ ထပ်တိုးချပေးရန်၊ ရခိုင်ပြည်နယ်တွင် ဆေးကျောင်းနှင့် အသက်မွေးဝမ်းကျောင်း စင်တာများ ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို လေ့လာသုံးသပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းကော်မတီက ဆက်လက်စဉ်းစား လုပ်ဆောင်မည် ဖြစ်ကာ ယင်းမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်နဲ့ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တည်ဆဲဥပဒေနှင့် ပတ်သက်ပြီးသည့် ကိစ္စများကို သက်ဆိုင်ရာ ဌာနများက ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆိုသည်။
“တောင်းဆိုချက်တွေထဲက နိုင်ငံတော်နဲ့ အခြေအနေနဲ့ ကိုက်ညီသော လိုက်လျောညီထွေ ဖြစ်တဲ့ ကိစ္စတွေကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကျောက်ဖြူမြို့မှ သဘာဝဓာတ်ငွေ့များ စေလွှတ်မှု၊ ရေနံ့သယ်ယူမှု များကြောင့် ရေနံယိုဖိတ်မှု ပြသာနာများ မဖြစ်ပွားအောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ အမျိုးသားအကျိုးစီးပွားကို ရှေးရှုလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဘင်္ဂါလီများ ခိုးဝင်မှု၊ ခိုးထွက်မှု၊ ပင်လယ်ပင်တွင် ငါးထွက်ဖမ်းသည့် ရခိုင်တိုင်းရင်းသားများ တိုက်ခိုက်ခံရမှုတို့ကို ကာကွယ်ရန် ပင်လယ်ပင်လုံခြုံရေးကို အထူးလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်က ပြောဆိုသည်။

The Voice Weekly

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။