လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါး အခြေခံ ဥပဒေ ပြင်ရန်လိုလားဟု သူရဦးရွှေမန်းပြော

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါးက ပြင်ဆင်ရန်လိုလားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

မေလ ၁ရက်က ကျောက်ဖြူ မြို့တွင် ပြုလုပ်သော ရခိုင်အမျိုးသားညီလာခံ ပိတ်ပွဲ၌ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံသားများနည်းတူ လွှတ်တော် ကိုယ်စားလှယ်များကပါ လိုလားကြောင်း ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

‘‘နိုင်ငံသားများ ထင်ပါတယ်။ ရာနှုန်းပြည့်နီးပါး အဲဒီလိုပဲ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း ရာနှုန်းပြည့်နီးပါး ပြင်ဆင်ဖို့ လိုလားတာရှိပါတယ်’’ ဟု သူရဦးရွှေမန်းက ပြောသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ပြီးဖြစ်စေရန် သက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ(ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းကော်မတီ) သို့ လမ်းပြမြေပုံ သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောသည်။

ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေတွင် ပြုပြင်ပြောင်းလဲရန်ခက် ခဲသည့် အချက်များကို ခေတ္တဖယ် ထားပြီး ပြုပြင်ရန်လွယ်ကူသော တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ၏ လုပ်ပိုင်ခွင့်ကို တိုးချဲ့ပေးရန်တင်ပြခဲ့သည်။

မေလ ၁ ရက် ရခိုင်အမျိုး သား ညီလာခံပိတ်ပွဲသို့ ပြည် ထောင်စုလွှတ်တော်နာယကသူရ ဦးရွှေမန်းနှင့် ဇနီး၊ အစိုးရအဖွဲ့အ ဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံဖွံ့ဖြိုးရေးအတွက် မူဝါဒများဆွေးနွေးချမှတ်ရန် ရခိုင်အမျိုးသားညီလာခံကိုအ စိုးရခွင့်ပြုချက်ဖြင့် ဧပြီ ၂၇ ရက် မှ စတင်၍ ငါးရက်ကြာ ကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးရပြီးကာလ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သော ရ ခိုင်အမျိုးသားညီလာခံသို့ လက်နက်ကိုင်အင်အားစုများ အပါအ၀င် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

Author: အောင်ခိုင်
7Day Daily
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။