ဆမ်ဆောင်းက ကူညီပံ့ပိုးပေးတဲ့ မြန်မာကျောင်းသား App ပြိုင်ပွဲ ၃ခုရွေးချယ်ခံရ
ဒီဂျစ်တယ်စက်ပစ္စည်းတွေနဲ့ Smart ဖုန်းတွေထုတ်လုပ်ရာမှာ
ဈေးကွက်ထိပ်တန်းမှာရှိနေတဲ့ Samsung က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က
မြန်မာကျောင်းသား ၁၈ယောက်ဝင်ရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲကနေ Application
၃ခုကို ရွေးချယ်လိုက်ပါပြီ။
ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ၁၈ယောက်ကို လေ့ကျင့်သင်တန်းပေးပြီး စက်ပစ္စည်းနဲ့ လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးခဲ့ပြီး နှစ်ယောက်တစ်တွဲစီ ၉ဖွဲ့ခွဲပြီး ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံမှာ သင်တန်းပို့ချပြီး application ရေးခိုင်းတဲ့ ဆမ်ဆောင်းရဲ့ ပထမဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။
Application Winner ရွေးချယ်ပွဲကို မေလ ၅ရက်နေ့က ကွန်ပျူတာတက္ကသိုလ်မှာ ကျင်းပခဲ့ပြီး ကမ္ဘာကြီးကို မျှော်လင့်ချက်တွေ ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ဆိုပါတယ်။ Application ဖန်တီးမှုမှာ မြန်မာကျောင်းသားတွေကို အထင်အကြီးဖြစ်ခဲ့ရကြောင်းနဲ့ ဒီလိုပရောဂျက်မျိုး တစ်နိုင်ငံလုံးမှာ လုပ်ပေးနိုင်ရင် ထူးချွန်ကျောင်းသားတွေ အများကြီးပေါ်လာမယ်လို့ ယုံကြည်သူကတော့ ဒေါက်တာ ပရာဆုန်ပါ။
ဝင်ရောက်ယှဉ်ပြိုင်တဲ့ Application ၉ခုထဲက Disease Guide, Vitazone နဲ့ Yangon Guide Map application ၃ခုကို ရွေးချယ်ခဲ့ပြီး ဆုရှင်နှစ်ယောက်ကိုတော့ ထိုင်းနိုင်ငံ Samsung Indochina Head Office ကို ၅ရက်ကြာ သွားရောက်လေ့လာခွင့်ရမယ်လို့ ဆိုပါတယ်။
http://www.kamayutmedia.com/2014/05/05/samsung-in-myanmar-select-3-app-winners/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။