နိုင်ဂျီးရီးယားနိုင်ငံမှာ ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသူ ၂၀၀
ကျော်ကို ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ လက်ထဲကနေ ကယ်တင်ဖို့ ဘာမဆို
အကူအညီပေးသွားမယ်လို့ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အန်ဘီစီ သတင်းဌာနနဲ့
မေးမြန်းချက်မှာ ပြောကြားလိုက်ပါတယ်။
နိုင်ဂျီးရီးယားသမတ ဂွတ်လခ် ဂျွန်နသန်ကလည်း အမေရိကန်ရဲ့ အကူအညီကို ကမ်းလှမ်းတာကို လက်ခံထားတယ်လို့ ပြောပါတယ်။
“အခြေအနေဟာ အတော်ဆိုးတယ်၊ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ဟာ
နိုက်ဂျီးရီးယားမှာ အပြစ်မဲ့အရပ်သား ရာပေါင်းများစွာကို သတ်ဖြတ်နေတာ
အတော်ကြာနေပြီ။ အမေရိကန်က ဘိုကို ဟာရမ်ကို ဒေသတွင်း အဆိုးဆုံး
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာ ကြာပြီ။”
နိုင်ဂျီရီးယားနိုင်ငံ ဘော်နို ပြည်နယ်ထဲက ချီဘွခ်ရွာမှာ
ဧပြီလ ၁၄ ရက်နေ့က အထက်တန်း ကျောင်းသူတွေကို ကားနဲ့ တင်ပြီး ကင်မရွန်းနဲ့
နယ်စပ် တောဘက်ကို ခေါ်ဆောင်ပြီး ပျောက်ဆုံးနေတာ ဖြစ်တယ်။
ဘိုကိုဟာရမ် ခေါင်းဆောင်က မိန်းကလေးငယ်တွေကို ကျွန်အဖြစ် ရောင်းစားမယ်လို့ မေ ၅ ရက်နေ့က ခြိမ်းခြောက်ခဲ့ပါတယ်။
ကျောင်းသူတွေကို အမြန်ဆုံး ကယ်တင်ဖို့
နိုင်ဂျီးရီးယားနိုင်ငံမှာသာမက အမေရိကန်ပြည်ထာင်စု၊ ၀ါရှင်တန်ဒီစီ၊
နယူးယော့ခ်မြို့မှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အမေရိကန်စစ်တပ်က စစ်သားတွေ ထောက်လှမ်းရေးတွေနဲ့ ညှိနှိုင်းရေးမှူးတွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို စေလွှတ်မယ်လို့ အိမ်ဖြူတော်က မေ ၆ ရက်နေ့မှာ ကြေညာထားပါတယ်။ ယူကေ အစိုးရကလည်း အကူအညီပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
http://burmese.dvb.no/archives/56155
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။