ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို သန်းခေါင်းစာရင်း ဆက်ကောက်မည်

ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို လာမယ့် မေလကုန်နောက်ဆုံးထားပြီး သန်းခေါင်စာရင်း ကောက်ယူမူတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာကျင်းပတဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့တာပါ။
U Khin Ye PreeRelease07052014
ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ကို လာမယ့်သောကြာနေ့မှာ သွားရောက်ဖို့ ရှိနေပြီး ဘင်္ဂါလီ လူမျိုးတွေကို သန်းခေါင်စာရင်းကောက်ဖို့ ဆွေးနွေးသွားမှာဖြစ်တဲ့အကြောင်းနဲ့ မေလကုန်ရင် လုပ်ငန်းရပ်ဆိုင်းမယ်လို့ ပြောပါတယ်။

“အခုကျနော် သောကြာနေ့မှာ ရခိုင်ပြည်နယ်ကို ထပ်ပြီးသွားပါ့မယ်။ ကျနော် မေလ နောက်ဆုံးရက်အထိ ကြိုးစားဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒီ ရက်မှာ ကောက်လို့ မရရင်တော့ ဒီလုပ်ငန်းကို ရပ်တန့်မှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းရဲ့ တကယ့် အနှစ်သာရကို ကျနော် ရှင်းပြပါ့မယ်၊ အဲဒီတော့ ရိုဟင်ဂျာဆိုတာ ကျနော်တို့ နိုင်ငံမှာ လက်ခံထားတာ မရှိပါဘူး။ ဘင်္ဂါလီလို့ ပြောရမှာ ခက်တယ် ဆိုရင် ဘင်္ဂါလီက မပြောနဲ့၊ ဒီဘက်ကလည်း ရိုဟင်ဂျာလို့ မပြောနဲ့၊ လူမျိုးကို မေးရင် မဖြေတဲ့နည်းနဲ့ လက်ခံပေးမယ်ဆိုရင်လည်း ကောက်ယူမယ်လို့ ကျနော်တို့ ကြိုတင်ကြေညာပြီးတော့ ပြန်လည် ကောက်ယူသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း ပြန်လည်စတင်တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို မေလ ၃၀ ရက်နေ့ကနေ ဧပြီ ၁၂ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေကို သန်းခေါင်စာရင်းကောက်ခံရာမှာတော့ လုံခြုံရေးကိစ္စနဲ့ ဘင်္ဂါလီတွေက ရိုဟင်ဂျာလူမျိုး သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် သန်းခေါင်စာရင်း ကောက်ခံရာမှု ရပ်ဆိုင်းခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကတော့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီလူမျိုး ၁ သန်း ၃ သိန်းလောက်ရှိပြီး ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ပြည်နယ်တွေကို စာရင်းကောက်ခံရာကနေ ဘင်္ဂါလီလူမျိုး ၃ သိန်းကျော် ရရှိထားတယ်လို့ ပြောပါတယ်။

“ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဘင်္ဂါလီ ၃ သိန်းကျော် ကျနော်တို့ ကောက်လို့ ရပါတယ်။ ကောက်လို့ရတယ်ဆိုတာက ရိုဟင်ဂျာလို့ မထည့်တဲ့အတွက် ကောက်လို့ရတာပါ။ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ခရိုင် ၅ ခုရှိပါတယ်။ ခရိုင် ၂ ခုက ဘင်္ဂါလီအနေနဲ့ အကောက်ခံပါတယ်။ ခရိုင် ၃ ခုပဲ ကျန်ပါတယ်။”

မေလ ၃၀ ရက်နေ့ကနေ ဧပြီ ၁၂ ရက်အထိ ဆောင်ရွက်ခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကနေ ရရှိခဲ့တဲ့ အချက်အလက်တွေကိုတော့ လာမယ့်သြဂုတ်လမှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။


ကချင်ပြည်နယ်မှာလည်း စစ်ပွဲကြောင့် သန်းခေါင်စာရင်းကောက်ယူဖို့ ကျန်ရှိနေတဲ့ ကျေးရွာ ၂၀ ကျော်မှာလည်း သန်းခေါင်စာရင်း ကောက်ယူဖို့ရှိနေပြီး ကေအိုင်အေ ဗဟိုကို စာပို့ထားတဲ့ကြောင်း ကချင်ပြည်နယ်အပါအ၀င် မြန်မာတနိုင်ငံလုံးမှာ လုံခြုံရေးအရစာရင်း မကောက်နိုင်တဲ့ ကျေးရွာပေါင်း ၉၇ ရွာလောက် ရှိနေတယ်လို့ ၀န်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါတယ်။

http://burmese.dvb.no/archives/56177
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။