ဆော်ဒီ အာရေးဗီးယား နိုင်ငံက အယ်ကိုင်းဒါးအဖွဲ့ဝင်လို့ သံသယရှိသူ ၆၂ ဦးကို ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
အကြမ်းဖက်သမားအုပ်စု ၀င်တွေဟာ ဆီရီးယားနဲ့ ရီမင်အစိုးရ၊
ဆော်ဒီ အာရေးဗီးယားက နိုင်ငံခြားသား ပစ်မှတ်တွေကို တိုက်ခိုက်ဖို့
ကြံစည်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးက မေလ ၆ ရက်နေ့မှာ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး မန်ဆာ အယ် တာကီ ကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
ရီရတ်မြို့သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး မန်ဆာ အယ် တာကီက ဖမ်းဆီးမှုကို အခုလို အတည်ပြုပါတယ်။
“စစ်ဆေးချက်တွေနဲ့ လုံခြုံရေး သတင်းအချက်အလက်တွေအရ
ဆီရီးယားနဲ့ ရီမင်မှာ သူတို့ ကွန်ရက်က အတော်ကြီးပါတယ်။ အကြမ်းဖက်အဖွဲ့နဲ့
ဆက်နွယ်နေတဲ့ သံသယရှိလို့ ၆၂ ယောက်ကို ဖမ်းထားပါတယ်။ တယောက်ကတော့
ပါကစ္စတန်နိုင်ငံသား၊ တယောက်က ရီမင်နိုင်ငံသား၊ တယောက်ကတော့
ပါလက်စတိုင်းနိုင်ငံသား၊ တခြားလူတွေက ဆောဒီက လူတွေပါပဲ။”
ကမ္ဘာမှာ ရေနံအများဆုံး တင်ပို့နေတဲ့
ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ဆီရီးယား စစ်ပွဲကို အကြောင်းပြုလို့
ဆော်ဒီသားတွေ အကြမ်းဖက်သမားတွေ ဖြစ်သွားမှာကို စိုးရိမ်မှုတွေ
မြင့်တက်နေပါတယ်။ စစ်သွေးကြွအုပ်စုတွေကို အထူးဂရုစိုက်ပြီး
နှိမ်နင်းသွားမယ်လို့ ကြေညာ ထားပါတယ်။
အခုထိန်းသိမ်းထားတဲ့ ၆၂ ယောက်အဖွဲ့ဟာ နှစ်နှစ်အတွင်း
အများဆုံး အရေအတွက် ဖြစ်ပါတယ်။ အယ်ကိုင်းဒါး နှိမ်နင်းရေး စစ်ဆင်ရေးအတွင်း
ဆော်ဒီမှာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အကြမ်းဖက်သမားလို့ သံသယရှိသူ
ထောင်နဲ့ချီပြီး ဖမ်းဆီး ထောင်ချထားပါတယ်။
http://burmese.dvb.no/archives/56162
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။