ဒေသခံမဟုတ်သည့် INGOများ ထွက်သွားရန် မြောက်ဦးတွင် ဆန္ဒပြ

ဒေသခံမဟုတ်သည့် INGOများ ထွက်သွားရန် မြောက်ဦးတွင် ဆန္ဒပြ

(နိရဉ္စရာ- ၉ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဒေသခံမဟုတ်သည့် INGO များဒေသအတွင်းမှ ၇ ရက်အတွင်း ထွက်ခွာ သွားရန်နှင့် White card ကိုင်ဆိုင်သူများကို မဲပေးခွင့် ရွေးကောက်ခံပိုင်ခွင့်မပြုရန် ဒေသခံတစ်ထောင်ကျော်မှ ဆန္ဒပြတောင်းဆိုခဲ့သည်။
အဆိုပါ ဆန္ဒပြတောင်းဆိုမှုကို ယနေ့နေ့လည် ၁ နာတွင် မြောက်ဦးမြို့အထင်ကရ သျှစ်သောင်း ပုထိုးတော်မှ စတင်ပြီး မြို့တစ်ပတ်လှည့်လည်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုရသည့် အကြောင်းကို ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုတိုးတိုးက ယခုကဲ့သို့ ပြောသည်။
“ INGOကို နှင်ထုတ်ရတာကတော့ နိုင်ငံတကာက သံအဖွဲ့တွေလာရင် သူတို့က လူ့အခွင့်အရေးတွေကိုဘဲ ရှေ့တန်းတင် ပြီးပြောနေတယ်။ ကျွန်တော်တို့ ဒေသခံရခိုင်တွေရဲ့ အခွင့်အရေးကျတော့ ဘယ်သူမှမပြောဘူး။ INGO တွေက တစ်ဘက်မှာလည်း ခွဲခြားဆက်ဆံတယ်။ ဒေသခံရခိုင်တွေကို ဘယ်တော့မှကူညီတာ မရှိဘူး။ ဒါကြောင့်သူတို့ကို ကျွန်တော်တို့ဒေသမှာ လက်မခံနိုင်တော့ဘူး။ ကမ္ဘာ့တစ်ခုလုံးမှာ မည်သည့်နိုင်ငံမှာ လည်း မရှိတဲ့ White card ကိုင်ဆောင်သူတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မဲပေး ခွင့်ပေးထားတယ်။ တိုင်း ရင်းသားလည်း မဟုတ်။ ဒေသခံလည်းမဟုတ်ဘဲ တခြားနေရာက လာတဲ့ သူတွေကို မဲပေးခွင့်ပြု ထားတဲ့အတွက် ကျွန်တော်တို့ ရခိုင်ဒေသခံတွေအတွက် အများကြီးနစ်နာရပါတယ်” ဟု ဆိုသည်။
INGO အဖွဲ့များမှာ ဘင်္ဂလီများကိုသာ တစ်ဘက်သတ် ကူညီထောက်ပံ့မှုများပေးနေပြီး တစ်ဘက်တွင်လည်း ဒေသအတွင်း ပဋိပက္ခများဖြစ်ပေါ်စေရန် နောက်ကွယ်မှ လုံဆော်နေကြောင်း ကိုတိုးတိုးကပြောသည်။
၇ ရက်တွင်း နိုင်ငံတကာ INGO အဖွဲ့များထွက်ခွာသွားမှုမရှိပါက ဆက်တိုက် လူထုအင်အားဖြင့် ဥပဒေကြောင်းအရ ကန့်ကွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုတိုးတိုးက ယခုကဲ့သို့ ဆက်ပြောသည်။
“ တကယ်လို့ ဒေသခံတွေမဟုတ်တဲ့ NGO-INGO အဖွဲ့တွေ ကျွန်တော်တို့ တောင်းဆိုတာကို လိုက်နာမှုမရှိရင် ကျွန်တော်တို့က ဆက်ပြီးတော့ ဥပဒေဘောင်အတွင်းက လူထုအားနဲ့ ဆက်ပြီးကန့်ကွက်သွားမယ်။ ဆန္ဒထုတ်ဖော်ပွဲတွေလုပ်ပြီး သူတို့ထွက်သွားတဲ့အထိ လုပ်သွားမှာဖြစ်ပါတယ်။”
ဆန္ဒပြသူများက ခိုးဝင်ဘင်္ဂလီများကို ထောက်ပံ့သည့် ဒေသခံမဟုတ်သည့် NGO-INGOများကို အလိုမရှိ။၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံးအကောင်အထည် ဖော်ပေးရေ။ ၂၀၁၅ ခုနှစ် White card ကိုင်ဆောင် သူများကို ရွေးချယ်ပိုင်ခွင့်နှင့် မဲပေးပိုင်ခွင့်မပြုရေး။ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခေတ်မီလက် နက် အစားထိုး တပ်ဆင်ပေးရေးစသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
မြောက်ဦးမြို့တွင် (AZG) MSF- နှင့် ICRC အဖွဲ့တို့ အခြေစိုက်လှုပ်ရှားနေကြပြီး မကြာသေးမီကလည်း မြောက်မြို့ခံများက ဒေသအတွင်းရှိ နိုင်ငံတကာ INGO အဖွဲ့များ ဒေသအတွင်းမှ ထွက်ခွာသွားရန် နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ကြသည်။
အလားတူး ယခုရက်ပိုင်းအတွင်းက စစ်တွေနှင့် ဘူးသီးတောင်မြို့များတွင်လည်း White card ကိုင်ဆောင်သူများကို ရွေးချယ်ခံပိုင်ခွင့်နှင့် မဲပေးခွင့်မပြုရန်၊ နိုင်ငံတကာ INGOအဖွဲ့များ ဒေသအတွင်းမှ ထွက်ခွာသွားရန်အချက်များပါဝင်သည့် တောင်းဆိုချက်များဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။
 =====
Narinjara



Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။