ရခိုင်ပြည် ငြိမ်းချမ်းရေး ခြိမ်းခြောက်ခံနေရပြီလို့ ရခိုင်အမျိုး သမီးခေါင်းဆောင် သတိပေး

ရခိုင်ပြည် ငြိမ်းချမ်းရေး ခြိမ်းခြောက်ခံနေရပြီလို့ ရခိုင်အမျိုး သမီးခေါင်းဆောင် သတိပေး
===============
ရခိုင်ပြည်နယ်က ပဋိပက္ခတွေ၊ ရခိုင်ခေါင်းဆောင်နှစ်ဦးကို မလေးရှားမှာ သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစား မှုတွေဟာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများ အစည်း အရုံးက ဖေဖော်ဝါရီ ၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

၂ဝ၁၂ခုနှစ်မှ စတင်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေမှာ အမျိုးသမီးတွေ အများအပြား သတ်ဖြတ်ခံ ခဲ့ရတာဟာ အနာဂတ် နိုင်ငံရေးကို ခြိမ်းခြောက်မှုဖြစ်ပြီး နောက်ထပ် ပဋိပက္ခတွေ မဖြစ်ကြဖို့ ဒေါ်စောမြရာဇာလင်းက ကမာရွတ်မီဒီယာကို သီးသန့်ပြောဆိုခဲ့ပါတယ်။

ထိုင်းအခြေစိုက် မြန်မာအမျိုးသမီးများအဖွဲ့ချုပ် WLB မှာပါဝင်တဲ့ ဒေါ်စောမြရာဇာလင်းက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှတဖို့နဲ့ ရခိုင်ပြည်နယ် တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရက လုပ်ဆောင်ဖို့လိုတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးကို လူမျိုးရေး ဘာသာရေးနဲ့ ရောထွေးပြီး ဝါဒဖြန့်ချိမှုတွေ အရှိန်မြင့်တက်လာနေချိန် ရခိုင်အမျိုးသမီးခေါင်းဆောင်တစ်ယောက်က သတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။
===========
http://www.kamayutmedia.com/
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။