မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် တိုက်တွန်း၊ မြန်မာပြည်တွင် မူစလင်အစွန်းရောက် အကြမ်းဖက်မှုရန်က ကာကွယ်ရန် လိုအပ်နေပြီလား

 
အင်ဒိုနီးရှားနိုင်ငံတွင် အကျဉ်းကျခံနေရသော အစ္စလာမ်မစ် စစ်သွေးကြွများ၏ ခေါင်းဆောင် အဘူဘာကာဘာရှာက မြန်မာနိုင်ငံကို ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် ခြိမ်းခြောက် ပြောဆိုလိုက်သည်။

အဆိုပါ ခြိမ်းခြောက်ချက် ထွက်ပေါ်လာပြီး နာရီအနည်းငယ် အတွင်းမှာပင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်သူများကို ဗုံးဖောက်ခွဲရန် ပစ္စည်းများနှင့်အတူ လက်ရဖမ်းဆီး ရမိခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘာလီ ဗုံးဖောက်ခွဲမှုများကို တွန်းအားပေးခဲ့ သူ မစ္စတာဘာရှာက မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်တွင်ရှိသော ဘင်္ဂါလီများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများ ပြုလုပ်နေသည့် အတွက် ဂျီဟတ်သည်သာ ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည် ဟု ပြောဆိုခဲ့သော်လည်း ၎င်းပြောဆိုချက်များသည် အဖြစ်အပျက် အမှန်များနှင့် ကွဲလွဲခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၂ ဇွန်လနှင့် အောက်တိုလာလတွင် ရခိုင်ပြည်နယ် အတွင်း၌ ဖြစ်ပွားခဲ့သော ဘင်္ဂါလီများနှင့် ရခိုင်တိုင်းရင်းသားတို့ကြား ဖြစ် ပွားခဲ့သော အဓိကရုဏ်းများ အတွင်းကလည်း အဘူဘာကာဘာရှာက ယခုလို ပြောကြားခဲ့ဘူးသည်။

ထိုအဖြစ်အပျက်များအား ကမ္ဘာ့မီဒီယာ အချို့က ဘင်္ဂါလီတို့အား လူမျိုးတုန်း သတ်ဖြတ်နေသည်ဟု ပြောကြားနေသော်လည်း အဖြစ်မှန်မှာ ရခိုင်တိုင်းရင်းသားများ အကြမ်းဖက် ခံခဲ့ရခြင်းဖြစ်ပြီး ရခိုင်ရော ဘင်္ဂါလီများပါ အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ဘင်္ဂါလီများအား နိုင်ငံတကာမှ အကူအညီများ ပေးသည်ဟု ယူဆကာ ရခိုင်တိုင်းရင်းသားများက နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီကို ငြင်းပယ်ခဲ့သည်အထိ ဖြစ်ပွားခဲ့ရသည်။

ရခိုင်ကော်မရှင်၏ အစီရင်ခံစာတွင် ဘင်္ဂါလီ ဘာသာရေး ခေါင်းဆောင်များ အနေနှင့် နိုင်ငံတကာသို့ သွားရောက်ခဲ့ဖူးကြောင်း ပါရှိသည်။ ဘင်္ဂါလီတို့က ၎င်းတို့သည် ရိုဟင်ဂျာများဖြစ်ပြီး မြန်မာတိုင်းရင်းသားများထဲတွင် ပါဝင်သည်ဟု ပြောဆိုနေခဲ့ပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ရိုဟင်ဂျာပါရှိခြင်း မရှိဟု အစိုးရက ငြင်းပယ်ခဲ့သည်။

၂၀၁၃ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့တွင် ရွှေဆိုင်တစ်ဆိုင်မှ စတင်သော ပြဿနာကို အရင်းပြုကာ လူတစ်စု၏ အကြမ်းဖက်မှုများကြောင့် အိမ်ခြေ အများအပြား မီးလောင်ကျွမ်းခဲ့သည်။

မိတ္ထီလာကိစ္စ၏ မျက်မြင်သက်သေများ ဖြစ်သော မြို့ခံများနှင့် ရဟန်းအယောင်ဆောင်သူများ၏ အကြမ်းဖက်မှုကို ခံခဲ့ရသော သတင်းထောက်များ၏ ပြောပြချက်အရ မြို့ခံမူဆလင်နှင့် ဗုဒ္ဓဘာသာတို့ အကြား အချင်းပွားခြင်း မရှိကြောင်းနှင့် အချင်းချင်း ကူညီကြကြောင်းလည်း သိရသည်။

ထို့နောက် ပဲခူးတိုင်း အနောက်ပိုင်းရှိ မြို့အချို့တွင် မူဆလင် ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်းများ၊ နေအိမ်များ၊ ဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြသော် လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသော မူဆလင်အချို့၏ ပြောပြချက်အရ ၎င်းတို့သည် မြန်မာမိတ်ဆွေတို့၏ နေအိမ်များတွင် ပုန်းအောင်း နေခဲ့ကြ ရကြောင်းလည်း သိရသည်။

၎င်းပြဿနာအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် ဘာသာဝင်များပါ အိုးအိမ်မဲ့ဘ၀ကို ရောက်ခဲ့ကျရသည်။

ဧပြီ ၃၀ ရက်နေ့တွင် ရန်ကုန်နှင့် မိုင် ၈၀ ခန့်သာ ကွာဝေးသော ဥက္ကံမြို့တွင် ကိုရင်တစ်ပါးနှင့် မူဆလင်ဘာသာဝင် အမျိုး သမီးတို့တိုက်မိရာမှစတင်ကာ ပဋိပက္ခတစ်ခု ဖြစ်ပေါ်ခဲ့ရပြီး ထိုပဋိပက္ခအတွင်း မူဆလင် ဘာသာဝင်တစ်ဦး သေဆုံး ခဲ့ကာ ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

မြို့ခံတစ်ဦး ပြောပြချက်အရ ''မတ်လတုန်းက ဥက္ကံမှာဖြစ်ရင် ဘယ်သူ့ဆိုင်၊ ဘယ်သူ့အိမ်တွေကို မီးရှို့မယ်ဆိုပြီး သတင်းထွက်ဖူးတယ်၊ အခုမီးရှို့သွားတာ အဲဒီ့သတင်းအတိုင်းပဲ၊ ကျွန်တော်တို့ကတော့ ကျွန်တော့်အသိတွေကို အိမ်မှာ ၀ှက်ပေးထားပါတယ်'' ဟု ပြောဆိုခဲ့သည်။

ဥက္ကံအဖြစ်အပျက်အတွင်း မြို့ခံမဟုတ်သူများ ပါဝင်အကြမ်းဖက်ခဲ့သည်ဟု သိရသည်။

ထို့နောက် အဘူဘာကာဘာရှာက ဆိုဗီယက်နှင့် အမေရိကန်ကဲ့ သို့ မြန်မာပြည်အား အပိုင်းပိုင်းအစစ ဖြစ်စေမည်ဟု ဆက်လက် ခြိမ်းခြောက်ခဲ့သည်။

ယခုအခါ အကြမ်းဖက်မှုများကို အားပေးထောက်ခံမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသော အကြမ်းဖက်ခေါင်းဆောင်က ဆိုဗီယက်များကို အာဖဂန်နိုင်ငံမှ မောင်းထုတ်နိုင်ခဲ့သလို မြန်မာနိုင်ငံကိုလည်း တိုက်ခိုက်ရမည်ဟု မူဂျာဟစ်ဒင်များ (မြင့်မြတ်သောစစ်ပွဲ၏ တိုက်ခိုက်သူများ) ကို တွန်းအားပေးခဲ့သည်။

ထိုကြေညာချက်အပေါ် Eleven Media Group မှ သတင်းထောက် တစ်ဦးက လုံခြုံရေး တာဝန်ယူနေရသော တပ်ဖွဲ့များထံ မေးမြန်းခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေထဲကို အကြမ်းဖက်သမားတွေက မထင်မှတ်တဲ့ အချိန်တွေမှာ ဖောက်ခွဲဖျက်ဆီးမယ်လို့ သတင်းတွေ ရရှိထားတယ်။

ဒါကြောင့် သူတို့ဝင်လာနိုင်မဲ့ နယ်စပ်ဂိတ်ပေါက်တွေ အားလုံးမှာ လုံခြုံရေးတွေကို အရင်ကထက် တိုးချထားတယ်။ တစ်နိုင်ငံလုံးမှာ လုံခြုံရေး တာဝန်ယူနေတဲ့ တာဝန်ရှိသူတွေ အကုန်လုံး အရင်ကထက် လုံခြုံရေးသတိကို ပိုထားဖို့လိုတယ်။

သူတို့တွေက စစ်စကားအရ ပြောရမယ်ဆိုရင် ခရီးရှည် ထိုးဖောက်မယ်လို့ သတင်းရရှိထားပါတယ်'' ဟု လက်ရှိဖြစ်ပေါ်နေသော သတင်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးတွင် လုံခြုံရေး ဆောင်ရွက်နေမှုအား သုံးသပ်ပြောကြားခဲ့သည်။

မူဆလင် အစွန်းရောက်များက ၂၀၀၁ အမေရိကန်နိုင်ငံအတွင်း ၉/၁၁ ဟု ခေါ်တွင်သော အကြမ်းဖက်မှုကြီး ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ပြီး ထိုအကြမ်းဖက်မှုအား ဦးဆောင်သူဖြစ်သော အိုစမာဘင်လာဒင်အား ၂၀၁၂ ခုနှစ်က အသေဖမ်းခဲ့သည်။

ကမ္ဘာပေါ်တွင် မူဆလင် အစွန်းရောက်များ၏ အကြမ်းဖက်မှုကို ကမ္ဘာအရပ်ရပ်တွင် ခံစားနေရသော်လည်း သက်ဆိုင်ရာနိုင်ငံ အစိုးရများက အကြမ်းဖက်သမားတို့အား ရှာဖွေဖော်ထုတ်နိုင်ရန် ကြိုးပမ်းအားထုတ် မှုများကို ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် အစွန်းရောက်များ ကမ္ဘာကို မလွှမ်းမိုးနိုင်သေးပေ။ မြန်မာပြည် တွင် နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့ကြသည့် မူဆလင် ဘာသာဝင်တို့သည် အစွန်းရောက်စိတ်ရှိသူများ လက်ချိုးရည်၍ ရနိုင်လောက်အောင် အလွန်နည်းပါးပြီး ၎င်းတို့အနေဖြင့် အစွန်းရောက်ပြီး အကြမ်းဖက်မှုများကို မထောက်ခံကြသလို အစွန်းရောက်များနှင့် ဆက်စပ်ပတ်သက် လိုခြင်းလည်း မရှိကြောင်း သိရသည်။

==============
News From EMG
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။