မန္တလေးမဟာမုနိ ရုပ်ရှင်တော်မြတ်ကို ရခိုင်မင်္ဂလာစည်တော်ဖြင့် တီးခတ်ပူဇော်မည်

မန္တလေးမဟာမုနိ ရုပ်ရှင်တော်မြတ်ကို ရခိုင်မင်္ဂလာစည်တော်ဖြင့် တီးခတ်ပူဇော်မည်

(နိရဉ္စရာ- ၁၄ ဖေဖေါ်ဝါရီလ ၂၁၀၄)
Mahamuni_Imageရခိုင်ပြည်မှ ပင့်ဆောင်သွားပြီး ယခုလက်ရှိ မန္တလေးမြို့တွင်ကိန်းအောင်း စံပယ်နေသော မဟာမုနိ ရုပ်ရှင်တော်မြတ်အား ရခိုင်မင်္ဂလာစည်တော်ဖြင့် လာမည့် တန်ဆောင်မုန်း လပြည့်နေ့မှ စတင်ကာ နှစ်စဉ်နှစ်တိုင်း တီးခတ် ပူဇော်သွားမည် ဖြစ်ကြောင်း The Voice သတင်းစာတွင် ယနေ့ဖေါ်ပြသည်။
စစ်တွေမြို့ရှိ စိုင်းဒြားရခိုင်မင်္ဂလာစည်တော်အဖွဲ့ကို တည်ထောင်ခဲ့သူ ဆရာ ဦးကျော်ဇံမောင်အား ကိုးကားပြီး သတင်းစာက ယင်းသို့ သတင်းဖေါ်ပြသည်။
ရခိုင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ကို မန္တလေးမြို့ရောက် ရခိုင်တိုင်းရင်းသားများ သိရှိရန်နှင့် မင်္ဂလာစည်တော်ကို ရှေးရခိုင်ဘုရင်များက ရခိုင်နက္ခတ်စုံသည့် တန်ဆောင်မုန်း လပြည့်နေ့တွင်  ဘိုးတော်ဘုရားက ရခိုင်ပြည်ကို မသိမ်းခင်ထိ  မဟာမုနိ ရုပ်ရှင်တော်မြတ်အား စည်တော်တီး ပူဇော်သည့် ဓလေ့ရှိခဲ့ကြောင်း သတင်းက ဖေါ်ပြသည်။

၎င်းဓလေ့ အစဉ်အလာများကို ပြသရန် ရည်ရွယ်ပြီး စည်တီးခတ်ပူဇော်ချိန်တွင် သရဏာဂုံသုံးပါးနှင့် ရခိုင်ဂါထာ တစ်ခုဖြစ်သော ယေဓမ္မာ အစရှိသော ဂါထာတော်များကိုလည်း အတူ ရွှတ်ဖတ် ပူဇော်မည် ဖြစ်သည့် အပြင် သင်ပုန်းဆွမ်းကပ်လှူမည့် အစီအစဉ်ကိုလည်း ထည့်သွင်းသွားမည်ဟု သိရသည်။

ယခုကဲ့သို့ မဟာမုနိ ရင်ပြင်တော်ပေါ်တွင် ရခိုင်စည်တော် တီးခတ်ပူဇော်ခွင့်ကို ဘုရားဂေါပက၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်သွားမည်ဟု ဆိုသည်။
drumယခုမန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ရခိုင်ဘုရင် စန္ဒသူရိယ မင်းလက်ထက် BC ၅၅၄ ခုနှစ်တွင် ဘုရားရှင်ကိုယ်တော်တိုင် ရခိုင်သို့ ကြွရောက်ပြီး ရင်ငွေ့တော်ဖြင့် ရတနာ (၉) ပါးကို ထည့်သွင်းကာ ဘုရားရှင် ကိုယ်စား ပြည်သူများ ဖူးမျှော် ကိုးကွယ်နိုင်ရန် သွန်းလုပ်ခဲ့သည်ဟု ရခိုင်သမိုင်းတွင် ဖေါ်ပြသည်။

အေဒီ ၁၇၈၄ ခုနှစ် (မြန်မာရခိုင် သက္ကရာဇ် ၁၁၆၄ )ခုနှစ်တွင် ရခိုင်ကို အောင်နိုင်ပြီးနောက် ဗမာဘုရင် ဘိုးတော်ဘုရားသည် မဟာမုနိ ရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သိမ်းယူ ပင့်ဆောင်သွားခဲ့ပြီး ရခိုင်ဘုရင် မဟာသမ္မတရာဇာကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။