စစ်တွေရောက် ကင်တေးနား ၀ိုင်းဝန်းဆန္ဒပြခံရ

စစ်တွေရောက် ကင်တေးနား ၀ိုင်းဝန်းဆန္ဒပြခံရ

(နိရဉ္စရာ- ၁၄ ဖေဖေါ်ဝါရီလ ၂၀၁၄)
Myanmar people against  UN Quantana
( ယနေ့ နံနက်က ကင်တေးနားအား ကန့်ကွက် ဆန္ဒပြနေကြပုံ။ (ဓါတ်ပုံ- နိရဉ္စရာ)
ယနေ့နံနက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဆိုင်းမဆင့် ဗုံးမဆင့် ရောက်ရှိလာသော မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားအား ဒေသခံ ပြည်သူ ၂၀၀ ကျော်က ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
“ ကျွန်တော်တို့ စစ်တွေထောင်ရှေ့မှာ စီတန်းပြီးတော့ ဆန္ဒပြပါတယ်။ ကင်တေးနား ရခိုင်ပြည်နယ်က ထွက်သွား၊ ဘက်လိုက်တဲ့ ကင်တေးနား အလိုမရှိဆိုပြီး ကန့်ကွက် ဆန္ဒုပြကြတာ ဖြစ်ပါတယ်” ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။
Myanmar-people against  UN Quantana
ယခုကဲ့သို့ ကင်တေးနားအား ကန့်ကွက် ဆန္ဒပြရခြင်းမှာ ကင်တေးနားသည် အမှန်တရားဘက်က မရပ်တည်ဘဲ ဘင်္ဂလီဘက်က ရပ်တည်ကာ ဘင်္ဂလီအကျိုးအတွက် ဘက်လိုက် ဆောင်ရွက်နေ၍ ဖြစ်ကြောင်း သူက ပြောသည်။
ကင်တေးနားသည် ယနေ့ နံနက် ၉ နာရီကျော်က စစ်တွေထောင်ကို ရောက်ရှိလာပြီး ထောင်အတွင်း ၀င်ရောက် စစ်ဆေးသွားသည်ဟု သိရသည်။
ထောင်က အတွက်တွင် ရခိုင်ဒေသခံ ၂၀၀ ကျော်ခန့်က ပိုစတာများကို ကိုယ်စီကိုင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။