ကွင်းဆင်းစစ်ဆေးမှုများအရ ဘင်္ဂါလီများ အသတ်ခံရသည်ဆိုသည့် သတင်းများမှာ အတည်ပြုချက်မပေးနိုင်သော သတင်းများသာဖြစ်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

Sat, 02/15/2014 - 00:13
ပြည်ပသတင်းဌာနများတွင် ဖော်ပြခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်းကျေးရွာ၌ ဘင်္ဂါလီများသတ်ဖြတ်ခံခဲ့ရသည်ဆိုသည့် သတင်းများမှာ ကွင်းဆင်းစစ်ဆေးမှုများအရ အတည်ပြုချက်မရှိသည့် သတင်းများသာဖြစ်သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးပါ ကော်မရှင်အဖွဲ့သည် ဇန်န၀ါရီ ၃၀ ရက် မှ ဖေဖော်ဝါရီ ၃ ရက်အထိ စစ်တွေ၊ မောင်တောမြို့နယ်များနှင့် ဒုချီးရားတန်းကျေးရွာ အုပ်စုများသို့ သွားရောက်ကာ ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးအချို့နှင့် တွေ့ဆုံခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ထွက်ဆိုချက်များ ရယူခြင်း၊ ရဲအရာရှိကြီးသုံးဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအပါအ၀င် တာဝန်ရှိသူများ၊ ကင်းချောင်းအုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့၊ မောင်တောရဲစခန်းတွင် စစ်ဆေးလျက်ရှိသော အချုပ်သားလေးဦးအား စစ်ဆေးမေးမြန်း၍ ထွက်ဆိုချက်များ ရယူခြင်းများ ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကော်မရှင်အဖွဲ့အနေဖြင့် ဒုချီးရားတန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဘင်္ဂါလီရွာများမှ အမျိုးသမီးများအား စစ်ဆေးမေးမြန်းခြင်းနှင့် ထွက်ဆိုချက်များရယူခြင်း၊ ဒုချီးရားတန်းကျေးရွာမှ ကျေးရွာလူကြီးများနှင့် ဘာသာရေးခေါင်းဆောင် ၂၀ ခန့်အား တွေ့ဆုံဆွေးနွေးခြင်း၊ ဒုချီးရားတန်းကျေးရွာမှ အမျိုးသမီး ၂၀၀ ကျော်အား တွေ့ဆုံကာ တိုင်ကြားချက်နှင့် ထွက်ချက်များရယူခြင်း၊ UNHCR၊ UNOCHA နှင့် MSF(Medicines Sans Frontiers) များနှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းများစိစစ်ခြင်း၊ မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားရပ်မိရပ်ဖများနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အခင်းဖြစ်ပွားသည်ဟုဆိုသော နေရာများသို့ သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
MSF အဖွဲ့အား တွေ့ဆုံဆွေးနွေးရာတွင် သေနတ်ဒဏ်ရာရရှိသူ တစ်ဦး၊ ညိုမဲဒဏ်ရာရရှိသူ လေးဦး၊ ပြတ်ရှဒဏ်ရာရရှိသူ ၁၀ ဦးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိသူ ခုနစ်ဦး စုစုပေါင်း ၂၂ ဦးကို ကုသပေးခဲ့သည်ဟု ဖြေကြားခဲ့သော်လည်း လူနာအမည်စာရင်းကိုမူ မပေးအပ်နိုင်ဟု ဖြေကြားခဲ့ကြောင်း၊ သို့သော်
ဇန်န၀ါရီ ၉ ရက်တွင် ဘင်္ဂါလီရှစ်ဦး အသတ်ခံရသည်ဆိုသည့်သတင်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးမှုများအရ ကောလာဟလသတင်းများသာ ဖြစ်နေကြောင်း၊ အဆိုပါ ရှစ်ဦးအား ခရေမြိုင်သင်္ချိုင်းတွင် မြှုပ်ထားသည်ဟုဆိုသော်လည်း အတည်ပြုနိုင်သော အထောက်အထားများ မတွေ့ရကြောင်း၊ ယင်းသတင်းအပေါ် ဒုချီးရားတန်းရွာမှ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်လည်းကောင်း၊ ဒုချီးရားတန်းရွာမှ အမျိုးသမီး ၂၀၀ ကျော်နှင့် တွေ့ဆုံရာတွင်လည်းကောင်း မည်သူကမျှ တင်ပြခြင်း၊ ထွက်ဆိုခြင်းများမရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဇန်န၀ါရီ ၁၃ ရက်က ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးခဲ့ပြီးနောက် ယင်းညတွင် တပ်နှင့်ရဲတပ်ဖွဲ့က ဒုချီးရားတန်းရွာတွင်းသို့ ၀င်ရောက်၍ ရှာဖွေစဉ် ဘင်္ဂါလီ ၄၀ ဦး အသတ်ခံရသည်ဆိုသည့် သတင်းအပေါ် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရဲအရာရှိကြီးများ၊ ရဲတပ်သားများ၊ သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုချီးရားတန်းရွာမှ ဘင်္ဂါလီရပ်မိရပ်ဖများနှင့် အမျိုးသမီးများထံမှ ထွက်ဆိုချက်များ ရယူခဲ့ရာတွင်လည်း အဆိုပါသတင်းများမှာ မှန်ကန်ကြောင်း အတည်ပြုချက်ရယူနိုင်ခြင်း မရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဘင်္ဂါလီရွာသားများ၏ ထွက်ဆိုချက်များတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သည့် ကင်းလှည့်အဖွဲ့အား ရွာသားများက အကြမ်းဖက်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာမျှ ထွက်ဆိုခဲ့ခြင်း မရှိသည်ကိုလည်း သတိပြုမိခဲ့ကြောင်း၊  ဇန်န၀ါရီ ၁၃ ရက်ညက လူပေါင်း ၁၀၀ ကျော် အသတ်ခံခဲ့ရရာတွင် အသတ်ခံရသူ ၅၂ ဦး စာရင်းကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ ပေးပို့ခဲ့သည်ဆိုသော သတင်းမှားများကိုလည်း ဖော်ပြခဲ့ပြီး အမှန်တကယ်တွင်မူ အဆိုပါစာရင်းကို ပေးအပ်ထားခြင်းမရှိကြောင်းလည်း ကော်မရှင်ထုတ်ပြန်ချက်တွင် ပါရှိသည်။

MSF အဖွဲ့အား တွေ့ဆုံဆွေးနွေးရာတွင် သေနတ်ဒဏ်ရာရရှိသူ တစ်ဦး၊ ညိုမဲဒဏ်ရာရရှိသူ လေးဦး၊ ပြတ်ရှဒဏ်ရာရရှိသူ ၁၀ ဦးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိသူ ခုနစ်ဦး စုစုပေါင်း ၂၂ ဦးကို ကုသပေးခဲ့သည်ဟု ဖြေကြားခဲ့သော်လည်း လူနာအမည်စာရင်းကိုမူ မပေးအပ်နိုင်ဟု ဖြေကြားခဲ့ကြောင်း၊ သို့သော် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြိုနယ်ကျန်းမာရေးဦးစီးမှူး၏ စစ်ဆေးဖော်ထုတ်ချက်အရ MSF ဆေးခန်းတွင် ယင်းကဲ့သို့ ဒဏ်ရာရသူများအား ကုသပေးရခြင်းမရှိကြောင်းကို အဆိုပါဆေးခန်းမှ ဆရာဝန်နှစ်ဦးက ထွက်ဆိုခဲ့သည်ဟု သိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဦးစီးသည့် ရဲတပ်သားသုံးဦးသည် ဘင်္ဂါလီအုပ်စုက၀ိုင်း၍ တိုက်ခိုက်ရန်လာသည့်အခါ အမိန့်အတိုင်း ခြောက်လှန့်ပစ်ခတ်ရန် ကြိုးပမ်းခဲ့သော်လည်း ကျည်မထွက်သဖြင့် အကြမ်းဖက်အုပ်စုအား တားဆီးနိုင်ခြင်းမရှိဘဲ ရဲတပ်ကြပ်ကြီးပျောက်ဆုံးသည်အထိ ဖြစ်သွားသည်ဟု သုံးသပ်ပြီး နောင်ယင်းကဲ့သို့ မဖြစ်ရန် လိုအပ်သည့်အရေးယူဆောင်ရွက်မှုပြုရန်လိုကြောင်း ကော်မရှင်က ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။
==========
EMG
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။