လေအားလျှပ်စစ်ထုတ်လုပ်ရန် ရခိုင်မှစီမံကိန်းနေရာ (၁၀) ခုတွင် စမ်းသပ်လေ့လာမူ ပြုလုပ်

(နိရဉ္စရာ- ၈ ဖေဖေါ်ဝါရီလ ၂၀၁၄)

လေစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ခြေ ရှိ မရှိ လေ့လာ စူးစမ်းမူ လုပ်ငန်း တခုကို ရခိုင်ပြည်နယ်မှ အလားအလာရှိသော စီမံကိန်း နေရာ (၁၀) ခုတွင် ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။
ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် မာန်အောင်မဲဆန္ဒနယ်မှ ဦးအောင်စိန်က လေအားလျှပ်စစ် တပ်ဆင်ရေးအဖွဲ့ အမှန်တကယ် လာရောက်ရန် ရှိ/မရှိနှင့် ရောက်ရှိလာပါက ရခိုင်ပြည်နယ်အား ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို  မေးမြန်းရာ  အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ဖြေကြားစဉ် ရခိုင်ပြည်နယ်မှ စီမံကိန်း နေရာ (၁၀) ခုတွင် လေ့လာစမ်းသပ်မူ ပြုလုပ်ကြောင်း ဖြေကြားသွားခဲ့သည်။
၎င်းစမ်းသပ်မူကို China Three Gorges Corporation က ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ အစိုးရသည် ၎င်းတရုတ်ကုမ္ပဏီနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ကတည်းကပင်  နားလည်မှု စာချွန်လွှာ (MoU) အား လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနားလည်မှုစာချွန်လွှာအရ အကြို စူးစမ်း တိုင်းတာမှုများကို ပြုလုပ်နေခြင်း ဖြစ်သည်။
ထိုသို့ လေ့လာစူးစမ်းမူ ပြုလုပ်ရာတွင် ရခိုင်ပြည်နယ်သာမက ချင်းပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပါဝင်သည်ဟု သိရသည်။
တိုင်းတာရရှိသော လေတိုက်နှုန်းနှင့် ပတ်ဝန်းကျင်မြေနေရာ အနေအထားအရ စီမံကိန်းများ လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်မည့် ပုံစံဒီဇိုင်း၊ တစ်နှစ်ရရှိနိုင်သော လေစွမ်းအင် ပမာဏ၊ စီးပွားရေးတွက်ခြေကိုက်မှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာချက်များ အားလုံး တွက်ချက်ပြီး အစီရင်ခံစာ တင်မည်ဖြစ်သည်ဟု ဆိုသည်။
အစီရင်ခံစာအရ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိသော နေရာများတွင် စီမံကိန်းအကောင်အထည်ဖော်  ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ၀န်ကြီးမှ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်ပြုလုပ်သော  ပြည်သူ့ လွှတ်တော်တွင် ရှင်းလင်းပြောကြားသွားခဲ့သည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။