လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဓါးပြတိုက်သူ ဘင်္ဂလီ (၅) ဦး မောင်တောတွင်ဖမ်းဆီးမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဓါးပြတိုက်သူ ဘင်္ဂလီ (၅) ဦး မောင်တောတွင်ဖမ်းဆီးမိ

(နိရဉ္စရာ- ၂၂ ဖေဖေါ်ဝါရီလ ၂၀၁၄)
Five Bangali arrested in Maungdaw
ဓါတ်ပုံ- Share Arakan News
မောင်တောမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင် ဓါးပြတိုက်နေသူများဟု ယူဆရသော အဖွဲ့ဝင် (၅) ဦးပါ ဘင်္ဂလီ အုပ်စု တစ်ခုကို တိုက်ရာပါ ရွှေထည် ပစ္စည်းများနှင့် အတူ ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မောင်တောရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

မောင်တောမြို့နယ် အတွင်း ဘင်္ဂလီ ကျေးရွာများရှိ ချမ်းသာသူ မိသားစုများအား ဘင်္ဂလီ ဓါးပြများက အချင်းချင်း ဓါးပြတိုက်မူများ ကျူးလွန်နေပြီး ထိုသို့ တိုက်ရာတွင် မြန်မာနိုင်ငံ လုံခြုံတပ်ဖွဲ့ဝင်များကို သိက္ခာကျစေရန် ရည်ရွယ်ကာ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကဲ့သို့ (အထူးသဖြင့်) ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ဟန်ဆောင်ကာ ဓါးပြတိုက်လေ့ရှိကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် ပြည်ပရှိ သူတို့အရေးကို လူပ်ရှားနေသော မီဒီယာများ၊ ဒေသအတွင်းက အိုင်အန်ဂျီအိုများမှ တဆင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို လုပ်ကြံ စွပ်စွဲလေ့ရှိကြောင်း သိရသည်။
ယခု ဖမ်းဆီးမိသော ဓါးပြ (၅) ဦးမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်(၁)နာရီအချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ဦးရှော်ဘီအူလာ (၆၂)နှစ်၊ (ဘ) နော်ဇီရာမောက်၏ နေအိမ်ကို သွားရောက်ပြီး ဓါးပြတိုက်ခဲ့သူများ ဖြစ်ကြပြီး ယမန်နေ့က ၎င်းနေအိမ်မှ ရရှိခဲ့သော ရွှေထည်ပစ္စည်းများကို မောင်တောမြို့ ပန်းထိမ်ဆိုင်တွင် လာရောက် ရောင်းချနေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖမ်းဆီး ရရှိမိခဲ့ခြင်းမှာ ဟုတ်မှတ်ကြောင်း မောင်တော ခရိုင်ရဲမှူးကြီး ဦးရွှေသန်းမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ သူတို့က မောင်တောက ပန်းထိမ်ဆိုင်မှာ မနေ့က လာရောင်းတဲ့ အခါ မသင်္ကာတဲ့ အတွက် ကျွန်တော်တို့ကို လာအကြောင်းကြားပါတယ်။ ဖမ်းဆီး စစ်ဆေး ဖော်ထုတ်တဲ့အခါ ဓါးပြတိုက်ရာကနေ ရလာတဲ့ ပစ္စည်းတွေဆိုတာကို သိရပါတယ်။ သူတို့ (၅) ဦးကလည်း ဓါးပြတိုက်တာက ကြာနေပြီ ဖြစ်တဲ့အတွက် ဘယ်သူမှ မသိနိုင်တော့ဘူးဆိုပြီး လာရောင်းကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးသူများမှာ (၁) အဒူမော်လောက် (ဘ) ဘာဆာမျှာ (၂) အာဇီဇူရာမန် (ဘ) အဒူရှုကူရ် (၃) မာမတ်အာယု (ဘ) မာမတ်ကာဆိမ်း (၄) မာမတ်အာလောင် (ဘ) ဟာဆောင်းအာလီ (၅) အေနာမ်မူလာ (ဘ) ရော်ရှိတ်ဒူလာတို့ဖြစ်ကြသည်။

“ ကျွန်တော်တို့ကလည်း အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ဦးရှော်ဘီအူလာအိမ်ကို ဓါးပြ တိုက်ထားတယ်ဆိုတာကို မသိဘူး။ အဲဒီ ဖမ်းမိတဲ့ ဓါးပြတွေက ထုတ်ဖေါ်ပြောမှ သိရတယ်။ အိမ်ရှင်ကို ခေါ်ယူစစ်ဆေးမှ သူကလည်း သူ့အိမ်ကို ဓါးပြတိုက်ခံထားရတယ်ဆိုတာကို ကျွန်တော်တို့ကို ဖွင့်ပြောတယ်။ ကျွန်တော်တို့ဆီ မတိုင်ရအောင်လည်း တိုင်တန်းတာတွေ လုပ်ရင် တစ်အိမ်သားလုံးကို သတ်ပစ်မယ်လို့ ဓါးပြတွေက ခြိမ်းခြောက်ထားတယ်လို့ ပြောတယ်။ အခု ဖမ်းမိတဲ့ ဓါးပြတွေရော၊ အိမ်ရှင်ကပါ ၀န်ခံ ပြောဆိုတဲ့ အတွက် ဒီရွှေတွေဟာ ဦးရှော်ဘီအူလာအိမ်က ဓါးပြတိုက်သွားတဲ့ ပစ္စည်းတွေဆိုတာ ဖေါ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီး ပြောဆိုသည်။

၎င်းတို့ထံမှ သိမ်းဆည်းရမိသော ရွှေထည်ပစ္စည်း (၁၆) မျိုး၊ အလေးချိန်အားဖြင့် (၈) ကျပ်ကျော်၊ တန်ဖိုးအားဖြင့် ကျပ်ငွေ သိန်း (၅၀) ကျော်ဖိုးရှိကြောင်း ရဲမှူးကြီးက ဆက်လက် ပြောဆိုသည်။
ဖမ်းဆီးမိသူများအား မောင်တောမြို့မရဲစခန်းတွင် (ပ)၂၃/၂၀၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။