ရခိုင်ဖတ်စာကိုကြိုတဲ့ ကဗျာစာအုပ်ထွက်ရှိ

ရခိုင်ဖတ်စာကိုကြိုတဲ့ ကဗျာစာအုပ်ထွက်ရှိ

(နိရဉ္စရာ- ၂၂ ဖေဖေါ်ဝါရီလ ၂၀၁၄)
poems-of-Rakhine
ရခိုင်ဖတ်စာ ထွက်ပေါ်လာခြင်းကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်  အွန်လိုင်းကဗျာဆရာများ ရေးသားသည့်  ကဗျာများကို စုပေါင်းပြီး “အရုဏ်ဦးကို ကြိုဆိုခြင်း” အမည်ဖြင့် ရခိုင်ကဗျာစာအုပ်ကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က ထုတ်ဝေလိုက်ပြီ ဖြစ်သည်။

ယင်းကဗျာစာအုပ်တွင် ကဗျာပုဒ်ရေ (၁၀၀) ကျော်ပါဝင်ပြီး ပြည်တွင်းပြည်ပရှိ ရခိုင်စာပေချစ်သူတို့က စီစဉ် ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

စာအုပ်ထုတ်ဝေရခြင်းနှင့်ပတ်သက်ပြီး စာအုပ်ဖြစ်မြောက်ရေး စီစဉ်သူ အဖွဲ့ဝင် ကဗျာဆရာကိုခိုင်ထွီးမှ လူမျိုးတစ်မျိုးဟာ စာပေမရှိဘဲနဲ့ ရေရှည်ရပ်တည်ဖို့ မလွယ်ပါဟု ပြောသည်။

“ လူမျိုးတစ်မျိုးဟာ စာပေမရှိဘဲနဲ့ ရေရှည်ရပ်တည်ဖို့ မလွယ်ပါ။ စာပေဟာ လူမျိုးတစ်မျိုးရဲ့ အသက်သွေကြော။ လူမျိုးတစ်မျိုးရဲ့ အလင်းရောင်ဖြစ်ပါတယ်။ ရခိုင်ဖတ်စာသင်ရိုး ထွက်ပေါ် လာတာကိုလည်း အရမ်း ဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ ရခိုင်ဖတ်စာကို ကြိုဆိုတဲ့အနေနဲ့ ဒီကဗျာစာအုပ်ကို ထုတ်ဝေရတာဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ကဗျာစာအုပ်တွင် စာပေရေးရာ၊ အမျိုးသားရေးနှင့် မိဘမေတ္တာဘွဲ့များသီကျူးထားသည့် ကဗျာများကို မျှတစွာ ထည့်သွင်းထားကြောင်းသိရပါသည်။ ယင်းပြင် ရခိုင်သမိုင်းနှင့်စာပေသုတေသီ ဆရာကြီးမောင်ဗသိန်းနှင့် ရခိုင်ဖတ်စာ ကော်မတီဝင် စာရေးဆရာ လေးဝတီခိုင်ကျော်တို့က အမှာစာများ ရေးပေးထားသည်။

ကဗျာစာအုပ်မှ ရရှိသော အကျိုးအမြတ်တို့ကို ဆရာကြီးမောင်ဗသိန်း ဦးစီးသော “အမင့်ပျိုးခင်း” အခလွတ် ရခိုင်စာသင်ကျောင်းသို့ လှူဒါန်းမည်ဖြစ်ပြီး  ရခိုင်ပြည်နယ်နှင့် ရန်ကုန်၊ မလေးရှား နိုင်ငံတို့တွင် အဓိက ဖြန့်ချီမည်ဖြစ်ကြောင်းသိရသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။