MSF (Holland) ထွက်သွားရန် စစ်တွေ လှုပ်ရှားသူများက ဆန္ဒပြ နှင်ထုတ်
==========
စစ်တွေ ၊ ၂၂ ဖေဖော်ဝါရီ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]
ယနေ့မွန်းလွဲ တစ်နာရီ နှင့် နှစ်နာရီကြားအချိန်တွင် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်း ပေါ်ရှိ MSF (Holland) ရုံးခန်းရှေ့တွင် တူညီဝတ်စုံဝတ်ဆင်ထားသော လူတစ်ရာခန့်က လက်ကိုင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မနက်ဖန် မွန်းလွဲ တစ်နာရီ နှင့် နှစ်နာရီကြားအချိန်တွင် ယခုကဲ့သို့ ဆက်လက် ဆန္ဒပြကြဦးမည် ဟု သိရသည်။
ထိုကဲ့သို့ ဆန္ဒပြခဲ့ကြသော MSF (Holland) ရုံးခန်းဖွင့်လှစ်ထားသော နေအိမ်ကို ပိုင်ဆိုင်သူမှာ စစ်တွေမြို့ မော်လိပ်ရပ်ကွက် ကုန်သည်လမ်း နှင့် လမ်းမကြီးထောင့်တွင် နေထိုင်သူ နေရောင်ဦးစာအုပ်ဆိုင် ပိုင်ရှင် ဦးသန်းအောင်ဖြစ်သည် ဟု သိရသည်။
ယခုတစ်ကြိမ်အပါအ၀င်ဆိုလျှင် MSF (Holland) ခေါ် AZG အား စစ်တွေမြို့သားများ ဆန္ဒပြကြသည်မှာ သုံးကြိမ်ရှိပြီဖြစ်သည်။
ယခုကဲ့သို့ဆန္ဒထုတ်ဖော်ရခြင်း နှင့် ပတ်သက်၍ ရခိုင်လူမှုကွန်ရက် (စစ်တွေ) က အောက်ပါအတိုင်း သဘောထားထုတ်ပြန်ထားသည်။
===========
MSF (AZG) သည် နှစ်ဘက်စလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာန နှင့် MoU ထိုးထားသော်လည်း ဘင်္ဂါလီလူ့အဖွဲ့အစည်းအတွက်သာ ဘက်လိုက်ဆောင်ရွက်မှုရှိနေသည်။
ယင်းကို ရခိုင်လူ့အသိုက်အ၀ိုင်းအနေဖြင့် ခွင့်လွှတ်မည်ဆိုက ခွင့်လွှတ်နိုင်သော်လည်း ယခု လတ်တလော လက်တွေ့ လုပ်ရပ်များတွင် -
၁။ ဘင်္ဂါလီတို့အား ရိုဟင်ဂျာအမည်ခံ တိုင်းရင်းသားဖြစ်လာရေး ဆောင်ရွက်မှုကို အားပေးအားမြှောက်ပြုခြင်း၊
၂။ ဘင်္ဂါလီတို့မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါသည် ဟု ကမ္ဘာ့မီဒီယာများထံ လိမ်ညာ ၀ါဒဖြန့်ခြင်း၊
၃။ နိုင်ငံတကာ အဖွဲ့အစည်းများ လာရောက်သည့်အခါ မမှန်သတင်းပေးရန်ကို ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် သင်ကြားပေးထားခြင်း၊
၎။ လုံခြုံရေးတပ်ဖွဲ့များ၏ တပ်စွဲမှု လှုပ်ရှားမှုများကို စောင့်ကြည့် သတင်းပို့ခြင်း၊
၅။ ဒုချီးရားတန်း ဖြစ်ရပ်တွင် ဘင်္ဂါလီ (၄၀) ဦး အပစ်ခံရပြီး (၂၂)ဦးကို ဆေးကုသပေးရပါသည် ဟု ကမ္ဘာ့ မီဒီယာများထံ လိမ်ညာ သတင်းပေးပို့ခဲ့ခြင်း၊ - စသည့် ခွင့်မလွှတ်နိုင်စရာ လုပ်ရပ်များကို ကျုးလွန်ခဲ့ကြောင်းတွေ့ရှိရသည်။
ထိုကိစ္စရပ်များကြောင့် MSF (AZG) သည် ရခိုငိပြည်နယ်ထဲတွင် ဆက်လက်တည်ရှိနေလျှင် ပဋိပက္ခများ ထပ်မံဖြစ်ပေါ်လာနိုင်သည့်အပြင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ကျဆင်းစေခြင်း၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေနိုင်ခြင်းတို့ကြောင့် ရခိုင် လူမှုအဖွဲ့အစည်းများက ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါသည်။
ရခိုင်လူမှုကွန်ရက် (စစ်တွေ)

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။