ပန်သုခင် (ရခိုင်ပြည်)

ပန်သုခင် (ရခိုင်ပြည်) ............. ပံသုခင် (ရခိုင်ပြည်)၏ အမည်ရင်းမှာ ဒေါ်အေးနုစိန်ဖြစ်ပါသည်။ ဦးမဲမောင်၊ ဒေါ်မြဦးတို့မှ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၌ ၁၉၅၇ - ခုနှစ်၊ မတ်လ (၂၄)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ပြီး၊ မွေးချင်း (၄) အနက် အကြီးဆုံးဖြစ်ပါသည်။ ငယ်စဉ်ကပင် စာပေဝါသနာပါသည့်အလျှောက် စစ်တွေမြို့၊ အ.ထ.က(၂) အထက်တန်းကျောင်းသူဘဝမှစ၍ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုများ စတင်ရေးသားခဲ့ပါသည်။ ၁၉၇၅ - ခုနှစ် ထုတ်ဝေသော ရခိုင်မဂ္ဂဇင်း အမှတ်(၂)တွင် ရခိုင်တော်လှန်ရေးခေါင်းဆောင် ဆရာတော် ဦးစိန္ဒာအကြောင်းနှင့် စပ်လျဉ်း၍ “ခုဒ္ဒက - အနုခုဒ္ဒက” ဆောင်း ပါးကို ပံသုခင် (ရခိုင်ပြည်) ကလောင်အမည်ဖြင့် ဖော်ပြခံခဲ့ရပါသည်။ ၁၉၇၅ ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် “ရိုးမရိပ်ခို” ကဗျာစာအုပ်ကို သူငယ်ချင်းများဖြစ်ကြသော ရက္ခ-နှင်းပြဇံ၊ စစ်တွေ-စောအေးခိုင် တိုနှင့် အတူ စစ်တွေ-မြစောခိုင် ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေခဲ့ကြပါသည်။ ရခိုင်ဘာသာ စကားသက်သက်ဖြင့်ထုတ်ဝေသော ရခိုင်ရိုးမမဂ္ဂဇင်းအမှတ်(၁)မှစတင်ကာ ရခိုင်စကားပြောဟန် ဝတ္ထုများကို ရေးသားလာခဲ့ပါသည်။ ရခိုင်သားကြီးစာပေ ဦးဦးလှမြင့်က ပံသုခင် (ရခိုင်ပြည်) ၏ ရခိုင်စကားပြော ဝတ္ထုများ စုစဉ်းမှုအဖြစ် “ရခိုင်ဝယ်ရောင်း၊ ဘားဘာ၊ လခြမ်းအယ်လဘမ်” ဆိုသော စာအုပ်ကို စာရေးသူ၏ အသက် (၅၀)ပြည့်နှစ်တွင် ထုတ်ဝေပေးခဲ့ပါသည်။ တရားလွှတ်တော်ရှေ့နေအဖြစ်လုပ်ကိုင်ပြီး အမှတ်(၁၉၈)၊ ကုန်သည်လမ်း၊ ကုန်တန်းရပ်ကွက်၊ စစ်တွေမြို့တွင် မိသားစုနှင့်အတူ နေထိုင်လျှက်ရှိပါသည်။ (စစ်တွေမြို့မှ ထုတ်ဝေသော ရခိုင်မဂ္ဂဇင်းအမှတ် ( ) မှကူးယူဖော်ပြအပ်ပါသည်) ................... ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။