မင်းပြား မင်းသိန်းဇံ (၁၉၆၁- )

မင်းပြား မင်းသိန်းဇံ (၁၉၆၁- ) .................. အမည်ရင်းမှာ မောင်သိန်းဇံဖြစ်သည်။ မင်းပြားမြို့၊ လမ္မတော်ရပ်၌ အဘဦးလှဘော်ဇံ၊ အမိ ဒေါ်မညွန့်သာတို့မှ (၂၃-၆-၁၉၆၁) ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တို့ကျောင်းသားစာစောင်တွင် “ရခိုင်စကားပုံ” အမည်ရှိ ဆောင်းပါးဖြင့် စာပေနယ်သို့ဝင်ရောက်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝတွင် ကျောင်းစာကြည့်တိုက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတာဝန်များကိုထမ်းဆောင်ခဲ့ပြီး စာကြည့်တိုက်ရံပုံငွေရရှိရေးအတွက် “တန်းမြင့်ရောင်ခြည်” အမည်ရှိ ကဗျာစာအုပ်ငယ်ကို ဦးဆောင်ထုတ်ဝေခဲ့သည်။ ၁၉၈၄ - ခုနှစ်မှစ၍ သမိုင်းဆောင်းပါးများကို ကွင်းဆင်းလေ့လာ၍ ရခိုင်ပြည်နယ်ထုတ်မဂ္ဂဇင်းအသီးသီး၌ရေးသားခဲ့ရာ အပုဒ် (၈၀)ကျော်ခဲ့ပြီဖြစ်သည်။ နက္ခတ္တရောင်ခြည်မဂ္ဂ ဇင်း၌ ဒေသန္တရအယ်ဒီတာအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၁၉၈၆ ခုနှစ်တွင် မင်းပြားမြို့နယ်မှ “အလှကမ်းခြီ သန္တာမြီ” အမည်ရှိ ရခိုင်တိတ်ခွေစီးရီးကို ဦးဆောင်ထုတ်ဝေရာ၌ ရခိုင်တေးခြင်းငါးပုဒ် ရေးစပ်ပေးခဲ့သည်။ ရေးသားပြုစုထုတ်ဝေခဲ့သည့် စာအုပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ သရီရတော်မြတ် ပါးတော်ဓာတ်သမိုင်း (၁၉၉၇) ခုနှစ် ၂။ ပေါက်တောမြို့ လိုင်ရိုးတော်ဓာတ်သမိုင်း (၂၀၀၂) ခုနှစ်၊ သုတေသီ အသျှင်စက္ကိန္ဒနှင့်တွဲ၍ ၃။ ရခိုင်စတူပါ ကျောက်စေတီငယ်များ (၂၀၀၃) ခုနှစ် ၄။ ရခိုင်သမိုင်းမှတ်တိုင်များ (၂၀၀၄) ခုနှစ် ၅။ မင်းပြားမြို့ ရွှေကျိန်းတောင်ဓာတ်သမိုင်း (၂၀၀၇) ခုနှစ် ၆။ ရခိုင်သမိုင်းအမွေအနှစ်များ (၂၀၀၈) ခုနှစ် ၇။ မင်းပြားမြို့နယ်မှ တန်းခိုးကြီးဘုရား၊ ပုထိုး၊ စေတီတော်များ (၂၀၀၉) ခုနှစ်၊ ပထမတွဲ ၈။ မင်းပြားမြို့နယ်မှ တန်းခိုးကြီးဘုရား၊ ပုထိုး၊ စေတီတော်များ (၂၀၁၀) ခုနှစ်၊ ဒုတိယတွဲ ၉။ လေးမြို့ခေတ် ရခိုင်ရှေးဟောင်းမြို့တော်များ (၂၀၁၀) ခုနှစ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ ကျိန်းရိပ်မြေမဂ္ဂဇင်းတွင် အတွင်းရေးမှူး၊ ဆောင်းပါးစာတည်းအဖြစ်ဖြင့် ၂၀၀၆ ခုနှစ်မှ ယနေ့ထိ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည်။ စာပေများကိုရေးသားရာ၌ မင်းပြားမင်းသိန်းဇံ နာမည်အပြင် မောင်မှန်းအောင် (ကျိန်းမြေ) ကလောင်ခွဲဖြင့်လည်း ရေးသားလျက်ရှိသေည်။ သမိုင်းအထူးပြုဘာသာဖြင့် B.A ဘွဲ့ကိုရရှိခဲ့သည်။ ယခုအခါ ဇနီး၊ သားသမီးတို့နှင့်အတူ မင်းပြားမြို့၊ ပြည်တော်သာရပ်ကွက်၊ အောင်သစ္စလမ်း၌နေထိုင်လျက်ရှိသည်။ (စစ်တွေမြို့မှ ထုတ်ဝေသော ရခိုင်မဂ္ဂဇင်းအမှတ် ( ) မှကူးယူဖော်ပြအပ်ပါသည်) ..................... ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။